ဘာကြောင့်လဲ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Wednesday, October 16, 2019

ဘာကြောင့်လဲ


(နွန်းနွန်းနော် ဇမ္ဗူသီဟ)
.
မြန်မာနိုင်ငံကို တရားဝင်ချစ်ကြည်ရေး ရောက်ရှိတဲ့ ကိုရီးယားသမ္မတနိုင်ငံ သမ္မတမွန် ဂျေအင်းနဲ့ ဇနီးတို့ကို ဂုဏ်ပြုအခမ်းအနားနဲ့ ကြိုဆိုတာ တီဗွီမှာ ရှုစားခဲ့စဉ်က ကိုရီးယားလူ မျိုးတစ်ဦး ပြောဆိုခဲ့ဖူးတဲ့ စကားကို ပြန်ကြား ယောင်မိပါတယ်။ သူပြောပုံက အခုမြင်နေရတဲ့ ရန်ကုန်စီးပွားရေးမြို့တော်ရဲ့ ပုံရိပ်ဟာ သူအ ထက်တန်းကျောင်းသားဘဝ လွန်ခဲ့တဲ့ အနှစ် ၄၀ က သူတို့ ကိုရီးယားနိုင်ငံရဲ့ မြို့တော်ပုံရိပ် နဲ့တူပါသတဲ့။ ဒါဆိုရင် ကျွန်မတို့နိုင်ငံက နိုင်ငံ တကာနဲ့ ယှဉ်ရင် ဖွံ့ဖြိုးတိုးတက်မှုက နှစ်ပေါင်း ၄၀ လောက် နောက်ကျကျန်နေခဲ့တဲ့သဘော ပေါ့။
.
ကိုရီးယားနိုင်ငံဟာ အာရှမှာ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုက အဆင့် ၄ ရှိပြီး၊ ကမ္ဘာမှာအ ဆင့် ၁၁ ရှိပါတယ်။ ကျွန်မတို့နိုင်ငံမှာလည်း ကိုရီးယားနိုင်ငံက ရင်းနှီးမြှုပ်နှံမှုပမာဏ အမေ ရိကန်ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံတန်ဖိုးရှိတဲ့ စီမံကိန်း ၁၇၇ ခုကို ဆောင်ရွက်နေပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဝန်းကျင်ကို ထိ ခိုက်မှု မရှိဘဲ နိုင်ငံတော်နဲ့ နိုင်ငံသားများအကျိုး ရှိစေမည့် တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ငန်း များကိုသာ နိုင်ငံတော်က ရွေးချယ်ခွင့်ပြုထား ကြောင်း သိရပါတယ်။
.
ကျွန်မတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု နောက် ကျန်ရတဲ့အကြောင်းရင်းကလည်း ၁၉၆၂ ခုနှစ် ကနေ ၁၉၉၇ ခုနှစ်အထိ ၃၅ နှစ်တိုင်တိုင် တံ ခါးပိတ် အထီးကျန်အဖြစ် နေခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ ဆိုရှယ်လစ် စီးပွားရေးစနစ် ချုပ်ငြိမ်း ပြီး စျေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲကျင့် သုံးခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်ရောက်မှာ အာဆီယံ အဖွဲ့ဝင် နိုင်ငံဖြစ်လာပါတယ်။ ပညာရေးဘက် မှာလည်း ခေတ်စနစ် ပြောင်းလဲခြင်းနဲ့အတူ အ မျိုးသားပညာရေး၊ ပြည်တော်သာ ပညာရေး၊ ဆိုရှယ်လစ်ပညာရေး၊ စစ်အစိုးရ ပညာရေး စ သဖြင့် ပုံစံအမျိုးမျိုး ပြောင်းလဲခဲ့ပါတယ်။
.


.
တစ်ချိန်က သင်တန်းကျောင်းအုပ်ဆရာမ ကြီးဆီ အလည်သွားရင်း မအားလပ်တဲ့ ဆရာ မကြီးက ပြောလိုက်တယ်။ ကျွန်မတို့ လူမျိုး တွေ ဆောက်တဲ့ အဆောက်အအုံက အသစ် ပေမယ့် ပြန်ပြီး ဟိုနေရာ ဒီနေရာလိုက်ပြင်နေရ တယ်။ လူတွေက အလုပ်လုပ်တာ စေတနာကို သိုဝှက်ထားတယ်။ ဒါကြောင့် မတိုးတက်တာ တဲ့။ ဒီနေ့တော့ ဘယ်သူတွေ ဘာဖြစ်ဖြစ်ဆိုတဲ့ ခံယူချက်မျိုးက ဟိုဘက်ခေတ်မှာ ကျန်ခဲ့ပါပြီ။ ၂၀၁၀ ပြည့်နှစ်ကစပြီး မြန်မာနိုင်ငံ အနေနဲ့ ဒီ မိုကရေစီအသွင် ကူးပြောင်းမှုကိုစပြီး အကောင် အထည်ဖော်လာပါတယ်။ ယခုအချိန်မှာ ကျွန် မတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေ စီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်ဖို့ ကြိုးပမ်းနေကြပါတယ်။
.

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအစည်းအဝေးကို ၃ ကြိမ်အထိကျင်း ပပြီးပြီ။ နိုင်ငံရေးသဘောတူညီချက် အခြေခံမှု ၅၁ ချက်လည်း ရထားပြီးပြီ။ တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)လမ်းကြောင်းကနေ ရှေ့ဆက်လျှောက် လှမ်းကြဖို့ပဲ လိုပါတယ်။ ကျွန်မတို့ နို်င်ငံတော် က ဒုံရင်းကနေ မတက်နိုင်တာ ဘာကြောင့်လဲ။
.
စက်မှုနိုင်ငံကိုလည်း ကျွန်မတို့ ချီတက်ပါ တယ်။ စက်ရုံများကို ပြည်သူ့ဘဏ္ဍာနဲ့ တည် ဆောက်ပါတယ်။ ချေးငွေနဲ့လည်း တည် ဆောက်ပါတယ်။ မျက်စိပိတ် နားပိတ်နေခဲ့ တော့ ထုတ်လုပ်သမျှ အရည်အသွေး ညံ့ပါ တယ်။ ဒီဇိုင်းလည်း ပြည်ပကို မယှဉ်နိုင်ပါ။ စျေးကွက်လည်း မရှိပါ။ ပြည်သူအတွက် အ ကျိုးဖြစ်ထွန်းမှု မရှိပါ။ နှစ်စဉ် အရှုံးပေါ်ခဲ့ပါ တယ်။
.
ဒါကြောင့်လည်း သြဂုတ်လ ၂၇ ရက်နေ့ ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့မှာ စက်မှုဝန်ကြီးဌာနက နိုင်ငံ ပိုင်စက်ရုံများကို အခြားနည်းလမ်းများဖြင့် အ သုံးပြုသွားမည့် အစီအစဉ်အဆိုကို တင်သွင်း တာ အတည်ပြုကြောင်း သိရပါတယ်။ နိုင်ငံပိုင် စက်ရုံကို ပုဂ္ဂလိကသို့ ငှားမယ်၊ အကျိုးတူ ဆောင်ရွက်မယ် စသဖြင့် စီမံဆောင်ရွက်တော့ မှာ ဖြစ်ပါတယ်။ စက်ရုံများ ပြန်ပြီးလည်ပတ်ရင် ပြည်တွင်းက လုပ်သားများကို အလုပ်အကိုင် ဖန်တီးပေးနိုင်တော့မှာ ဖြစ်ပါတယ်။
.
၁၉၆၀ ဝန်းကျင် ပုဂ္ဂလိက စက်ရုံများက ထွက်တဲ့ အထည်အလိပ်တွေက အဆင့်မီတယ်၊ စျေးကလည်း တန်တယ်၊တစ်ကိုက်နှစ်ကျပ်ခွဲ ပါ။ လေဟာပြင်ညစျေးမှာအော်ပြီး ရောင်းပါ တယ်။ စက်ရုံများကို ပြည်သူပိုင်သိမ်းပြီး လက် ရှိ အလုပ်သမားတွေကိုပဲ အစိုးရဝန်ထမ်းအ ဖြစ် ပြန်ခန့်ပါတယ်။ လူမပြောင်းပေမယ့် စိတ် ပြောင်းသွားပါတယ်။ ခိုကပ်တဲ့စိတ်ပါ။ ဘယ် သူတွေ ဘယ်လိုပဲပြောပါစေ ကျွန်မတို့နိုင်ငံ ချမ်းသာကြွယ်ဝမှ ၂၀၁၄ ယူနက်စကို အသိအ မှတ်ပြုထားတဲ့ ဟန်လင်း၊ ဗိဿနိုးနဲ့ သရေ ခေတ္တရာ စတဲ့မြို့ဟောင်း ၃ မြို့မှာ တူးဖော်ရရှိ တဲ့ နန်းတော်ရာများ၊ ရှေးအသုံးအဆောင်များ နဲ့ စေတီပုထိုးများက သက်သေပါ။ ဘယ်နိုင်ငံ မဆို ခေတ်မီလှပတဲ့ မိုးထိတိုက်တာကြီးတွေ တည်ဆောက်နိုင်ပါတယ်။ ဒါပေမဲ့ ရှေးဟောင်း ပုဂံမြို့တော်၊ မြောက်ဦးမြို့တော်တို့ကဲ့သို့ နှစ် ပရိစ္ဆေဒ ကြာမြင့်တဲ့ ယဉ်ကျေးမှု အမွေအနှစ် ကြီးများကိုတော့ ဖန်တီးတည်ဆောက်လို့ မရ နိုင်ပါ။ ဒီမြို့တော်များရဲ့ ခမ်းနားထည်ဝါမှုတွေ ကို ဒီနေ့အထိ ဂုဏ်ယူနေရဆဲပါ။ ကျွန်မတို့အ ဆင့်အတန်း မညံ့ခဲ့ပါ။
.
ကျွန်မတို့နိုင်ငံခေါင်းဆောင်ကြောင့် နိုင်ငံ တကာကလည်း မြန်မာနိုင်ငံနဲ့ နှစ်နိုင်ငံချစ် ကြည်ရင်းနှီးမှု ပူးပေါင်းပြီး ပညာရေး၊ စိုက်ပျိုး မွေးမြူရေး၊ ပို့ဆောင်ဆက်သွယ်ရေးနဲ့ ရေအ ရင်းအမြစ် အသုံးချရေးဆိုင်ရာ နည်းပညာများ အကူအညီ ပေးသွားဖို့ ကမ်းလှမ်းလာတာ လည်း တွေ့ရပါတယ်။ လောလောဆယ် မြန် မာနိုင်ငံ သစ်တောများ မီးဘေးကာကွယ်ထိန်း သိမ်းခြင်း လုပ်ငန်းအတွက် အထောက်အကူ ပြုဖို့ ကိုရီးယားနိုင်ငံ Korea Forest Service က မီးသတ်ယာဉ် ၄ စီးနဲ့ ကွန်ပျူတာ ၂၄ လုံး လှူ ဒါန်းခဲ့ပါတယ်။ သစ်တောထိန်းသိမ်းရန်လေ့ ကျင့်ပညာပေးရေး သင်တန်းများကို  စွမ်းဆောင် ရည် မြှင့်တင်ဖို့ ရည်ရွယ်ပါတယ်။ပြည်တွင်း ပြည်ပပညာရှင်များက ပူးပေါင်းဆောင်ရွက်ပေး မည့်သတင်းလည်း သိရပါတယ်။ ပညာရေးဌာ နကိုလည်း ကျောင်းကားအစီး ၆၀ လှူဒါန်းပါ တယ်။ ဒါ့အပြင် ဒေါ်လာသန်း တစ်ထောင်ကို လည်း ၀ ဒသမ ၁ ရာခိုင်နှုန်းနဲ့ နှစ် ၄၀ ချေး ငှားပေးပါတယ်။ သက်သာတဲ့ အတိုးနှုန်းပါ။
ကျွန်မတို့နိုင်ငံခေါင်းဆောင်ကြောင့် နိုင်ငံ တကာကလည်း မြန်မာနိုင်ငံနဲ့ နှစ်နိုင်ငံချစ် ကြည်ရင်းနှီးမှု ပူးပေါင်းပြီး ပညာရေး၊ စိုက်ပျိုး မွေးမြူရေး၊ ပို့ဆောင်ဆက်သွယ်ရေးနဲ့ ရေအ ရင်းအမြစ် အသုံးချရေးဆိုင်ရာ နည်းပညာများ အကူအညီ ပေးသွားဖို့ ကမ်းလှမ်းလာတာ လည်း တွေ့ရပါတယ်။ လောလောဆယ် မြန် မာနိုင်ငံ သစ်တောများ မီးဘေးကာကွယ်ထိန်း သိမ်းခြင်း လုပ်ငန်းအတွက် အထောက်အကူ ပြုဖို့ ကိုရီးယားနိုင်ငံ Korea Forest Service က မီးသတ်ယာဉ် ၄ စီးနဲ့ ကွန်ပျူတာ ၂၄ လုံး လှူ ဒါန်းခဲ့ပါတယ်။ သစ်တောထိန်းသိမ်းရန်လေ့ ကျင့်ပညာပေးရေး သင်တန်းများကို  စွမ်းဆောင် ရည် မြှင့်တင်ဖို့ ရည်ရွယ်ပါတယ်။
.
သစ်တောမီးဘေးကာကွယ်ဖို့ အထောက် အကူအဖြစ် မီးသတ်ယာဉ်လှူတာ ပြောစရာစ ကားမရှိပါ။ သြဂုတ်လအတွင်း ဘရာဇီးနိုင်ငံ ပိုင်နက်အတွင်းရှိ အမေဇုန်မိုးသစ်တောကြီး များ၊ အင်ဒိုနီးရှားနိုင်ငံ သစ်တောကြီးများတော မီးပျံ့နှံ့လောင်ကျွမ်းမှုက ထိတ်လန့်စရာပါ။  အင်ဒိုနီးရှားတောမီးလောင်ရတဲ့ အကြောင်း ရင်းက စိုက်ပျိုးမွေးမြူရေးလုပ်ဖို့ တရားမဝင် တောမီးရှို့ရာက စလောင်ပါသတဲ့။ ယခုရက် ပိုင်းပဲ ဂရိနိုင်ငံမြို့တော် အေသင်မှာလည်း တောမီးလောင်ပါတယ်။ သူတို့နိုင်ငံက နွေရာ သီကာလရောက်တိုင်း တောမီးကြောင့် နှစ်စဉ် ဆုံးရှုံးမှု ကြုံတွေ့ရပါတယ်။ တောမီးလောင်မှု ဟာ အပူလှိုင်းကြောင့်နဲ့ တောမီးရှို့မှုတို့ကြောင့် ဖြစ်ပွားလေ့ရှိပါတယ်တဲ့။ ပွင့်လင်းရာသီရောက် ပါတော့မယ်။ ဒီတောမီးကို သင်ခန်းစာယူပြီး ကျွန်မတို့ သစ်တောတွေကိုလည်း ဂရုစိုက်ကာ ကွယ်ရပါမယ်။ ကျွန်မတို့ကို တပ်လှန့်နှိုးဆော် သကဲ့သို့ပါ။
.
ဟိုခေတ်တုန်းက ရှမ်းပြည်တစ်ခွင် ခရီး သွားစဉ်က လမ်းနံဘေးမီးလောင်တာ မကြာခ ဏ မြင်တွေ့ရပါတယ်။ ခရီးသည်များ ပစ်တဲ့ ဆေးလိပ်တိုကြောင့်ပါ။ ယာဉ်စီးရင်း ခရီးသွား များကြောင့် တောမီးမလောင်ဖို့ သတိပြုရမည့် ကြော်ငြာများကို မြင်သာတဲ့နေရာတိုင်းမှာ ကြော်ငြာဆိုင်းဘုတ် စိုက်ထူထားပေးရန် လို အပ်ပါတယ်။ တောင်ပေါ်နေ ပြည်သူများက လည်း တောမီး ရှို့ပြီး တောင်ယာစိုက်ကြပါ တယ်။ နောက်တစ်နေရာ ထပ်ပြောင်းပြီး မီးရှို့ အသစ်ပြန်စိုက်ပျိုးကြတယ်။ နိုင်ငံတော်ရဲ့သစ် တောဖုံးလွှမ်းမှု ဧရိယာ ၄၂ ဒသမ ၉၂ ရာခိုင် နှုန်းထက်လျော့မသွားဖို့ တောင်ပေါ်ကျေးရွာ နေ ပြည်သူများကို သဘောပေါက်အောင် ရှင်း လင်းပညာပေးဖို့က ဥပဒေဆိုတာထက် ပိုသင့် လျှော်ပါတယ်။
.
ကျွန်မတို့နိုင်ငံက ယခုအချိန်မှာ ချေးငွေ နဲ့ လူထုဖွံ့ဖြိုးရေး စီမံကိန်းတွေကို အကောင် အထည်ဖော်နေပါတယ်။ ဟိုခေတ်တုန်းကလို မျက်နှာကျက် အမိုးကွာကျ။ ဟိုထောင့်က မိုး ယို၊ ဒီနေရာက ရေအိုင်ထွန်း ကြံ့ခိုင်မှုအားနည်း တဲ့ အဆောက်အအုံမျိုး မဖြစ်ဖို့ လိုပါတယ်။ ချေးငွေဆိုတာ အတိုးနဲ့တကွ ပြန်ဆပ်ရမှာဖြစ် ပါတယ်။ ပညာရေးလုပ်ငန်းအတွက် ကမ္ဘာ့ ဘဏ်က ဒေါ်လာသန်း (၁၀၀)ပြည်သူများရဲ့ လူမှုစီးပွားအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)က ဒေါ်လာ (၁၈၅)သန်းတို့ကို ချေးယူ သင့်ကြောင်း ပြည်ထောင်စုလွှတ်တော်မှ အ တည်ပြုပေးဖို့ လွှတ်တော်ကိုယ်စားလှယ်များ က ထောက်ခံဆွေးနွေးကြတာ ကြားသိရပါ တယ်။
.
အရာရာ အရေးတကြီး ဆောင်ရွက်ရမည့် အချိန်ကာလမှာ နောက်ကျန်နေလို့ မဖြစ်တော့ ဘူးဆိုတာ အားလုံးနားလည်နေကြပါပြီ။ ဒါ ကြောင့်လည်း နိုင်ငံတကာ တိုးတက်မှုဆုတ် ယုတ်မှုတွေကို သင်ခန်းစာရယူပြီး မိမိနိုင်ငံအ တွက် သင့်လျော်မည့် အစီအမံများကို ပညာရှင် များက အကောင်အထည်ဖော်သင့်ပါကြောင်း။

No comments:

Post a Comment

Journal Download

Photo of three cats