စုန်ရေ ဆန်ရေ လောကဓမ္မတာ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Sunday, October 27, 2019

စုန်ရေ ဆန်ရေ လောကဓမ္မတာ


ကျော်လင်းထွန်း (ချောင်းဦး)
.
"လျှိုမြောင်တောကြား
မြင့်မားသီခေါင်၊ တောင်ထိပ်ပေါ်မှ
ဖြတ်ကျော်ကျလာ၊ စိမ့်ရေစမ်းရေပမာ
ကြည်လင်အေး..... အေးမြပေတာ     "
.
ဒါ သီချင်းစာသားပါ။ သိပ်ကောင်းပြီး၊ အ ဓိပ္ပါယ်သိပ်ရှိတဲ့ သီချင်းပါ။ ကြားဖူးသူများ မှတ် မိကြမှာပါ။ "သီတာရေစင်" ဆိုတဲ့ မိဘမေတ္တာ ဘွဲ့သီချင်းပါ။ စာသားကိုပဲ ကြည့်စမ်းပါဦး စာ ဖတ်သူ။
.
"စုန်ရေ"တောင် သာမန်စုန်ရေမဟုတ်။ ဟိုး အခေါင်မြင့်ဖျား၊ တောင်ကြိုတောင်ကြားက လာတဲ့ မသိမသာပေမယ့် သိပ်ကြည်လင်လှ တဲ့ စိမ့်ရေ၊ စမ်းရေတဲ့။ တောင်ပေါ်ဒေသ လျှို ကြားမှာ စိမ့်စမ်းရေတွေ အဆက်မပြတ် စီး ဆင်းနေတာပါ။ မိဘမေတ္တာကို ခိုင်းနှိုင်းထား လိုက်တာနော်။ သိပ်လှတဲ့ စာသားပါ။ လူမသိ၊ သူမသိ စီးဆင်းနေပေမယ့်ပေါ့ အဆက်မပြတ် စီးဆင်းနေတာပါတဲ့ဗျာ။ မိုးရွာမှကျတဲ့ တောင် ကျရေ မဟုတ်ဘူးနော်။ သူ့ဘာသာသူ အလို အလျောက် စီးဆင်းနေတဲ့ အဆက်မပြတ် တစ် သွင်သွင် စီးဆင်းနေတဲ့၊ ကြည်လင်အေးမြနေ တဲ့ ဟိုး တောင်ထိပ်ကနေ စီးနေတဲ့ စိမ့်ရေစမ်း ရေနော်။ သြော် မိဘမေတ္တာဆိုတာ သားသမီး တွေအပေါ် အလိုအလျောက်၊ အဆက်မပြတ် တရစပ် ဗုန်းဗောကြီးကို ပေးနေကြတဲ့ "အနှိုင်း မဲ့ဆေး"ပါလေ။ သားသမီးတွေ သိကြသည်ဖြစ် စေ၊ မသိကြသည်ဖြစ်စေ မိဘတွေကတော့ လူ မသိ၊ သူမသိတဲ့ နေရာကနေ တစိမ့်စိမ့် စီးဆင်းလာတဲ့ စမ်းရေအေးအေး၊ ကြည်ကြည် လေးနဲ့မှ နှိုင်းပြီး ရေးဖွဲ့ခဲ့တဲ့ သီချင်းစာသား။ ဆက်ပြီး စဉ်းစုားကြည့်တော့ မိခင်(အမေ)တွေ ရဲ့ နို့ရည်ဆိုတာ သားသမီးအပေါ်ထားတဲ့ မိ ခင် မေတ္တာက ဖြူစင်လန်းလေတော့ သားမြတ် ကသွေးဟာ နို့ရည်ဖြစ်ရုံမက သားသမီးတွေ အကြိုက် ချိုမြလေသော အရသာကို ပေးစွမ်း ပါလေရဲ့။ ဒီလို မိခင်ရဲ့ နို့ရည်ကို သားသမီး တွေ ၆ လပဲ သောက်စို့ဦးတော့ သားသမီးတွေ အသက် ၄၀ ပြည့်သည်အထိ မျက်စိမမှုန်၊ သွားမကျိုး၊ ဆံပင်မဖြူ၊ ဒူးမနာပါဘူးတဲ့။ ဒါ့ ကြောင့် အသက် ၄၀ ပြည့်ပြီးနောက်ပိုင်း ဆံ ပင်တွေဖြူ၊ မျက်စိတွေ မှုန်လာတာကို "နို့သက် ကုန်ပြီ"လို့ ဆိုစမှတ်ပြုကြတာကို။ ဒူးနာ၊ ခါးနာ၊ သွားနာလာရင်လည်း "အမေ့နို့သက် ကုန်စ ပြုပြီ"လို့ ဆိုကြပါတယ်။
.


.
"လူလားမြောက်လို့ အတောင်စုံကြတော့
သံယောဇဉ် အချစ်သစ်တွေနဲ့
သံယောဇဉ် ကြိုးအသစ်တွေနဲ့
ဖေဖေကို ကျောခိုင်းသွားတော့
မေမေ သမုဒယ ဥမ္မတ္တကာကြီးရေ  "
.
ကဲ ဘယ်လောက်ကောင်းပြီး၊ ဘယ် လောက်အနှစ်သာရ ပြည့်လိုက်တဲ့ မိဘမေတ္တာ ဖွဲ့ သီချင်းစာသားနော်။ သြော်  မိဘတွေ (ဒီ သီချင်းထဲမှာတော့ အမေတွေ)နော် "သမုဒယ ဥမ္မတ္တကာကြီး"တွေပါတဲ့။ ဥမ္မတ္တကာဆိုတာ ပါဠိပုဒ်ဖြစ်ပြီး မြန်မာလို "အရူး"တဲ့။ သမုဒယ ဥမ္မတ္တကာကြီးဆိုတော့ အချစ်ရူးကြီးနော်။ တကယ်လည်း ဟုတ်ပါတယ်။ ဥမမယ် စာမ မြောက်ခင်ကဆိုလည်း မှတ်ခြင်ယင် မသန်း အောင် ပြုစုစောင့်ရှောက်ရ။ ဝါးဖတ်တော်ကစို နှစ်နဲ့ ဝါးခွံ့ကျွေးရ။ ချေးသုတ်သင် သေးသုတ် သင်နဲ့ ပိုးမွေးသလို မွေးကြရတဲ့ တကယ့်စုန် ရေရှင် မိဘနှစ်ပါးပါ။
.
ကျောင်းနေအရွယ်ကစပြီး လူလားမြောက် သည်အထိ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ် တည်နိုင်ပြီး စာတွေ့ လက်တွေ့တွေနဲ့အတူ နီ တိ၊ သုတ၊ မိတ္တ၊ လူမှုရေးကိစ္စ အဝဝကိုလည်း မိမိတို့နဲ့ တန်းတူ လက်တွဲပြီး သူငယ်ချင်း၊ ညီ အစ်ကို မောင်နှမ ပမာ သားသမီးတွေကို လူ တောထဲခေါ် လူတောတိုးစေတာ အနန္တကျေး ဇူးရှင် မိဘနှစ်ပါးရယ်ပါ။ ဘွဲ့တွေရ၊ အလုပ်တွေ ရပြီး။ အချိန်တန် အရွယ်ရောက်ဆိုတော့ ဟော မိဘတွေခမျာ အိမ်ထောင်ပေးကြဖို့ အတွေးခန်း ဝင်ကြရပါတော့တယ်။ သူ့အိမ် ထောင်နဲ့သူ၊ သူ့လမ်းသူလျှောက်တယ်ဆိုတာ မိဘရင်ခွင်က ခြေစုံပစ်ထွက်သွားတယ်ဆိုတာ သိကြပေမယ့် "မျက်ရည်ကလေး ကလယ်က လယ်နဲ့ ဆို့နင့်ကြေကွဲစွာနဲ့"သားတို့ သမီးတို့ ချစ်ချစ်ခင်ခင် နေကြနော်။ ရန်မဖြစ်ကြနဲ့နော်။ စုကြဆောင်းကြနော် ဆိုပြီး သံယောဇဉ်အသစ် ကို တွေ့လျက်နဲ့ ကြွေးမြီးသစ်တွေ ချကြမည့် သား၊ သမီး၊ ချွေးမ၊ သားမက်တို့ကို ခွင့်လွှတ်ပြုံး၊ ကရုဏာပြုံး၊ မချိုပြုံးနဲ့ အားပေးရှာကြရတာ လည်း မိဘပါပဲ။
.
(၃၈)ဖြာ မင်္ဂလာထဲက "ပုတ္တာဒါရသ သင်္ဂ ဟော"ဆိုတဲ့ မင်္ဂလာကို ပါရမီမြောက် ဖြည့် ဆည်းဆောင်ကြဉ်းကြတာ မိဘတွေရယ်ပါ။ သားသမီးတွေ အိမ်ထောင်ရက်သားကျပြီးဆို တော့ ကေဒါရကျေးမင်းပုံပြင်နဲ့ " ကြွေးမြီ ဟောင်းလည်း ဆပ်ကြဖို့၊ ကြွေးမြီသစ်ကိုလည်း ချကြဖို့" ဆုံးမလမ်းညွှန်ကြသူများကတော့ စ လယ်ဝင်အိုးနဲ့ စခဲ့ကြပြီး၊ စလယ်ဝင်အိုးနဲ့ ကျန် ခဲ့ကြရှာတဲ့ မိတွေပါပဲလေ။ အရွယ်အို အရေ တွန့်လေကြသော ရွက်ခြောက်ကြွေ၊ ရိုးတံကျဲ နဲ့ အထီးကျန် အပင်အိုကြီးပေမယ့် နားခိုချင် တဲ့ သားသမီးတွေကို အရိပ်ပေးဖို့ အားတင်း နေရှာတဲ့ မိအိုဖအိုတို့ရဲ့ "စုန်ရေ"ကို အမြဲလေး စားတန်ဖိုးထားရမှာပါ။
.
လောကရဲ့ ဓမ္မတာကလည်း တကယ် ကြီးကို ရှိနေသေးတာလား။ အထက်ကနေ အောက်ကိုစီးတဲ့ "စုန်ရေ"သာရှိပြီး အောက်က နေ အထက်ကိုတော့ဖြင့် "ဆန်ရေ"စီးတာ မရှိ စကောင်းပါတဲ့။ အများစုကတော့ မှန်တာပါပဲ လေ။ ကြွေးမြီဟောင်းကြီးတွေဆီကို ပြန်ဆပ် နိုင်ဖို့ ကြိုးစားရင်း ကြွေးမြီသစ်ကို ချကြရတာ နဲ့ပဲ ကြွေးမြီဟောင်းတွေကို မဟောင်းနိုင်တာ က များပါတယ်။ သူတို့ကိုယ်တိုင် မိဘတွေဖြစ် လာတော့ သူတို့ခမျာလည်း စုန်ရေပိုင်ရှင် လုပ် ရှာကြရပြန်ရော။ ဒီတော့ ဟိုး ကြွေးမြီဟောင်း ကြီးတွေက "သားအချစ် မြေးအနှစ်"ဖြစ်ကြရ ပြန်ပါလေရော။ အသက်ကြီးရင့်လာသူတို့ခမျာ အဖော်ရကြအောင်ဆိုတဲ့ ခေါင်းစဉ်နဲ့ မြေးထိန်း ဘဝနဲ့ မသေခင်တောင် "စုန်ရေ"ဆီးဆင်းရှာ ကြရတာပါ။
.
ဟိုးရှေးယခင်ကတည်းက အဇာတသတ် မင်းသား စူနာပေါက်တာတို့၊ သားငယ်ကို စွန် ချီလို့ သားကြီးရေနစ်တော့ မယ်ပဋာမြေလူး တာတို့ ဆိုတာ စုန်ရေသဘော ကောင်းကောင်း သိစေတဲ့ ဖြစ်ရပ်မှန် ဗုဒ္ဓဝင်ဇာတ်လမ်းတွေပါ။ အခုနောက်ပိုင်းမှာလည်း မိဘမေတ္တာဖွဲ့ စုန် ရေဇာတ်လမ်းတွေနဲ့ သားသမီးတွေရဲ့ ဆန်ရေ မဲ့ကြရတဲ့ ဖြစ်ရပ်မှန် လောကဓမ္မတာ မီးမောင်း ထိုးဇာတ်လမ်းတွေ များစွာပါ။
.
မည်သို့ပင်ဆိုစေ "ဆန်ရေ"ကို အတတ် နိုင်ဆုံး ပေါ်ပေါက်လာအောင် ကြိုးစားရင်း မိ ဘကျေးဇူးဆပ်ကြဖို့ ကြိုးစားရမှာ သားသမီး တွေအားလုံးရဲ့ တာဝန်ပါ။ အသက်အရွယ် ကြီးရင့်လာသော မိဘတွေကို ပြုစုလုပ်ကျွေး ခြင်းဆိုတာ လူနတ်တကာ ချီးကျူးတဲ့ကိစ္စရပ် တွေရယ်ပါ။ သာမန်သားသမီးတွေ မလုပ်နိုင် တဲ့ "ဆန်ရေ"ကို မိမိတို့ မိဘတွေ အသက်မ သေခင် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာအောင် ဆောင်ကြဉ်းပြုစုခြင်းအားဖြင့် သားထူးသား မြတ်၊ သမီးကောင်းသမီးမွန် ဖြစ်ကြရပါစို့။
.
မိဘကို စိတ်ချမ်းသာစေတဲ့ သားသမီး ဘယ်တော့မှ စိတ်ဆင်းရဲ ဒုက္ခမဖြစ်ကြပါ။ "မိ ဘမျက်ရည်တစ်စက်၊ သားသမီး ဆင်းရဲတစ် သက်" ဆိုသလို မိဘများကို စိတ်ချမ်းသာ အောင် မလုပ်ပေးနိုင်ရင် နေပါစေ။ မိဘကို တော့ စိတ်ဆင်းရဲအောင် မလုပ်မိကြဖို့ လိုပါ တယ်။ ယနေ့ ဤဘဝမက နောင်သံသရာအ ထိ လူတကာ ချစ်ခင်ပြီး နတ်တကာ စောင့် ရှောက်ခြင်း ခံချင်လျှင်ဖြင့် မိဘနှစ်ပါးကို စိတ် ချမ်းသာအောင်၊ မိမိကြောင့် စိတ်မဆင်းရဲကြ ရအောင်၊ မိဘနှစ်ပါး လွန်ခါက နောင်တ မရ ကြရအောင် မိမိအပါအဝင်၊ မိမိပတ်ဝန်းကျင် မှ သားသမီးများအားလုံးကို လက်တွဲဆောင် ရွက်ကြဖို့ဟာ အရေးကြီးဆုံးပါခင်ဗျား။

No comments:

Post a Comment

Journal Download

Photo of three cats