UWSA “၀” ေတာင္ပိုင္းမွ ဖမ္းဆီးထားသည့္ မူးယစ္ေဆး သယ္ေဆာင္သူ ၁၃ ဦးကို တပ္မေတာ္သို႔ လႊဲအပ္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, September 3, 2019

UWSA “၀” ေတာင္ပိုင္းမွ ဖမ္းဆီးထားသည့္ မူးယစ္ေဆး သယ္ေဆာင္သူ ၁၃ ဦးကို တပ္မေတာ္သို႔ လႊဲအပ္

မင္းေဇာ္မင္း 
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းတံုၿမိဳ႕နယ္၊ ေဟြေအာရွိ UWSA “၀” ေတာင္ပိုင္းစစ္ေဒသ(၁၇၁)တြင္ ဖမ္းဆီးရမိထားသည့္ မူးယစ္ေဆး၀ါး သယ္ေဆာင္သူ ၁၃ ဦးအား စက္တင္ဘာလ ၃ ရက္က တပ္မေတာ္သို႔ လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း သိရသည္။
.
ျမန္မာ-ထိုင္းနယ္စပ္ မိုင္းယြန္းတြင္ ၾသဂုတ္လ ၂၅ ရက္က UWSA “၀” စစ္ေဒသ(၁၇၁)လက္ေအာက္ခံ တပ္မဟာ (၅၁၈)အဖြဲ႕မွ ထုိင္းႏိုင္ငံသား ၁၃ ဦးႏွင့္အတူ လက္နက္ခဲယမ္းမ်ားအား ဖမ္းဆီးရမိခဲ့ၿပီးေနာက္ တပ္မေတာ္သို႔ လႊဲေျပာင္းေပးအပ္ျခင္း ျဖစ္ေၾကာင္း UWSA “၀” မူးယစ္ေဆး၀ါး တုိက္ဖ်က္ေရးဌာန အႀကီးအကဲ ဦးရန္ေကာ္က်ဴးက လႊဲေျပာင္းေပးအပ္ပြဲ အခမ္းအနားတြင္ ေျပာသည္။
.
“ ကၽြန္ေတာ္တို႔ ၁၇၁ စစ္ေဒသက မူးယစ္တိုက္ဖ်က္ေရးတပ္ဖြဲ႕နဲ႔ အစိုးရတို႕ တူတကြ ပူးေပါင္းလုပ္ေဆာင္သည္မွာ ေပၚလြင္ထင္ရွာေစၿပီ ျဖစ္ၿပီး မူးယစ္ စတင္ ဖမ္းဆီးတိုက္ဖ်က္သည့္ေန႔က စၿပီး ယခုထိ ဖမ္းဆီးရမိတဲ့ မူးယစ္ေဆး၀ါးေတြကို အစိုးရဆီ လႊဲေျပာင္းေပးအပ္တာ အႀကိမ္ေပါင္း မ်ားစြာရွိေနၿပီ ျဖစ္လို႔ ဒီေန႔မွာလည္း အခမ္းအနားနဲ႔ လႊဲေျပာင္းေပးအပ္တာပါ။” ဟု ဦးရန္ေကာ္က်ဴးက ေျပာသည္။
.
မူးယစ္တိုက္ဖ်က္ေရး လုပ္ငန္းႏွင့္ ပတ္သက္ၿပီး စစ္ေဒသ(၁၇၁)မွ ဗဟို၏ လမ္းညႊန္ခ်က္အတိုင္း တေသြမတိမ္း လိုက္နာ ေဆာင္ရြက္လ်က္ရွိၿပီး “၀” ေဒသအတြင္း မူးယစ္ေဆး၀ါး ေရာင္း၀ယ္သံုးစြဲသူမ်ားကို ျပင္းထန္စြာရွာ ေဖြဖမ္းဆီးလ်က္ရွိသည့္အျပင္ ျပင္ပမွ လာေရာက္ ေရာင္း၀ယ္သူမ်ားကိုလည္း စံုစမ္းစစ္ေဆး၍ ဖမ္းဆီးလ်က္ရွိကာ ၂၀၁၇ ခုႏွစ္မွ၂၀၁၈ ခုႏွစ္ အထိ စစ္ေဒသနယ္ေျမကို ျဖတ္၍ ထိုင္းႏိုင္ငံသို႔ သယ္ေဆာင္မည့္ မူးယစ္ေဆး၀ါး ေရာင္း၀ယ္ေသာအဖြဲ႕ကို ၂ ႀကိမ္ ဖမ္းဆီးႏိုင္ခဲ့ၿပီး ၂ ဦးကို အေသ ဖမ္းမိခဲ့ေၾကာင္း ၄င္းက ဆက္လက္ ေျပာၾကားခဲ့သည္။
.

ထုိင္းနယ္စပ္တြင္ မူးယစ္ေမွာင္ခိုအဖြဲ႕ ရွိေနေၾကာင္း သတင္းအရ တပ္မဟာ(၅၁၈)မွ ဖမ္းဆီးရာတြင္ ထိုုင္းႏိုင္ငံသား၊ လားဟူလူမ်ိဳး (၁၃)ဦးကို မူးယစ္ေဆး၀ါးမ်ား၊ လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့သျဖင့္ သက္ဆိုင္ရာ အစိုးရဌာနသို႕လႊဲေျပာင္းေပးအပ္ျခင္း ျဖစ္ၿပီး ၄င္းတို႔ႏွင့္အတူ စိတ္ၾကြေဆးျပား ၄၀၁၈၀ ျပား၊ ၇၉ မမ ဗံုးပစ္ေလာင္ခ်ာ (၁) လက္ ၄င္းက်ည္ ၁၅ ေတာင့္၊ က်ည္ကပ္ပါပစၥတို (၄) လက္၊ ၄င္းက်ည္ ၆၄ ေတာင့္၊ အမ္-၁၆ (၂) လက္၊ ၄င္းက်ည္ ၁၈၁ ေတာင့္၊ က်ည္ကပ္ ၃ ခု၊ အမ္-၂၂ (၂)လက္၊ ၄င္းက်ည္ ၁၀၀ ေတာင့္၊ က်ည္ကပ္ ၅ ခု၊ ဓါးေျမာင္ ၄ လက္တို႔ကို ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
.
အဆိုပါ ဖမ္းဆီးရမိေသာ လူႏွင့္ လက္နက္မ်ားကို UWSA “၀” ဘက္မွ ဦးရန္ေက်ာ္က်ဴး ဦးစီးအဖြဲ႕က တပ္မေတာ္သို႕လႊဲေျပာင္းေပးခဲ့ျခင္း ျဖစ္ၿပီး ထုိင္းႏိုင္ငံသား ၁၄ ဦးႏွင့္ ျမန္မာႏိုင္ငံသား ၃၉ ဦးတို႔ကို မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ၾသဂုတ္လ ၂၆ ရက္တြင္ ဖမ္းဆီးရမိခဲ့ၿပီး မိုင္းတံုၿမိဳ႕နယ္၊ ေဟြေအာ စစ္ေဒသ (၁၇၁)တြင္ စိစစ္ေနသည္ဟု ေဖာ္ျပထားမႈအရ လူႏွင့္ လက္နက္စာရင္း ကြာဟေနမႈႏွင့္ ပတ္သက္၍ လား႐ႈိးမွ ျပင္ပဆက္ဆံေရး တာ၀န္ခံ ဦးညီရမ္းထံ ဆက္သြယ္ေမးျမန္းရာ ဖမ္းမိထားေသာ ထုိင္းႏိုင္ငံသား ၁၄ ဦး အနက္ က်န္တစ္ေယာက္ကို ဆက္လက္ စိစစ္ေနေၾကာင္းႏွင့္ အျခား ၃၉ ေယာက္ကိုလည္း စိစစ္မႈမ်ား ျပဳလုပ္ေနလ်က္ ရွိေၾကာင္း ေျပာၾကားခဲ့သည္။
.

=========
.
UWSA “ဝ” တောင်ပိုင်းမှ ဖမ်းဆီးထားသည့် မူးယစ်ဆေး သယ်ဆောင်သူ ၁၃ ဦးကို တပ်မတော်သို့ လွှဲအပ်
.
မင်းဇော်မင်း 
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ ဟွေအောရှိ UWSA “ဝ” တောင်ပိုင်းစစ်ဒေသ(၁၇၁)တွင် ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါး သယ်ဆောင်သူ ၁၃ ဦးအား စက်တင်ဘာလ ၃ ရက်က တပ်မတော်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
.
မြန်မာ-ထိုင်းနယ်စပ် မိုင်းယွန်းတွင် သြဂုတ်လ ၂၅ ရက်က UWSA “ဝ” စစ်ဒေသ(၁၇၁)လက်အောက်ခံ တပ်မဟာ (၅၁၈)အဖွဲ့မှ ထိုင်းနိုင်ငံသား ၁၃ ဦးနှင့်အတူ လက်နက်ခဲယမ်းများအား ဖမ်းဆီးရမိခဲ့ပြီးနောက် တပ်မတော်သို့ လွှဲပြောင်းပေးအပ်ခြင်း ဖြစ်ကြောင်း UWSA “ဝ” မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာန အကြီးအကဲ ဦးရန်ကော်ကျူးက လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် ပြောသည်။
.
“ ကျွန်တော်တို့ ၁၇၁ စစ်ဒေသက မူးယစ်တိုက်ဖျက်ရေးတပ်ဖွဲ့နဲ့ အစိုးရတို့ တူတကွ ပူးပေါင်းလုပ်ဆောင်သည်မှာ ပေါ်လွင်ထင်ရှာစေပြီ ဖြစ်ပြီး မူးယစ် စတင် ဖမ်းဆီးတိုက်ဖျက်သည့်နေ့က စပြီး ယခုထိ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို အစိုးရဆီ လွှဲပြောင်းပေးအပ်တာ အကြိမ်ပေါင်း များစွာရှိနေပြီ ဖြစ်လို့ ဒီနေ့မှာလည်း အခမ်းအနားနဲ့ လွှဲပြောင်းပေးအပ်တာပါ။” ဟု ဦးရန်ကော်ကျူးက ပြောသည်။
.
မူးယစ်တိုက်ဖျက်ရေး လုပ်ငန်းနှင့် ပတ်သက်ပြီး စစ်ဒေသ(၁၇၁)မှ ဗဟို၏ လမ်းညွှန်ချက်အတိုင်း တသွေမတိမ်း လိုက်နာ ဆောင်ရွက်လျက်ရှိပြီး “ဝ” ဒေသအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများကို ပြင်းထန်စွာရှာ ဖွေဖမ်းဆီးလျက်ရှိသည့်အပြင် ပြင်ပမှ လာရောက် ရောင်းဝယ်သူများကိုလည်း စုံစမ်းစစ်ဆေး၍ ဖမ်းဆီးလျက်ရှိကာ ၂၀၁၇ ခုနှစ်မှ၂၀၁၈ ခုနှစ် အထိ စစ်ဒေသနယ်မြေကို ဖြတ်၍ ထိုင်းနိုင်ငံသို့ သယ်ဆောင်မည့် မူးယစ်ဆေးဝါး ရောင်းဝယ်သောအဖွဲ့ကို ၂ ကြိမ် ဖမ်းဆီးနိုင်ခဲ့ပြီး ၂ ဦးကို အသေ ဖမ်းမိခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
.

ထိုင်းနယ်စပ်တွင် မူးယစ်မှောင်ခိုအဖွဲ့ ရှိနေကြောင်း သတင်းအရ တပ်မဟာ(၅၁၈)မှ ဖမ်းဆီးရာတွင် ထိုင်းနိုင်ငံသား၊ လားဟူလူမျိုး (၁၃)ဦးကို မူးယစ်ဆေးဝါးများ၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် သက်ဆိုင်ရာ အစိုးရဌာနသို့လွှဲပြောင်းပေးအပ်ခြင်း ဖြစ်ပြီး ၎င်းတို့နှင့်အတူ စိတ်ကြွဆေးပြား ၄၀၁၈၀ ပြား၊ ၇၉ မမ ဗုံးပစ်လောင်ချာ (၁) လက် ၎င်းကျည် ၁၅ တောင့်၊ ကျည်ကပ်ပါပစ္စတို (၄) လက်၊ ၎င်းကျည် ၆၄ တောင့်၊ အမ်-၁၆ (၂) လက်၊ ၎င်းကျည် ၁၈၁ တောင့်၊ ကျည်ကပ် ၃ ခု၊ အမ်-၂၂ (၂)လက်၊ ၎င်းကျည် ၁၀၀ တောင့်၊ ကျည်ကပ် ၅ ခု၊ ဓါးမြောင် ၄ လက်တို့ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိသော လူနှင့် လက်နက်များကို UWSA “ဝ” ဘက်မှ ဦးရန်ကျော်ကျူး ဦးစီးအဖွဲ့က တပ်မတော်သို့လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံသား ၁၄ ဦးနှင့် မြန်မာနိုင်ငံသား ၃၉ ဦးတို့ကို မူးယစ်ဆေးဝါးများနှင့်အတူ သြဂုတ်လ ၂၆ ရက်တွင် ဖမ်းဆီးရမိခဲ့ပြီး မိုင်းတုံမြို့နယ်၊ ဟွေအော စစ်ဒေသ (၁၇၁)တွင် စိစစ်နေသည်ဟု ဖော်ပြထားမှုအရ လူနှင့် လက်နက်စာရင်း ကွာဟနေမှုနှင့် ပတ်သက်၍ လားရှိုးမှ ပြင်ပဆက်ဆံရေး တာဝန်ခံ ဦးညီရမ်းထံ ဆက်သွယ်မေးမြန်းရာ ဖမ်းမိထားသော ထိုင်းနိုင်ငံသား ၁၄ ဦး အနက် ကျန်တစ်ယောက်ကို ဆက်လက် စိစစ်နေကြောင်းနှင့် အခြား ၃၉ ယောက်ကိုလည်း စိစစ်မှုများ ပြုလုပ်နေလျက် ရှိကြောင်း ပြောကြားခဲ့သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats