ဟဲဟိုးတွင် စိတ်ကြွဆေးပြားများ ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Wednesday, October 16, 2019

ဟဲဟိုးတွင် စိတ်ကြွဆေးပြားများ ဖမ်းမိ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့တွင် အောက်တိုဘာလ ၁၆ ရက်၊ နံနက်ပိုင်း၌ မူးယစ်တပ်ဖွဲ့စု(၂၅) တောင်ကြီးနှင့် နယ်မြေရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က စိတ်ကြွဆေးပြား ၂၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.

မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီးမှ ရဲအုပ်စိုးနိုင်နှင့် ဦးစီးတပ်ဖွဲ့ဝင်များ၊ ဟဲဟိုးနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ထွန်းနိုင်ဝင်း ဦးစီးရဲတပ်ဖွဲ့ဝင်များနှင့် သက်သေများသည် ဟဲဟိုးမြို့ အရှေ့မြောက်ဘက် ၅ မိုင်ခန့်အကွာ စကားအင်းကျေးရွာအုပ်စု၊ ကျားဟုန်းတောင်ကျေးရွာမှ မမိအစ်၏ နေအိမ်အား သတင်းအရ ဝင်ရောက် ရှာဖွေရာ အိပ်ယာ ခြေရင်းထောင့်ရှိ ထရံတွင် ချိတ်ဆွဲထားသည့် လက်ဆွဲအိတ်အတွင်းမှ WY စိတ်ကြွဆေးပြား ၂၀၀၀ ပြားအား ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါနေအိမ်မှ အိမ်ရှင် နေမျိုးထွန်း(ခ)ဖိုးခွား နှင့် မမိအစ်တို့ ၂ ဦးအား ဟဲဟိုးနယ်မြေရဲစခန်းမှ (ပ)၁၁/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့် ဆောင်ရွက်နေကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats