ပညာရေးနှင့် အမှိုက် - Kanbawza Tai News

Breaking

Boxed(True/False)

Wednesday, October 23, 2019

ပညာရေးနှင့် အမှိုက်


ကျော်လင်းထွန်း(ချောင်းဦး)
.
"Education is the most powerful we apon which you can use to change the world " လို့ "နယ်လ်ဆင်မန်ဒဲလား" ကပြော ခဲ့ဖူးပါတယ်။
.
"ကမ္ဘာကြီးကို ပြောင်းလဲဖို့ အသုံးပြုရမည့် အကောင်းဆုံး၊ စွမ်းအားအကောင်းဆုံးသော လက်နက်ဟာ ပညာရေးပဲ" တဲ့။
.
" Education is the weapon through which we can fight poverty ignorance and terrorism" လို့ မာလာလာကပြောဖူးပါ တယ်။
.
"အစွန်းရောက်အကြမ်းဖက်ခြင်း၊ ဥပဒေ ကိုမသိခြင်း၊ ဆင်းရဲမွဲတေခြင်းတွေကို တိုက် ဖျက်နိုင်ဖို့ အကောင်းဆုံးသောလက်နက်ဟာ ပညာရေးပဲတဲ့။
.
မြန်မာ့ရှေးပညာရှိတွေကလည်း အမျိုးမျိုး အဖုံဖုံပြောခဲ့ဖူးပါတယ်။
.
"ပညာမျက်စိ၊ မြင်မရှိ၍၊ မသိတရား၊ အ ယူမှားလျက်" တို့။
.
"ဝိဇ္ဇာသိပ္ပ၊ လူ့ကိစ္စကို၊ ငယ်ကမသင်၊ပျော် ပါးလွင်မူ၊ အကြင်သူအား၊ စကားချေတင်၊ သဘင်မပြဲ့၊ ခံတွင်းမဲ့သို့" တို့ပေါ့။
.
အားလုံးသောအဆို၊ သြဝါဒများကတော့ ပညာသင်ယူသင့်ပုံ၊ ပညာကြောင့်ဖြစ်ပေါ်လာ မည့် ဘုန်းတန်ခိုး အကျိုးကျေးဇူးများပဲ ဖြစ်ပါ တယ်။
.
"အခုခေတ်မှာ ကလေးတွေက ပညာ မသင်ကြလို့လား၊ ပညာသင်ပေးတဲ့ ပတ်ဝန်း ကျင်ကြီး မရှိလို့လား"ရှိတာပေါ့။ ကျောင်းဖွင့် ရက်ဆိုရင် အဖြူအစိမ်းလေးတွေနဲ့ ကျောင်း သွားတဲ့ကလေးတွေပေါမှပေါ။ ကိုယ်ပိုင် ကျောင်းတွေ၊ ဘော်ဒါဆောင်တွေကလည်းများ မှများပါပဲ။ ကျောင်းသားကျောင်းသူ တွေဆို တာလည်း စာတွေသင်ယူရသမျှ ကျောင်းဆင်း တာတောင်အတန်းပိုင် အချိန်ပို၊ ကျူရှင်၊ အ ချို့ကလေးများဆိုရင် ရေချိုးထမင်းစားတာ တောင် အဆောင်ရဲ့အချိန်အကန့်အသတ်နဲ့ ပင်။ တက္ကသိုလ်ဘက်ကြည့်ပြန်တော့ Day တို့ Distan တို့ဆိုရင် သူ့အချိန်ပိုင်းနဲ့သူ တကယ့် ပျားပန်းခတ်မျှပါ။ တက္ကသိုလ်ကျောင်းဝင်းထဲ ကို ကျောင်းဖွင့်ရက်သွားကြည့်ပါ။ ပျားအုံတုတ် နဲ့ထိုးထားသလို အုံခဲနေတာအားလုံးအသိ။
.
ဒီလောက်ပညာတွေသင်ယူနေကြ၊ သင် ကြားနေကြရဲ့နဲ့ ပညာရေးက ဘာလို့ပညာရေး က တိုးတက်မလာရတာလဲဆိုတာစဉ်းစားရပါ လိမ့်မယ်။
.
ပညာကိုရှေးနည်းအရ ဝိဇ္ဇာ=အသိပညာ နှင့် သိပ္ပအတတ်ပညာဟု ၂ မျိုးခွဲနိုင်၏။ ယနေ့ ခေတ်ဆွွေးနွေးပွဲစကားလုံးများအနေဖြင့် အ တတ်ပညာနဲ့ အသိပညာဆိုပြီး ခွဲခြားနိုင်ပါ တယ်။  ပထမဦးစွာ ကလေးတွေကို တတ် အောင်အရင်သင်ရမလား၊ သိအောင်အရင် သင်ရမလားပေါ့။ အတတ်ပညာအတွက် ဦး နှောက်ကို အသုံးပြုရမှာဖြစ်ပြီး၊ အသိပညာအ တွက် နှလုံးသားကို အများကြီးအသုံးပြုရမှာ ပါ။ အကောင်းဆုံးကတော့ တကယ်တတ်သိတဲ့ ကလေးတွေ၊ မျိုးဆက်သစ်တွေမွေးထုတ်ပေး နိုင်ဖို့ပါ။
.
ဖေဖော်ဝါရီလ ၃ ရက်နေ့က မြန်မာအပြည် ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနမှာ ကျင်းပ တဲ့ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားမှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ပြောခဲ့တာကို သတိရမိတယ်။ " ကျွန်မအနေနဲ့ တက္ကသိုလ်ပါမောက္ခတွေကို ဆိုလိုတာမဟုတ်ပါဘူး။ မူလတန်းကျောင်းဆ ရာ၊ ဆရာမတွေရဲ့ကဏ္ဍဟာ အင်မတန်မှ အ ရေးကြီးပါတယ်။"လို့ပြောခဲ့တာပါ။ ဒီလိုဆိုရင်  အခြေခံပညာကို အစိုးရပိုင်းကိုက အာရုံစိုက်ပြု ပြင်လာနေတာ ပိုကောင်းတဲ့လက္ခဏာပါ။
.


.
ပညာရေးဟာ သိပ်အရေးကြီးပါတယ်။ ပ ညာရေးစနစ်မူဝါဒက မကောင်းလေလေ တိုင်း ပြည်မှာ ဘဝတန်ဖိုးနည်းသူတွေများလေလေ ပါ။ အခြေခံ မကောင်းတဲ့ပညာရေးစနစ်ဟာ တိုင်းပြည်အနာဂတ်အတွက် အလွန်အန္တရာယ် များလှပါတယ်။ ဆိုပါစို့။ ကျောင်းသားကျောင်း သူတွေဟာ (C5) စီ ၅ လုံးဆိုတဲ့ သင်ယူကြရ မည့် နည်းလမ်း ၅ သွယ်ထဲက ပူးပေါင်းဆောင် ရွက်ခြင်းဆိုတာကို ပုံပြင်တွေရော၊ လောကနီ တိရော၊ ပြည်သူ့နီတိရောသာမက လက်တွေ့ လုပ်ဆောင်ချက်တစ်ခုခုနဲ့ သေချာဂနစွာစွဲမှတ် ပေးလိုက်ရင် သူ့အနာဂတ်မှာ အတ္တ၊ တစ် ကိုယ်ကောင်းဆန်စိတ် နည်းသွားမယ်ပေါ့။ နောက် (C) စီတွေဖြစ်တဲ့ Communication (ဆက်သွယ်ပြောဆိုခြင်း)၊ Critical Thinking (လေးလေးနက်နက်ဆန်းစစ်ဝေဖန်ခြင်း)၊ Cre ativity (တီထွင်ဖန်တီးခြင်း)၊ Citizenship (နိုင်ငံသားကောင်းဖြစ်ခြင်း) ဆိုတာတွေကို မူ ဝါဒစာအုပ်တွေ၊ သင်တန်းတွေနဲ့ပြီးမနေဘဲ ပ ညာရေးမှာ ပါဝင်လှုပ်ရှားနေကြတဲ့ ဆရာ၊ ဆ ရာမ၊ မိဘ၊ ကျောင်းသား အားလုံးလက်တွေ့ ကျင့်သုံးနိုင်အောင်ကြိုးစားရမှာပါ။
.

ဒီလောက်ဆို ပညာရေးစနစ်၊ ပညာရေးမူ ဝါဒနဲ့ ပညာရေးကဏ္ဍဟာ တိုင်းပြည်ရဲ့အနာ ဂတ်ဖြစ်တဲ့ အခြေခံပညာကျောင်းသား ကျောင်းသူတွေအတွက် အရေးပါလွန်းလှ တယ်ဆိုတာ သိသာနေပါပြီ။ ကျွန်တော့် ဆောင်းပါးဒုတိယပိုင်း အမှိုက်ကိုဆက်ပါဦး မယ်။
.
အတတ်ပညာအတွက် အသုံးပြုရမည့် ဦး နှောက်ထဲမှာ တန်ဖိုးမဲ့ handest game တွေ၊ ဂုဏ်တုဂုဏ်ပြိုင် အလှအပခြယ်သလိုမှုကို တွေးတောစဉ််းစားစေမည့် ဇာတ်လမ်းတွေနဲ့ နေရာဒေသတွေကို မိဘများက ထိန်ကျောင်း ပြုပြင်ပေးသင့်ပါတယ်။ တကယ်မတတ်တဲ့က လေးဟာ စာသင်ခန်းမှာ သူ့ကိုယ်သူအသုံးမ ဝင်ဘူးဆိုတဲ့ အားငယ်စိတ်ဝင်ခဲ့ရင် သူ့ခမျာအ မှိုက်ဖြစ်သွားပါမယ်။ ဒီအခါ သူဟာ ကျောင်း တွင်းလုပ်ငန်းတွေ ပါဝင် လှုပ်ရှားတယ်ဆို တာနဲ့ အားပေးဖို့ ဆရာဆရာမရဲ့ အသိအမှတ် ပြုမှုလိုပါတယ်။ ကျောင်းဆရာဆရာမက အဲဒီ ကမှတစ်ဆင့် အသိပညာကို ပြောင်းလဲပေးရ မှာပါ။ ဒါတင်မကပါဘူး မိဘအုပ်ထိန်းသူတို့ရဲ့ နွေးထွေးမှု၊ ဂရုစိုက်မှုအပြင် မှန်ကန်တဲ့ထိန်း ကျောင်းမှုလည်း အရေးတကြီးလိုအပ်ပါတယ်။ နုနယ်တဲ့ကလေးတွေအတွက် မိသားစုရဲ့ပတ် ဝန်းကျင်ဟာ အလွန်အင်မတန်ကို အရေးကြီး တာပါ။ ကလေးတွေဘဝအတွက် တန်ဖိုးရှိစေ မည့် စာအုပ်စာပေတွေ၊ သဘာဝသစ်သီးသစ် ရွက်တွေ၊ ယဉ်ကျေးလိမ္မာစေတဲ့ ဘာသာရေး လုပ်ငန်းတွေနဲ့ ယဉ်ကျေးမှုအပြောအဆိုတွေ၊ ဘိုးဘွားအမွေအနှစ်သမိုင်းနောက်ခံ ဖြစ်ရပ် ပြောဆိုရှင်းလင်းမှုတွေ လိုအပ်လှပါတယ်။ ဒီ လိုမှမဟုတ်ဘဲ အိမ်မှာကလေးတွေအတွက် ဘဝအမှိုက်တွေဖြစ်စေမည့် Table၊ handest ၊chemical  အစားအစာ၊ instand (ready made) အစားအစာ၊ မိဘကိုယ်တိုင်ရဲ့ ယဉ် ကျေးမှုကို တန်ဖိုးမထားတဲ့ ဝတ်စားနေထိုင် ပြောဆိုမှုတွေ၊ ကျတာမကောက်ပျောက်တာ မရှာတဲ့အကျင့်တွေ၊ အရာရာကို ပေါ့တန်စွာ တန်ဖိုးထားနေတာတွေနဲ့ဆိုရင် စဉ်းစားသာ ကြည့်ပါတော့။
.
အသိပညာအတွက်၊ ခံစားချက်၊ စာနာနား လည်မှု၊ ငဲ့ညှာသနားစိတ်၊ စာပေအသိ(ရသ)နဲ့ အနုပညာအတွေးတွေနဲ့ နှလုံးသားဟာ လူ တစ်ယောက်ရဲ့ ဘဝတန်ဖိုးပါ။ ဒီလိုမှမဟုတ် ဘဲ အချင်းချင်းမနာလိုဝန်တိုစိတ်တွေ၊ ကိုယ့် ဘဝနဲ့မတန်မရာ ဝတ်စားဆင်ယင်ချင်စိတ် လောဘတွေ၊ အချင်းချင်းရန်စောင်နေတဲ့ ဒေါ သမာနတွေရှိနေတဲ့ နှလုံးသားဟာ ဘဝအ တွက် အမှိုက်ပုံကြီးပါပဲ။ ကလေးတွေရဲ့နှလုံး သားကို ဒီလိုတန်ဖိုးမဲ့စေအောင် ရှေ့ဆောင် လမ်းပြနေကြတဲ့ လူကြီးတွေဟာလည်း လော ကရဲ့ အမှိုက်ပါပဲ။
.
ကျွန်တော်တို့ တိုင်းပြည်ဟာ ၂၀၁၀ နောက်ပိုင်းမှာတော့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ အတူ တိုးတက်ပြောင်းလဲလာတာ ဘယ်သူမှ ငြင်းလို့မရပါဘူး။ ဒီအချိန်မှာ သူများကိုအပြစ် တင်ဝေဖန်ပြီး ဘေးထိုင်ဘုပြောနေမည့်အစား ကိုယ်တိုင်လည်းပြုပြင်၊ ပါဝင်ပြောင်းလဲသင့်ပါ တယ်။ အားလုံးညီညီညာညာနဲ့ ဝိုင်းဝန်းလုံး ပန်းကြရင် အရှေ့တောင်အာရှအဆင့်မှာ သာ မကပါဘူး၊ အာရှအဆင့်အထိ တိုးတက်လာ တော့မှာပါ။ ဒီအတွက်လူငယ်တွေ၊ ကလေး တွေကို တကယ်သိ၊ တကယ်တတ်တဲ့ တတ် သိလိမ္မာလေးတွေဖြစ်အောင် ပညာရေးကို ဝိုင်းဝန်းတည့်မတ်ပေးရမှာပေါ့။ တကယ်တတ် သိမှန်ကန်တဲ့ လူများနှင့် ပတ်ဝန်းကျင်ကြီး၊ လူ့ အသိုင်းဝိုင်းကြီးဖန်တီးနိုင်အောင် ပညာရေးမူ ဝါဒအသစ် အဓိပ္ပာယ်ရှိဖို့လိုပါတယ်။
.
အချိန်တန်ဖိုး၊ လုပ်အားတန်ဖိုး၊ ပညာတန် ဖိုးရှိတဲ့လူတွေဟာ ဘဝတန်ဖိုးရှိကြပါတယ်။ အချိန်ဖြုန်းသူ၊ အလုပ်လက်မဲ့၊ ပညာမတတ် တွေဟာ မသိမသာဖြစ်နေတဲ့ လောကအမှိုက် တွေပါပဲ။ အတတ်ပညာသာမက အသိပညာ ပါပြည့်ဝတဲ့ တတ်သိလိမ္မာတွေက အချိန်ကို တန်ဖိုးထားပြီး၊ တန်ဖိုးရှိတဲ့ အများကောင်းကျိုး ပြု အလုပ်တွေလုပ်ကိုင်နေကြရင်း ဘဝတန်ဖိုး ပိုရှိလာပါတယ်။ ဒါ့ကြောင့် ဘဝတွေဘဝတွေ အမှိုက်မဖြစ်ကြစေဖို့ ပညာရေးကို တန်ဖိုးထား ပြုပြင်ကြပါစို့ဟု ဆန္ဒပြုပါရစေ။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)