ရွာငံတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် Ywangan Tourism Organization ဖွဲ့စည်း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Wednesday, September 11, 2019

ရွာငံတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် Ywangan Tourism Organization ဖွဲ့စည်း


စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့တွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် Ywangan Tourism Organization (YTO) ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
.
 
.
အဆိုပါ အသင်းကို ဖွဲ့စည်းပြီးနောက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်၊ မြို့နယ်အတွင်းရှိ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသင်းဥက္ကဌ ဦးမြတ်ထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
“ကျွန်တော်တို့ဆီမှာက လက်ဖက်တွေ၊ ကော်ဖီတွေ စိုက်ပျိုးသီးနှှံတွေလည်း နာမည်ရှိတယ်။ တကယ်လည်း ထွက်တယ်။ ဒါတွေကို အခြေပြုပြီးတော့ ခရီးသွားလုပ်ငန်းကို လုပ်ကိုင်သွားမှာပါ။ ရွာငံမှာရှိတဲ့ မြို့ကိုချစ်တဲ့သူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းပါ” ဟု ဦးမြတ်ထွန်းက ပြောသည်။
.
ရွာငံမြို့နယ်အတွင်း ခရီးသွားများအား ဆွဲဆောင်ရာအဖြစ် ရေတံခွန်ျား၊ သဘာဝလိုဏ်ဂူများ၊ ရှေးနှစ် သန်းပေါင်းများစွာက ကျောက်ခေတ်လူသားများ နေထိုင်ခဲ့ရာ ပြဒါးလင်းဂူစသည့် နေရာများ ရှိနေပြီး ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယင်းနေရာများနှင့် ဆက်နွယ်၍ ဖော်ဆောင်သွားည်ဖြစ်ကြောင်း သိရသည်။
.
YTO အဖွဲ့အနေဖြင့် သင်တန်းများ မပေးနိုင်သေးသော်လည်း အခြားအဖွဲ့အစည်းများမှ လာရောက် သင်တန်း ပေးပါက လုပ်ဆောင်သွားရန်ရှိနေသည်ဟု ၎င်းမှ ဆက်လက်ပြောဆိုခဲ့သည်။
.
Ywangan Tourism Organization သည် ကလောမြို့နယ်ရှိ Kalaw Tourism Organization နှင့် ပူးပေါင်းပြီး ဖွဲ့စည်းထားသော အဖွဲ့အစည်း ဖြစ်ပါသည်။
.
အဖွဲ့အနေဖြင့် နည်းပညာအကူအညီများ၊ ဒေသတွင်း ဧည့်လမ်းညွန် သင်တန်းများ ပြုလုပ်ပေးသွားမည် ဖြစ်ပြီး အဖွဲ့သို့ အသင်းဝင်ပါက အခွင့်အရေးအနေဖြင့် သင်တန်းများ တက်ရောက်ခွင့်ရရှိနိုင်ည်ဖြစ်ကာ ရွာငံဒေသ တွင်း Guide တစ်ဦးအနေဖြင့် ဒေသအကျိုး ပြုခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
.
YTO သည် ရွာငံဒေသအတွင်းရှိ လူငယ်များ အတွက် အဓိကရည်ရွယ်ချက်ထား၍ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာ စေရန် ဖွဲ့စည်းထားသော အသင်းတစ်ခုဖြစ်ကြောင်း ဦးမြတ်ထွန်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ရွာငံမြို့နယ်သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ မြေလတ်ဒေသတွင် မြောက်ဘက်အကျဆုံး မြို့နယ်ဖြစ်သည်။ မြို့နယ်၏ အနောက်ဘက်ပိုင်းသည် တောတောင် ထူထပ်ပြီး ပေ ၅၀၀၀ ကျော် မြင့်မားသော တောင်တန်းကြီးများ ရှိကာ ပန်လောင်မြစ်နှင့် ယင်း၏ မြစ်လက်တက်များ ဖြတ်သန်းစီးဆင်းနေကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats