တစ်ပတ်တာ ကံကြမ္မာ - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Thursday, October 3, 2019

တစ်ပတ်တာ ကံကြမ္မာ

ဆရာ ယဉ်မင်းအောင်
.
တနင်္ဂနွေ
.
ငွေကိစ္စ စကားများမည်။ အလုပ်အကိုင်သစ်များ ပေါ်ပေါက်လာတော့မည်။ ခက်ခဲသော အနေအထား မှ လွတ်မြောက်ပါမည်။ မော်တော်ကားကိစ္စ ဆောင်ရွက်ရမည်။ ငွေကြေးကိစ္စ ဝင်ငွေကောင်းလာသဖြင့် စိတ်ချမ်းသာလာမည်။ အဝေးမှ သတင်းကောင်း ကြားသိရလိမ့်မည်။ သားသမီးအတွက် ငွေကုန်လိမ့်မည်။ ကုန်သည်များ အရောင်းအဝယ် သွက်လာလိမ့်မည်။ ဝန်ထမ်းများ အလုပ်ကိစ္စ တာဝန်အသစ် ပေးခံရမည်။ ခရီးသွားရမည်။ ပွဲစားများမှာ အပေါင်အသေးစားဖြစ်ပြီး ပွဲခနည်းနည်းရမည်။ ငယ်သူများ အချစ်ရေးကိစ္စ တွင် ချစ်သူနဲ့ အဆင်ပြေမည်။ စိတ်ပျော်ရွှင်ရမည်။ ကျန်းမာရေးတွင် ဗိုက်နာခြင်း၊ ဝမ်းပျက်ခြင်း ကြုံပါမည်။ ကံကောင်းစေသော ဂဏန်းမှာ (၂/၆/၉) ဖြစ်သည်။
ယတြာ။            တံခွန်တစ်လက်ကို စေတီတွင် လှူပါ။
.
တနင်္လာ
.
ဖုန်းအသစ် ဝင်ခြင်း၊ ပြင်ခြင်း ကြုံမည်။ မြုပ်နေသောပစ္စည်း အရောင်းထွက်မည်။ ရွှေလက်ဝတ်ရတနာ များ ပြန်လည်ရောင်းထွက်လိမ့်မည်။ အိမ်အတွင်း ပြုပြင်ရခြင်း ကြုံလိမ့်မည်။ စီးပွားရေး လုပ်ငန်းများတွင် ပြောင်းလဲလုပ်ကိုင်ရန်၊ တိုးချဲ့ရန် ကြုံမည်။ ကွဲကွာနေသော မိတ်ဆွေပြန်တွေ့ဆုံရလိမ့်မည်။ အစားကောင်း စားရမည်။ လက်ဆောင်ရမည်။ ကုန်သည်များ အလုပ်ရှုပ်ထွေးမည်။ မအားမလပ် ဖြစ်နေမည်။ ဝန်ထမ်း များ ကြီးသူငြိုငြင်ခံရလိမ့်မည်။ ပွဲစားများ အလုပ်ရပ်တန့်နေပြီး လူမအား ငွေမရဖြစ်နေမည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူက အထင်လွဲ စိတ်ကောက်နေလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် ဆီးပူ၊ ဆီးအောင့် မည်။ ကံကောင်းစေသော ဂဏန်းများမှာ (၁/၃/၆)ဖြစ်သည်။
ယတြာ။            ငချိပ်ပေါင်းကို ဘုရားမှာလှူပါ။
.
အင်္ဂါ
.
ငွေ များများ ရုတ်တရက်မြတ်မည်။ ဝင်လာတတ်ပါသည်။ စာချုပ်ပြုလုပ်ရကံရှိသည်။ ငွေကိစ္စဆောင် ရမည်။ ဘဏ်ရောက်လိမ့်မည်။ စိတ်ကူးအကြံအစည်သစ်များ ပေါ်ပေါက်လိမ့်မည်။ ခရီးတို သွားလာရမည်။ အိမ်သို့ စက်ပစ္စည်းအသစ်အဆန်း ဝင်လာမည်။ လုပ်ငန်းကိစ္စများတွင် အလုပ်ရှုပ်ထွေးနေပါလိမ့်မည်။ ကုန် သည်များ ကုန်ပစ္စည်း အဝယ်ထွက်ရမည်။ လုပ်ငန်းတိုးချဲ့လိမ့်မည်။ ဝန်ထမ်းများ ကောင်းသောသတင်း ကြားသိရလိမ့်မည်။ ပွဲစားများ ငွေကိစ္စအငြင်းပွားကြလိမ့်မည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူကြောင့် စိတ်နည်းနည်းညစ်ရလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် ခါးနာမည်။ ဒူးနာမည်။ ကံကောင်းစေသော ဂဏန်းမှာ (၃/၅/၈)ဖြစ်သည်။
ယတြာ။            သံဃာတော်ကို ဆေးဝါးလှူပါ။
.

ဗုဒ္ဓဟူး
.
အလုပ်ကောင်း ပေါ်ပေါက်မည်။ ထူးခြားသော သတင်းစကား ကြားသိရမည်။ စိတ်နည်းနည်းရှုပ်ထွေး နေသော်လည်း ကျော်လွန်သွားပါမည်။ အလှူပွဲများ၊ ဘုရားပွဲများ သွားရောက်ရမည်။ လူယုံများ သတိထား မိမိကို လှည့်စားလိမ့်မည်။ ရွှေပြန်ထွက်တတ်သည်။ အရေးကြီးသော စာရွက်စာတမ်းများ ပျောက်နေသဖြင့် စိတ်ညစ်ရမည်။ ကုန်သည်များ ပစ္စည်းအသစ် တင်ရမည်။ ဝန်ထမ်းများမှာ ခွင့်ယူခြင်း ခရီးသွားခြင်း ကြုံပါ မည်။ ပွဲစားများ အိမ်မြေအရောင်းတည့်လိမ့်မည်။ ငယ်သူများ ချစ်သူနှင့် အလည်သွားရမည်။ ကျန်းမာရေး တွင် အသက်ရှူမဝခြင်း၊ အဆုတ်အအေးမိခြင်း ဖြစ်တတ်ပါသည်။ ကံကောင်းစေသော ဂဏန်းမှာ (၃/၄/၇) ဖြစ်သည်။
ယတြာ။            စေတီမှာ သစ်သီးလှူပါ။
.
ကြာသပတေး
.
ကိစ္စဟောင်းများ ရှင်းလင်းရမည်။ ပျောက်ဆုံးနေသော ပစ္စည်းပြန်တွေ့မည်။ ဆွေမျိုးဟောင်းများနဲ့ ပြန်ဆုံပါမည်။ ပွဲတော်တစ်ခုခု သွားလာရမည်။ သူခိုးဘေး သတိထားပါ အခိုးခံရမည်။ ဆိုင်ကယ်ပိုပြီး သတိပြုပါ။ အလုပ်ရှုပ်ထွေးပြီး မအားမလပ် ဖြစ်နေလိမ့်မည်။ စီးပွားရေးအသင့်သင့် အဆင်ပြေလာမည်။ ကုန်သည်များ အရောင်းအဝယ် ကောင်းနေသော်လည်း ကြွေးကျန်တောင်းရခက်ခဲနေမည်။ ဝန်ထမ်းများ အတိုက်အခံ ကြုံတတ်ပါသည်။ ပွဲစားများ အငြင်းပွားမည်။ ငွေကိစ္စရှင်းလင်းရမည်။ နေအိမ်သို့ မီးဖိုသုံးပစ္စည်း ဝင်မည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူနဲ့ အဆင်မပြေဖြစ်မည်။ စိတ်ကောက်မည်။ ကျန်းမာရေးတွင် အစာမကြေ လေနာခြင်း ကြုံမည်။ ကံကောင်းစေသော ဂဏန်းမှာ (၄/၆/၉)ဖြစ်သည်။
ယတြာ။            သံဃာတော်ကို အကြော်လှူပါ။
.
သောကြာ
.
မိတ်ဆွေကောင်း တွေ့မည်။ စီးပွားရေးကိစ္စတွင် ငွေကြေးပွပေါက်တိုးမည်။ ရုတ်တရက် သိန်းများများ မြတ်စရာ ပေါ်လာမည်။ ကားအသစ် လဲလှယ်ရမည်။ ကားပြင်ရမည်။ ကားရောင်းချရမည်။ သူတစ်ပါးကိစ္စ ဝင်ရှင်းလင်းရမည်။ စက်ပစ္စည်း ပျက်စီးလိမ့်မည်။ အသုံးအဆောင်ကောင်း ဝင်မည်။ အတိုက်အခံနည်းနည်း တွေ့ပါမည်။ ကုန်သည်များ အရောင်းအဝယ် အထူးကောင်းမွန်လာမည်။ တပည့်များ စကားများလိမ့်မည်။ ဝန်ထမ်းများ အလုပ်ပိနေမည်။ မအားမလပ်ဖြစ်နေမည်။ ပွဲစားများ ဘာမှမထူးခြားသော ကာလဖြစ်မည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူနှင့် ပြန်လည်ဆုံတွေ့ရလိမ့်မည်။ ကျန်းမာရေးတွင် နားအူခြင်း၊ နား နာခြင်း ကြုံတတ်ပါသည်။ ကံကောင်းစေသော ဂဏန်းမှာ (ဝ/၁/၈)ဖြစ်သည်။
ယတြာ။            စေတီမှာ သစ်သီးလှူပါ။
.
စနေ
.
အမွေကိစ္စ ရှင်းလင်းရလိမ့်မည်။ ပျောက်နေသောပစ္စည်း ပြန်တွေ့မည်။ အထက်တန်းကျသော အ သုံးအဆောင်များ ဝင်လာမည်။ မိတ်ဆွေထံမှ အကူအညီရလိမ့်မည်။ မရောက်ဖူးသောနေရာတစ်ခုသို့ သွားလာရမည်။ စိတ်ညစ်စရာများ ကျန်နေသေးသော်လည်း အလုပ်အကိုင် ကောင်းမွန်လာပါမည်။ ငယ် သူများအတွက် ငွေအထွက်များမည်။ ဇုန်းလည်းပျောက်တတ်သည်။ ကုန်သည်များ ငွေကိစ္စစကားများမည်။ ဝန်ထမ်းများမှာ အောက်လူနှင့် သဘောကွဲကြလိမ့်မည်။ ပွဲစားများ အလုပ်အသေးစား ဖြစ်ကြလိမ့်မည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူပေးသော လက်ဆောင်ရမည်။ စားသောက်ဆိုင် အတူသွားရမည်။ ကျန်း မာရေးတွင် မူးဝေမည်။ ခေါင်းကိုက်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၂/၅/၆)ဖြစ်ပါသည်။
ယတြာ။            ဘုရားမှာ ဆွမ်း+ဟင်း လှူပါ။

No comments:

Post a Comment

Journal Download

Photo of three cats