ဟိုတယ် စားသောက် ခန်းမများတွင် အစားအသောက် ရောင်းချခြင်း မပြုရန် ညွှန်ကြားစာ ထုတ်ပြန်မှုအား ပြန်လည် ပယ်ဖျက် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Wednesday, October 16, 2019

ဟိုတယ် စားသောက် ခန်းမများတွင် အစားအသောက် ရောင်းချခြင်း မပြုရန် ညွှန်ကြားစာ ထုတ်ပြန်မှုအား ပြန်လည် ပယ်ဖျက်

စုလှိုင်
.
ရှမ်းပြည်နယ် အတွင်းရှိ ဟိုတယ်များ၏ စားသောက် ခန်းမများတွင် အများပြည်သူအား အစားအသောက် ရောင်းချခြင်း မပြုရန် တောင်ကြီးမြို့ ရှိ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားစာ ထုတ်ပြန်ခဲ့ ပြီးနောက် ၁၀ ရက်ခန့် အကြာတွင် ယင်း အကြောင်းကြားစာအား ပယ်ဖျက်ကြောင်း ပြန်လည် စာထုတ် အကြောင်းကြားခဲ့သည်ဟု သိရသည်။
.
ရှမ်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီ (၃/ ၂၀၁၉) အစည်းအဝေး ဆုံးဖြတ်ချက် အရ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ လုပ်ငန်းလိုင်စင် ရယူ ဆောင်ရွက်နေသော ဟိုတယ်များ အနေဖြင့် တည်းခိုးနေထိုင်သော ဧည့်သည်များကိုသာ အစားအ သောက် ရောင်းချခြင်း ဝန်ဆောင်မှု ပေးရန်နှင့် အများပြည်သူသို့ ရောင်း ချခြင်း မပြုရန်၊ ရောင်းချဝန်ဆောင်မှု ပြုမည်ဆိုပါက စည်ပင်သာယာ ရေးဌာနတွင် စားသောက်ဆိုင်လုပ် ငန်းလိုင်စင် ရယူဆောင်ရွက်ရန် ဟို တယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီး ဌာန တောင်ကြီးရုံးခွဲက စက်တင် ဘာလ ၂၇ ရက်တွင် စာထုတ်ညွှန် ကြားခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလ ၈ ရက်တွင် ယင်းညွှန်ကြားစာ အား ပယ်ဖျက်ကြောင်း ပြန်လည် အ ကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
.
ပိတ်တာ မဟုတ်ပါဘူး၊ အယူအဆ မှားတာပါ။ ဟိုတယ်မှာ တည်းခိုမယ်ဆိုရင် စားသောက်ခန်းမတွေ ပါပြီးသားပဲ။ ဧည့်သည်တွေကို ဝန်ဆောင်မှုပေးတာ ရှိပြီးသားပါ။ ဟို တယ်မှာပဲဆိုရင် စားသောက်ဆိုင် လိုင်စင် ယူစရာမလိုဘူး။ တကယ်လို့ အပြင်ကို ရောင်းချမယ်ဆိုရင် စည် ပင်သာယာဌာနရဲ့ သတ်မှတ်ထားတဲ့ စားသောက်ဆိုင်လိုင်စင် ယူရမယ် ဆိုတာကို ပြောချင်တာပါဟု ဟို တယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီး ဌာန၊ တောင်ကြီးရုံးခွဲမှ ဒေါ်နန်းမြင့် က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

အဆိုပါ အကြောင်းကြားစာများ နှင့် ပတ်သက်၍ လားရှိုးမြို့ပေါ်ရှိ ဟိုတယ်တစ်ခုတွင် မန်နေဂျာအဖြစ် တာဝန်ယူ ဆောင်ရွက်နေသူတစ်ဦးက အရင်ကတော့ ဒီလို ပိတ်တာ မရှိပါ ဘူး။ တချို့ကျတော့ အပြင်ဧည့်သည် တွေကို ဟိုတယ်မှာ အစားအ သောက် ရောင်းချတာမျိုး ရှိတယ်။ ဟိုတယ်တွေဘက်က ကြည့်ရင် လည်း ဒါက ဝင်ငွေရ လမ်းတစ်မျိုး ပဲဆိုတော့ ဟိုတယ်အတွက် တစ် ဘက်တစ်လမ်းကနေ အထောက်အ ကူပြုပါတယ်။ အခုလို အမျိုးမျိုး ညွှန်ကြားနေတာကတော့ ဟိုတယ် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ဟို တယ်များ ရေရှည် ရပ်တည်နိုင်ရေး ကို အနှောင့်အယှက် အဟန့်အတား ဖြစ်စေပါတယ်ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရှမ်းတောင်ဇုန်တွင် ဟိုတယ်၊ မို တယ်၊ အင်း စုစုပေါင်း ၂၁၉ လုံး၊ ရှမ်းမြောက်ဇုန်တွင် ၅၇ လုံးနှင့် ရှမ်းရှေ့ဇုန်တွင် ၅၈ လုံး ရှိနေပြီး ရှမ်းပြည်နယ်၏ မြို့တော်တောင်ကြီး မြို့တွင် ဟိုတယ်၊ မိုတယ်၊ အင်း စုစုပေါင်း ၄၀ လုံး ရှိကြောင်း သိရ သည်။ တောင်ကြီး မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၈ ခုနှစ် ဒေသဆိုင်ရာ အချက်အလက် များအရ တောင်ကြီးမြို့နယ်အတွင်း ဟိုတယ် ၄၂ လုံး၊ မိုတယ် ၃ လုံးနှင့် တည်းခိုရိပ်သာ စုစုပေါင်း ၆၀ ရှိ ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats