မြန်မာ-ထိုင်း နှစ်နိုင်ငံလုံးတွင် ကျပ်ငွေနှင့် ဘတ်ငွေများ တရားဝင် အသုံးပြုခွင့် ရရှိရေးအတွက် လက်မှတ် ရေးထိုး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Wednesday, October 30, 2019

မြန်မာ-ထိုင်း နှစ်နိုင်ငံလုံးတွင် ကျပ်ငွေနှင့် ဘတ်ငွေများ တရားဝင် အသုံးပြုခွင့် ရရှိရေးအတွက် လက်မှတ် ရေးထိုး


မင်းဇော်မင်း
.
အမေရိကန်နိုင်ငံ၊ ဝါရှင်တန် မြို့တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) နှင့် ကမ္ဘာ့ဘဏ် အစည်းအဝေးတွင် မြန် မာနှင့် ထိုင်းနိုင်ငံ ဗဟိုဘဏ် ဥက္ကဌ ၂ ဦးတို့က နှစ်နိုင်ငံလုံးတွင် ဘတ်ငွေ နှင့် ကျပ်ငွေများကို တရားဝင်အသုံး ပြုခွင့် ရရှိရေးအတွက် နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေး ထိုးခဲ့ကြောင်း သိရသည်။
.
အဆိုပါ သဘောတူညီချက်အ ရ မြန်မာနိုင်ငံသုံး ကျပ်ငွေနှင့် ထိုင်း နိုင်ငံသုံး ဘတ်ငွေများကို နှစ်နိုင်ငံလုံး တွင် တရားဝင်သုံးစွဲခွင့်၊ ငွေပေးချေ ခွင့် ရရှိရေးတို့ ပါဝင်ပြီး မြန်မာနိုင်ငံ ဗဟိုဘဏ်ဥက္ကဌ ဦးကျော်ကျော် မောင်နှင့် ထိုင်းဗဟိုဘဏ်ဥက္ကဌ မစ္စ တာ ဗီရာထိုင်းဆန်သီပရာဟော့တို့ က အောက်တိုဘာလ ၁၈ ရက်တွင် လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်ဟု The Nation သတင်းစာတွင် ဖော် ပြပါရှိသည်။
.
ယင်းနားလည်မှု စာချွန်လွှာကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုး ဝင်း၏ ရှေ့မှောက်တွင် လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်ဟု ထိုင်းဗဟို ဘဏ်က ထုတ်ပြန်ထားသည်။
.
နားလည်မှု စာချွန်လွှာတွင် နှစ် နိုင်ငံလုံး၌ မြန်မာကျပ်ငွေနှင့် ထိုင်း ဘတ်ငွေ တရားဝင် အသုံးပြုရေး အ တွက် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စ ရပ်များ၊ ဘဏ္ဍာရေးကဏ္ဍ၊ ငွေပေး ချေမှု ကဏ္ဍတို့တွင် တီထွင်ဆန်း သစ်ရေးအတွက် အစီအစဉ်များ ပါ ရှိကြောင်း သိရသည်။
.

နယ်စပ်ဖြတ်ကျော် ငွေလွှဲခြင်း များ ပိုမိုထိရောက် သွက်လက်သော ကိစ္စရပ်များ ဖော်ဆောင်ရန် ရည်ရွယ် သည်ဟု ထိုင်းသတင်း တစ်ရပ်တွင် ဖော်ပြထားပြီး ထိုင်းဘတ်ငွေ မာ ကြောလာမှုကို ထိန်းချုပ်နိုင်ရန် အ တွက် ဒေသတွင်းတွင် ထိုင်းဘတ် နှင့် အခြားငွေများ သုံးစွဲမှု မြင့်တက် စေရန် ထိုင်းဗဟိုဘဏ်က လှုံ့ဆော် လျက်ရှိသည်ဟု သိရသည်။
.
ပြီးခဲ့သည့် ၂၀၁၆ ဝန်းကျင်က မြန်မာငွေကျပ် တစ်သိန်းလျှင် ထိုင်း ဘတ်ငွေ ၃ ထောင်ကျော် ရရှိခဲ့သော် လည်း လတ်တလောတွင် ထိုင်းဘတ် ငွေ ၂ ထောင်ဘတ် အောက်သို့ ရောက်ရှိ လဲလှယ်နေရသည့် အ တွက် စီးပွားရေးများ တုံ့ဆိုင်းကာ အရောင်းအဝယ်များ ထိုင်းမှိုင်း နေ ကြရသည်ဟု မယ်ဆိုင်ကုန်သည် ကြီးများ အသင်းထံမှ သိရသည်။
.
ထို့အတူ မြန်မာဘက်မှ ကျပ်ငွေ ရရှိပြီး ဘတ်ငွေဖြင့် သုံးစွဲနေရသည့် ဝန်ထမ်းနှင့် စီးပွားရေး လုပ်ငန်းရှင်များအတွက် စီးပွားရေးအကြပ်အ တည်း ဖြစ်နေကြရသည်ဟု သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats