တောင်ကြီးတန်ဆောင်တိုင် သီချင်း၏ ဖန်တီးရှင် ဟိန်းကိုနှင့် တွေ့ဆုံ မေးမြန်းခြင်း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Friday, October 18, 2019

တောင်ကြီးတန်ဆောင်တိုင် သီချင်း၏ ဖန်တီးရှင် ဟိန်းကိုနှင့် တွေ့ဆုံ မေးမြန်းခြင်း

' တန်ဆောင်တိုင် ပွဲတော်ဟာ ရှမ်းပြည်နယ်ရဲ့ အထင်ကရ ပွဲတော်၊ ရှမ်းပြည်နယ်ရဲ့ အထိမ်းအမှတ် တစ်ခုပါ။ တောင်ကြီးဆိုရင် တန်ဆောင်တိုင်နဲ့ တွဲပြီးတော့ မြင်ကြတယ်။ '
.
 စုလှိုင် တွေ့ဆုံမေးမြန်းသည်။
.
၂၀၁၉ ခုနှစ်၊ တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲကို လာမည့် နိုဝင်ဘာလ ၄ ရက်မှ ၁၂ ရက်အထိ အဝေရာ ကုန်းသာယာ မီးပုံးပျံကွင်းတွင် ကျင်း ပ ပြုလုပ် သွားမည် ဖြစ်ရာ အဆိုပါ ပွဲတော် ဖွင့်ပွဲ/ ပိတ်ပွဲ တေးသီချင်းအဖြစ် အသုံးပြုနိုင် ရန်အတွက် တေးသံရှင် ဟိန်းကို၏ တို့ရှမ်းပြည် တန်ဆောင်တိုင်ပွဲတော် တေးသီချင်းအား ရွေး ချယ်ခဲ့ပါသည်။
.
တေးသံရှင်ဟိန်းကို၏ တေးသီချင်း ရေးဖွဲ့ဖန်တီးမှု၊ ဆုရှိခဲ့သည့်အပေါ် စိတ်ခံ စားမှုများ၊ တန်ဆောင်တိုင်နှင့် ပတ်သက် ဆက်နွယ်နေသည့် အကြောင်းအရာများကို တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
.


.
ကမ္ဘောဇတိုင်း   အရင်ဆုံးအနေနဲ့ အစ်ကို့ရဲ့ နာမည်အရင်းနဲ့ နေရပ်လိပ်စာကို မိတ်ဆက် ပေးပါဦး။
ဟိန်းကို                       ကျွန်တော့်နာမည် အရင်းက လည်း ဟိန်းကိုကိုပါပဲ။ အေးသာယာမှာ နေပါ တယ်။ လူမျိုးကတော့ ရှမ်း/ဗမာပါ။
.
ကမ္ဘောဇတိုင်း   အရင်နှစ်တွေကရော အခု လို တန်ဆောင်တိုင် တေးသီချင်းပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ဖူးတာ ရှိပါသလား။
ဟိန်းကို                       မရှိပါဘူး။ ဒီနှစ် ပထမဆုံးဝင်ပြိုင် တာပါ။
.

ကမ္ဘောဇတိုင်း   တန်ဆောင်တိုင်ပွဲတော် ဖွင့် ပွဲ/ပိတ်ပွဲ တေးသီချင်းပြိုင်ပွဲကို ဝင်ပြိုင် ဖြစ်ခဲ့ပုံကို ပြောပြပါဦး။
ဟိန်းကို                       အရင်နှစ်က သီချင်းတစ်ပုဒ်ရေး တယ်၊ မပြိုင်ဖြစ်လိုက်ဘူးပေါ့။ ဒီနှစ်က အဲဒီ သီချင်းကို ဝင်ပြိုင်ပါလားလို့ သူငယ်ချင်းက တိုက်တွန်းတာပေါ့။ ကျွန်တော်က အရင်နှစ်က သီချင်းက စည်းကမ်း သတ်မှတ်ချက်တွေနဲ့ မညီတော့ အသစ်ပဲ လုပ်မယ်ဆိုပြီးတော့ စ တူဒီယိုမှာ အသံသွင်းမှ စတူဒီယိုကအစ်ကိုက မင်းဒီသီချင်းနဲ့ ပြိုင်လိုက်လို့ဆိုတာနဲ့ အတွေ့ အကြုံလည်းရတယ်ဆိုပြီး ပြိုင်ဖြစ်သွားတာပါ။
.
ကမ္ဘောဇတိုင်း   တခြား သီချင်းပြိုင်ပွဲတွေ ရော ဝင်ပြိုင်ခဲ့ဖူးပါသလား။
ဟိန်းကို                       မပြိုင်ဖူးပါဘူး။
.
ကမ္ဘောဇတိုင်း   အခုလို ပထမဆုံး ဝင်ပြိုင် တဲ့အခါမှာ တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲ/ပိတ် ပွဲသီချင်းအဖြစ် ရွေးချယ်ခံရတဲ့ ခံစားချက်လေး ပြောပြပေးပါဦး။
ဟိန်းကို                       အရမ်း ဝမ်းသာပါတယ်။ ပြီး တော့ ရင်လည်း တော်တော် ခုန်ပါတယ်။ ကျွန်တော့် ဘဝမှာ ဆု ရဖူးတာဆိုရင် ပထမဆုံးပါ။ အဲဒီ တုန်းကလည်း ရမယ်လို့ မျှော်လင့်ထားဘူး။ အဆိုတော်ကြီးတွေ ကြား မှာ ကျွန်တော်ရတာ ဆိုတော့ ကျွန်တော် ကံ ကောင်းလို့ပေါ့။ ကျွန်တော့်ထက် အများကြီး ကောင်းတဲ့ သူတွေထဲမှာမှ ကျွန်တော် ရတာ ဆိုတော့ တအားဝမ်းသာတယ်။
.
ကမ္ဘောဇတိုင်း   ဘယ် အသက်အရွယ်မှာ သီချင်းတွေ စဆို ဖြစ်ခဲ့တာပါလဲ။
ဟိန်းကို                       အသက် ၁၃/၁၄ နှစ်လောက် ကျောင်းမှာသီချင်းတွေ ဆိုတယ်။ လျှောက်ရေး လျှောက်ဆိုပေါ့။ ၁၀ တန်းဖြေပြီးတဲ့အချိန်မှာ ဂစ်တာလေးနည်းနည်း တီးတတ်တော့ ကိုယ့် သီချင်းကို ရေးတယ်၊ ဆိုတယ်။
.
ကမ္ဘောဇတိုင်း   သီချင်းတွေကို နားထောင် တဲ့အခါမှာဖြစ်စေ၊ ကိုယ်တိုင်ဖန်တီး၊ သီဆိုတဲ့ အခါဖြစ်စေ ဘယ်လို ဂီတအမျိုးအစားကို ပို နှစ်သက်ပါသလဲ။
ဟိန်းကို                       နားထောင်ရတာကတော့ Pop သီချင်း ချိုချိုအေးအေးလေးတွေကို ပိုနှစ်သက် ပါတယ်။ ကျွန်တော်ရေးထားတာလည်း ၄/၅ ပုဒ်လောက်တော့ ရှိတယ်။ တန်ဆောင်တိုင် သီချင်းမှ မဟုတ်ဘူး၊ တခြား အချစ်သီချင်းတွေ လည်း ရေးပါတယ်။ ဒီအနုပညာ လုပ်ငန်းကို Professional အနေနဲ့ လုပ်ဖို့တော့ မရှိပါဘူး။ ဝါသနာအရသာ လုပ်နေတာပါ။
.
ကမ္ဘောဇတိုင်း   အစ်ကို့အနေနဲ့ ဂီတကို ဝါ သနာပါတယ်ဆိုတော့ ကိုယ်ပိုင် တေးစီးရီးခွေ တွေ ထုတ်ဖို့ကော အစီအစဉ် ရှိပါသလား။
ဟိန်းကို                       စီးရီးက ရည်မှန်းထားပါတယ်။ အတိအကျတော့ ပြောလို့ မရသေးဘူး။ ရေး ထားတာတော့ ရှိတယ်။ Online မှာလည်း တင် ထားတာ ရှိပါတယ်။
.
ကမ္ဘောဇတိုင်း   လေးစားအားကျတဲ့ အနုပ ညာရှင်တွေရှိရင်လည်း ပြောပြပေးပါဦး။
ဟိန်းကို                       အဆိုတော်ထဲကဆိုရင် ကျွန် တော် ငယ်ငယ်လေးတည်းက Crazy ဖြစ်တာ ကိုဝိုင်ဝိုင်းပေါ့။ နောက် ကိုဝန ကြိုက်တယ်။ ကိုသာဒီးလူ ကြိုက်တယ်။
.
ကမ္ဘောဇတိုင်း   အနုပညာလောကထဲ ဝင် ရောက်တဲ့အချိန်မှာ ဘယ်လိုအခက်အခဲတွေ ရှိခဲ့ပါသလဲ။
ဟိန်းကို                       အနုပညာလောကထဲကို ဝင် ရောက်တယ်လို့တော့ မပြောချင်ပါဘူး။ ဒီအ တိုင်း ဝင်ပြိုင်ရင်း ဒီဆုကို ရသွားတော့ နေရာ တစ်ခုပေါ့။ ကျွန်တော့်ကို သူများအထင်သေး တာလည်းရှိတယ်။ လှောင်ပြောင်တာလည်းရှိ တယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ကတော့ အေး အေးဆေးဆေးပါပဲ။ စိတ်ထဲ မထားပါဘူး။
.
ကမ္ဘောဇတိုင်း   အခု လျှောက်နေတဲ့ အနုပ ညာလမ်းကြောင်းအပေါ်မှာ ကျေနပ်အားရမှု ရှိပါရဲ့လား။
ဟိန်းကို                       အားရကျေနပ်မှု မရှိပါဘူး။ ကိုယ့် ကိုယ်ကိုလည်း အားမလို အားမရ ဖြစ်တာပေါ့။ ယုံကြည်ချက် ရှိပြီလားဆိုရင် ကျွန်တော် မဖြစ် သေးဘူးဗျ။ ကျွန်တော်ကဝါသနာရှင်အဆင့် လောက်ပဲ ရှိပါသေးတယ်။
.
ကမ္ဘောဇတိုင်း   အသက်မွေးဝမ်းကျောင်း အနေနဲ့ရော ဘာတွေ လုပ်ကိုင်နေလဲရှင့်။
ဟိန်းကို                       ကျွန်တော် အေးသာယာမှာ ဆိုင်ကယ် ပစ္စည်းဆိုင် ဖွင့်ထားပါတယ်။
.
ကမ္ဘောဇတိုင်း   လူမူရေး လှုပ်ရှားမှုတွေ ရှိ ရင် ပြောပြပေးပါဦး။
ဟိန်းကို                       ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ကျွန် တော် ဦးဆောင်ပြီးတော့ ဘုရားတည်ခဲ့ပါ တယ်။  အခု ထီး တင်ပြီးသွားပြီ။ နောက် ထပ်လည်း ဘုရားတည်ဖို့ လုပ်နေပါတယ်။ ကျွန်တော်တို့ မွေးနေ့ ဆိုရင်လည်း သူ ငယ်ချင်းတွေနဲ့ ဆုံပြီး ပရဟိတကျောင်းတွေ မှာ မိဘမဲ့ ကလေးတွေကို အကျွေးအမွေး တွေ လုပ်ပါတယ်။ သီတင်းကျွတ်တို့၊ တန် ဆောင်တိုင်တို့ ဆိုရင်လည်း ပရဟိတ ကျောင်းတွေမှာ မီးပုံးပျံလေးတွေ လုပ်ပြီး တော့ ကလေးတွေနဲ့ အတူတူ လွှတ်တယ်။ အဲဒီလောက်ပဲ လုပ်ဖြစ်ပါသေးတယ်။
.
ကမ္ဘောဇတိုင်း   အစ်ကို့ရဲ့ ရည်မှန်းချက်နဲ့ ခံယူချက်လေး သိလို့ရမလားရှင့်။
ဟိန်းကို                       ကျွန်တော့် ရည်မှန်းချက်က တော့ အေးအေးချမ်းချမ်းလေး နေချင်တယ်။ ဘဝမှာ ကိုယ်လုပ်ချင်တာလေးတွေ ဖြစ်ချင် တာ လေးတွေ လုပ်မယ်။ တစ်ပါးသူကိုလည်း အကျိုး ပြုနိုင်မယ် အဲဒီလိုပေါ့။ ခံယူချက် ကတော့ စိတ်ထားကောင်းရင် ကံကောင်း မယ်။
.
ကမ္ဘောဇတိုင်း   တန်ဆောင်တိုင် ဖွင့်ပွဲပိတ် ပွဲ သီချင်းနဲ့ ပတ်သက်ပြီး တချို့ဝေဖန်ကြတဲ့ အပေါ်မှာ သဘောထားအမြင်လေး သိပါ ရစေ။
ဟိန်းကို                       လူတိုင်းကတော့ ကျွန်တော့် အ မြင် စိတ်ကူးပေါ့နော်။ လူတိုင်းက ဝေဖန်တာ ပေါ့ တစ်ယောက်နဲ့တစ်ယောက် အကြိုက်မ တူနိုင်ပါဘူး။ ကျွန်တော့်အနေနဲ့ ဘာမှတော့ ပြောစရာမရှိပါဘူး။ ဒီသီချင်းကို ရွေးချယ်တာ ကလည်း ကျွန်တော်ရွေးချယ်ခဲ့တာ မဟုတ်ပါ ဘူး။ ဒိုင် ၁၄ ယောက်ရှိတယ်၊ ဒိုင်ချုပ် ၃ ယောက် ရှိတယ်။ သူတို့ အမှတ်ပေးတာပါ။ သူတို့စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီလို့ပါ။ တ ချို့သီချင်းတွေဆိုရင် ကျွန်တော့်ထက် ကောင်း ပါတယ်။ ဝင်ပြိုင်တဲ့ ၁၁ ဦးထဲက ပထမဆန်ကာ တင် ၄ ဦးမှာ ကျွန်တော် အမှတ်အများဆုံး ဖြစ်ပါတယ်။ ဒုတိယတစ်ကျော့မှာလည်း ကျွန် တော်က အမှတ်အများဆုံးပါပဲ။ ဒါပေမဲ့ အမှတ် တူရှိနေတော့ ဒိုင်တွေအားလုံး သဘောတူညီ ချက်နဲ့ ကျွန်တော် ပထမရသွားတာပါ။ ကျွန် တော့်အနေနဲ့ကလည်း ငါအကောင်းဆုံးလို့ မခံယူထားပါဘူး။ ကံကောင်းလို့ ရသွားတယ်။ ဒိုင်တွေနှစ်သက်လို့ ရသွားတယ်လို့ပဲ ခံယူပါ တယ်။
.
ကမ္ဘောဇတိုင်း   တန်ဆောင်တိုင်ပွဲတော် ဖွင့် ပွဲ/ပိတ်ပွဲ သီချင်း ဆုရတဲ့ဆုကြေးငွေကို ဘယ် လိုအသုံးချသွားမယ်ဆိုတာ သိပါရစေ၊။
ဟိန်းကို                       ဆုကြေးငွေကို ကျွန်တော့်သီ ချင်းကို တီးခတ်ပေးခဲ့တဲ့ Player တွေကို ဂါရဝ ပြုမယ်။ ကျွန်တော်တည်ခဲ့တဲ့ ဘုရားရင်ပြင် တော်အတွက် တစ်စိတ်တစ်ဒေသ အသုံးပြု မယ်။ ပြီးတော့ ကျွန်တော့်အနုပညာနဲ့ ပတ် သက်လို့ ပထမဆုံးရလာတဲ့ ဒီငွေကြေးကို ကျွန် တော့်အမေကို ကန်တော့မယ်။ အဲဒီလိုလေး စဉ်းစားထားပါတယ်။
.
ကမ္ဘောဇတိုင်း   တန်ဆောင်တိုင် တေးသီ ချင်းပြိုင်ပွဲတွေမှာ နိုင်ငံသားစိစစ်ရေးကတ် ပြား(၁၃/) ကိုင်ဆောင်သူတွေပဲ ပြိုင်ရမယ်လို့ သတ်မှတ်ထားတဲ့အပေါ်မှာ ဘယ်လိုမြင်ပါသ လဲ။
ဟိန်းကို                       တစ်ယောက်နဲ့တစ်ယောက် အ မြင်တော့ မတူဘူးပေါ့။ ကျွန်တော့်အမြင်က တော့ ကိုယ့်မြို့ကိုယ့်ဒေသက ဒေသခံတွေကို ဦးစားပေးတယ်လို့ မြင်ပါတယ်။ ပြီးတော့ ကိုယ့်ဒေသမှာရှိတဲ့ လူငယ်လူရွယ် ဝါသနာ ရှင်လေးတွေကို သီးသန့်မြေတောင်မြှောက် ပေးတယ်လို့ မြင်မိပါတယ်။
.
ကမ္ဘောဇတိုင်း   တန်ဆောင်တိုင် ပွဲတော် ဟာ ရှမ်းပြည်နယ်ရဲ့ အထင်ကရပွဲတော်တစ်ခု ဖြစ်တဲ့အတွက် ဒေသခံတစ်ဦးအနေနဲ့ တန် ဆောင်တိုင်ပွဲတော်အပေါ် ခံစားချက်လေး ပြောပေးပါဦး။
ဟိန်းကို                       တန်ဆောင်တိုင်ပွဲတော်ဟာ ရှမ်း ပြည်နယ်ရဲ့အထင်ကရပွဲတော်၊ ရှမ်းပြည်နယ် ရဲ့ အထိမ်းအမှတ်တစ်ခုပါ။ တောင်ကြီးဆိုရင် တန်ဆောင်တိုင်နဲ့ တွဲမြင်ကြတယ်။ ကျွန်တော် တောင်ကြီးသားဖြစ်ရတာ ဂုဏ်ယူပါတယ်။
.
ကမ္ဘောဇတိုင်း   တန်ဆောင်တိုင် ပွဲတော်နဲ့ ပတ်သက်ပြီး အမှတ်တရတွေရှိရင် ပြောပြပေး ပါဦး။
ဟိန်းကို                       ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က ကျွန်တော်တို့ရပ်ကွက် မီးပုံးပျံသီချင်းစဆိုတော့ Rock သီချင်းဆိုတော့ တော်တော်ကြမ်းတယ်။ တီးတဲ့သူတွေလည်း တော်တော်ကောင်းတယ်။ ပွဲခင်းထဲ ရောက်သွားတော့ ရန်တွေဖြစ်ကြ တာ ကျွန်တော်ကိုယ်တိုင် ထွက်ပြေးခဲ့ရတယ်။ ကျွန်တော်တို့ရပ်ကွက် မီးပုံးပျံက နှစ်တိုင်း ဆု ချိတ်တယ်။ အဲဒီနှစ်မှာ ခေါင်ပေါက်သွားတယ်။ အဲဒီမှာ ဘေးနားက တစ်ယောက်က‌ပြောတာ အဲဒါ မင်းသီချင်းကြောင့်တဲ့။ ဘာဖြစ်လို့လဲဆို တော့ သီချင်းထဲ မှာ ကမ္ဘာထိထိုးဖောက်ရမယ် ဆိုတာပါတော့ ကမ္ဘာထိ မထိုးဖောက်နိုင်ဘဲ မီးပုံးပျံခေါင်ကြီး ထိုးဖောက်ပစ်ပြီတဲ့။ အဲဒါက တော့ အမှတ်တရပေါ့။
.
ကမ္ဘောဇတိုင်း   အားပေးနေတဲ့ ပရိသတ်ကို ဘာများပြောချင်ပါသေးလဲ။
ဟိန်းကို                       ကျွန်တော့်ကို အားပေးတဲ့ အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ တ ကယ်လို့ ကျွန်တော်လည်း နောင်နှစ်တွေမှာ ထပ်ပြိုင်ဖြစ်ခဲ့ရင် ဒီထက်မက ပိုပြီးကောင်းတဲ့ သီချင်းတွေ ပိုပြီးတော့ ကောင်းတဲ့အရာတွေ ဖန်တီးပြီးတော့ ပရိသတ်တွေကို တင်ဆက်ပါ ဦးမယ်။ စီးရီးထုတ်ဖြစ်ခဲ့ရင်လည်း အားပေးကြ ပါဦးလို့ ပြောချင်ပါတယ်။
.
ကမ္ဘောဇတိုင်း   အစ်ကို့အနေနဲ့ ဘာများ ဖြည့်စွက် ပြောချင်ပါသေးလဲ။
ဟိန်းကို                       အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီတန်ဆောင်တိုင်မှာ ၂၀၁၉ ရဲ့တန်ဆောင်တိုင် ဖွင့်ပွဲ/ပိတ်ပွဲ သီချင်းကို ကျွန်တော် သီဆိုခွင့် ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာဂုဏ်ယူပါ တယ်။ ဒီတန်ဆောင်တိုင်က စပြီးတော့ တောင် ပေါ်မြေပြန့်မှာရှိတဲ့ ညီအစ်ကိုတွေ တစ်နိုင် ငံလုံးမှာရှိတဲ့ လူသားတိုင်း ကိုယ်၏ကျန်းမာ ခြင်း စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေလို့ ဆု တောင်းပေးလိုက်ပါတယ်။
.
တေးသံရှင် ဟိန်းကိုသည် ရှမ်း ပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် နေထိုင်ကာ ဆိုင်ကယ် အရောင်းပစ္စည်းဆိုင်ဖွင့်လှစ်ပြီး အသက်မွေး ဝမ်းကျောင်းပြု၍ ဝါသနာပါရာ အနုပညာလမ်း ကြောင်းကို တစ်ဘက်တစ်လမ်းမှ လျှောက် လှမ်းနေသူတစ်ဦးလည်း ဖြစ်ပါသည်။

No comments:

Post a Comment

Journal Download

Photo of three cats