အိမ်အကူ မိန်းကလေးအား အက်ဆစ်ဖြင့်လောင်းသူ အမျိုးသမီး ၂ ဦးကို အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ် စီချမှတ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Wednesday, September 18, 2019

အိမ်အကူ မိန်းကလေးအား အက်ဆစ်ဖြင့်လောင်းသူ အမျိုးသမီး ၂ ဦးကို အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ် စီချမှတ်

မင်းဇော်မင်း
.
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ရွာငံမြို့မှ အိမ်အကူ မိန်းကလေးအား အက်ဆစ်ဖြင့် လောင်းပက်ခဲ့သည့် အိမ်ရှင် အမျိုးသမီး ဦးကို စက်တင်ဘာလ ၁၆ ရက်က မန္တတလေးခရိုင်တရားရုံမှ  အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ခဲ့သည်ဟု သိရသည်။
.

.
အက်ဆစ်ဖြင့် အပက်ခံရသူ မနန်းမေဇင်ဦးမှာ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ငွေဖြင့် အိမ်ဆိုင်ဖွင့်နိုင်ရန် ဆောင်ရွက်  လျက်ရှိကြောင်း သိရသည်။

.
သမီးအခု ရထားတဲ့ ထောက်ပံ့ငွေ ၁၀ သိန်းနဲ့ ရွာမှာ အိမ်ဆိုင်လေးဖွင့်ဖို့ ကြိုးပမ်းနေပါတယ်။ လာမယ့် ဒီဇင်ဘာ ရက်ကျရင် ဂျပန်နိုင်ငံက ဆေးကုလာမယ့် အဖွဲ့တွေနဲ့တွေ့ဖို့ မန္တလေးကို ဆင်းပါမယ်။ လည်ပင်းမှာ ကွဲနေတဲ့ အသားကုသဖို့အတွက်ပါ။ နားတစ်ဘက်နဲ့ မျက်စေ့တစ်ဘက်တော့ ပျက်စီးသွားခဲ့ပါပြီဟု နန်းမေဇင်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
နန်းမေဇင်ဦးအနေဖြင့် ယခင်က ပြောင်း၊ စပါး၊ နှမ်းတို့ကို စိုက်ပျိုးခဲ့ပြီး ယခုအခါ ကုန်စုံဆိုင် ဖွင့်လှစ်နိုင်ရန် ကြိုးပ်း လျက်ရှိကာ ပရဟိတလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
.
အရင်ကတော့ ရုပ်ပိုင်းရော၊ စိတ်ပိ်ုင်းရော ခံစားနေရတာကနေ အခုတော့ ကျွန်တော်တို့နဲ့ ပရဟိတအလုပ်တွေ လုပ်ဖို့ တွဲခေါ်ရင်း စိတ်ဒဏ်ရာတွေ သက်သာလာနေပါပြီ။ ရုပ်ဒဏ်ရာလည်း တဖြည်းဖြည်း သက်သာလာဖို့ ရှိပါမယ်ဟု ရွာငံမြို့မှ လူငယ်ပရဟိတဦးဆောင်သူတစ်ဦးဖြစ်သူ ကို စိုင်းလူခေးက ပြောသည်.
.
မနန်းမေဇင်ဦးကို ၂၀၀၈ ခုနှစ်က ဒေါ်မိုးမိုးဆိုသူမှ ၄င်းပိုင်စတိုးဆိုင်တွင် တစ်လလျှင် တစ်သောင်းကျပ်ဖြင့် အလုပ်လုပ်ရန် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကာ ဒေါ်မိုးမိုး၏စတိုးဆိုင်တွင် လသာလုပ်ခဲ့ရပြီးနောက် ဆိုင်ပိတ်လိုက်သည့်အတွက် နေအိမ်တွင် အိမ်အကူအဖြစ်လုပ်ကိုင်ခဲ့ရာမှ ၂၀၁၀ ခုနှစ်တွင် ဒေါ်မိုးမိုး၏ ချွေးမတော်စပ်သူ ဒေါ်နီနီနုနွယ်၏ မောင်က လူငယ်သဘာဝချစ်ရေးဆိုခြင်းနှင့်ပတ်သက်၍ နန်းမေဇင်ဦး ရေချိုးနေစဉ် ဒေါ်နီနီနုနွယ်က အက်ဆစ်ဖြင့်လောင်းချခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
.
အက်ဆစ်ဖြင့် ပက်ခံရသဖြင့် နန်းမေဇင်ဦးတွင် ဘယ်ဘက်ဦးခေါင်းမှစကာ တစ်ခြမ်းလုံးတွင် လောင်ကျွမ်း ဒဏ်ရာများ ရရှိခဲ့ပြီး မျက်စိတစ်ဘက်နှင့်နားတစ်ဘက်ပျက်စီးခဲ့ကာ လက်မှာလည်း ကွေးဆန့်မရသည့်အပြင် လည်ပင်းမှလည်းအသာများ တွဲဆက်ခဲ့ကြောင်း သိရသည်။
.
ထိုသို့ ဒဏ်ရာများပြင်းထန်စွာရရှိသည့် မနန်းမေဇင်ဦးကို အခန်းတစ်ခုအတွင်းပိတ်လှောင်ထားပြီး ဒဏ်ရာများသက်သာချိန်တွင်လည်း အိမ်အတွင်းမှ အိမ်အပြင်သိုံ့ မထွက်စေဘဲ အိမ်အလုပ်များကို လုပ်ကိုင်စေကာ ၁၀ နှစ်တာအလုပ်လုပ်ခဲ့သည့် လုပ်အားခများကိုလည်း ပေးအပ်ခြင်းမရှိကြောင်း သိရသည်။
.
ယင်းသို့ မနန်းမေဇင်ဦးအား လုပ်အားခမပေးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊များပြုလုပ်ခဲ့သည့် ဒေါ်နီနီနုနွယ်နှင့် ဒေါ်မိုးမိုးတို့အား အောင်ပင်လယ်နယ်မြေရဲစခန်းမှ () ၁၀၁/၂၀၁၈၊ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးဥပဒေ ပုဒ်မ ၂၄/၃၂ တို့ဖြင့် ဖမ်းဆီးအရေးယူခဲ့ရာမှ ယခုအခါ အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်စီ ချမှတ်ခံရခြင်းဖြစ်သည်။
.
အက်ဆစ်ဖြင့်လောင်းသူဒေါ်နီနီနုနွယ်မှ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် ထောင်ဒဏ် နှစ်ကို ကျခံနေရပြီး ယခုတွင် လူကုန်ကူးမှုပုဒ်မဖြင့် ထပ်မံပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်ကာ ချုပ်ရက်များခံစားခွင့် မရကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats