သတင်းမီဒီယာများအား ယူနီကုတ် မြန်မာစာစံ စနစ် ပြောင်းလဲအသုံးပြုရန် အကြောင်းကြား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Tuesday, September 10, 2019

သတင်းမီဒီယာများအား ယူနီကုတ် မြန်မာစာစံ စနစ် ပြောင်းလဲအသုံးပြုရန် အကြောင်းကြား


စုလှိုင်
.
ပြည်တွင်းရှိ သတင်းမီဒီယာအဖွဲ့အစည်းများအား ယူနီကုဒ်စနစ်သုံး မြန်မာစာစံ စနစ် ပြောင်းလဲ အသုံးပြုရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနမှ အသိပေးအကြောင်းကြားစာကို စက်တင်ဘာလ ၆ ရက်က ပေးပို့ထားသည်။
.
အဆိုပါ အကြောင်းကြားစာတွင် Social Media နှင့် Website အပါအဝင် အွန်လိုင်း စာမျက်နှာများတွင် သတင်းရေးသား ဖော်ပြရာ၌ ယူနီကုဒ် စနစ်သုံး မြန်မာစံစနစ် ပြောင်းလဲ အသုံးပြုနိုင်ရေး သိရှိလိုက်နာ ဆောင်ရွက်သွားရန် ဖြစ်ကြောင်း ဖော်ပြထားသည်။
.

“‌ပြောင်းတာကတော့ ပြောင်းသင့်ပါတယ်။ တရားဝင် မီဒီယာတွေ အားလုံးလည်း ပြောင်းနေကြတာကို တွေ့ရပါတယ်။ ဒါပေမဲ့ လက်ရှိ အချိန်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဇော်ဂျီ သုံးနေတဲ့ သူပဲ များတာဆိုတော့ ယူနီကုတ်ကို ပြောင်းလိုက်တဲ့အခါ အွန်လိုင်း စာဖတ်ပရိသတ်တွေအတွက် အခက်အခဲ ဖြစ်လာနိုင်သလို သတင်းဌာနတွေအတွက်လည်း ကြည့်ရှုသူ နည်းသွားတာမျိုး ဖြစ်နိုင်ပါတယ်။ အခုချိန်မှာတော့ မြန်မာနိုင်ငံမှာ လူသုံးအများဆုံး လူမှုကွန်ရက်ဖြစ်တဲ့ Facebook ကတော့ နှစ်မျိုးလုံး ဖတ်နိုင်အောင် လုပ်ထားပေးတဲ့ အတွက် အဆင်ပြေနေပါသေးတယ်။ အဲဒါ မရှိရင်တော့ ခက်ခဲပါလိမ့်မယ်” ဟု တောင်ကြီးဒေသခံ အယ်ဒီတာ တစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။
.
ပြီးခဲ့သည့် ဧပြီလ ၁ ရက်မှ စတင်၍ အစိုးရနှင့် ဆက်စပ်သောအဖွဲ့အစည်းအားလုံး အစိုးရအဖွဲ့အစည်းများ အားလုံး ယူနီကုတ်စံမြန်မာဖောင့် သုံးစွဲရန် ညွှန်ကြားထားခဲ့ပြီး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှစ၍ တယ် လီကွန်းပရိုဗိုက်တာများ၊ မီဒီယာဌာနများအားလုံး၏ စာတိုပေးပို့မှုနှင့် ထုတ်လွှင့်ဖော်ပြမှုများကို ယူနီကုတ်စနစ် ပြောင်းလဲအသုံးပြုရန် ညွှန်ကြားထားကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats