ကျောက်မဲမြို့နယ်တွင် မိုင်းထိသဖြင့် ဒေသခံ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာ ရ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Wednesday, October 9, 2019

ကျောက်မဲမြို့နယ်တွင် မိုင်းထိသဖြင့် ဒေသခံ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာ ရ

မင်းဇော်မင်း
.
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့၊ ပန်ဆန်ကျေးရွာအုပ်စု၊ တောင်ပို့လို့ရွာနှင့် ပန်ဆန်ရွာ ကြား လက်ဖက်ခြံတွင် အောက်တိုဘာလ ၈ ရက် နံနက်ပိုင်းက မိုင်း ပေါက်ကွဲမှုကြောင့် ခြံရှင်းနေသည့် ဒေသခံ တစ်ဦး သေဆုံးကာ၊ တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ကျောက်မဲမြို့ဇီဝိတလူမှုကူညီရေးအသင်းထံမှ သိရသည်။
.
မိုင်းထိ၍ သေဆုံးသူမှာ တောင်ပို့လိုကျေးရွာနေ အသက် ၄၆ နှစ်အရွယ် ဦးသာအေး ဖြစ်ပြီး ဒဏ်ရာ ရသူမှာ အသက် ၃၀ နှစ်အရွယ် စိုင်းပန်းစံ ဖြစ်ပြီး ယာဘက် နံစောင်းတွင် မိုင်းထိ ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.

အသင်းက ကားနဲ့ မြို့နယ်ကြက်ခြေနီအဖွဲ့တွေ သွားရောက် သယ်ဆောင်တာပါ။ မိုင်းကတော့ တိုက်မိုင်းလို့ ယူဆရတယ်ဟု ကျောက်မဲမြို့ ဇီဝိတလူမှုအသင်းမှ ဦးတင်မောင်သိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျောက်မဲမြို့ ဇီဝိတလူမှုအသင်းမှ ဦးစောမင်းကြူနှင့် ကျောက်မဲမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဦးပြည့်ဖြိုးကျော်၊ နန်းဥမ္မာလှိုင်၊ မိုင်တင်ထွန်းခိုင်တို့မှ လူနာအား တောင်ပို့လို့ကျေးရွာ ကျန်းမာရေးမှူး၏ ကုသချက်ဖြင့် လူနာကို ဖေးမကူညီ ပြုစု၍ ခေါ်ဆောင်လာခဲ့ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မိုင်းပေါက်ကွဲမှု ဖြစ်ပွားရာ နေရာသည် ကျောက်မဲမြို့၏ အနောက်မြောက်ဘက် မိုင် ၃၀ ခန့် အကွာတွင် တည်ရှိပြီး ကျောက်မဲ - ပြင်ဦးလွင်သွား ကားလမ်းမ အနီးတွင် တည်ရှိကြောင်းနှင့် ယင်းဒေသတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ သွားလာလှုပ်ရှားလေ့ရှိသော နယ်မြေ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats