ဝါးပြားလမ်းဆုံဆိုင်ခန်းများ ပိတ်သိမ်းခိုင်းမှုနှင့် ပတ်သက်၍ ကျူးကျော်တိုင်းတာမှုများသာ ဖြစ်ဟု စည်ပင်ဝန်ကြီး ပြောကြား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Wednesday, September 11, 2019

ဝါးပြားလမ်းဆုံဆိုင်ခန်းများ ပိတ်သိမ်းခိုင်းမှုနှင့် ပတ်သက်၍ ကျူးကျော်တိုင်းတာမှုများသာ ဖြစ်ဟု စည်ပင်ဝန်ကြီး ပြောကြား


စိုင်းရာဇာ
.
တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်၊ ဝါးပြားလမ်းဆုံရှိ စျေးဆိုင်ခန်းများအား စက်တင်ဘာလ ၁၄ ရက် နောက်ဆုံး ထားပိတ်သိမ်းရန် စည်ပင်သာယာရေး ဌာနမှ ညွှန်ကြားစာထုတ်ထားပြီးယင်း ကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အ စိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာ ရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက ကျူး ကျော်တိုင်းတာခြင်းများသာ ရှိသည် ဟု ပြောဆိုခဲ့သည်။ 
.
.
"ပြည်နယ်ရုံးပဲ မေးလိုက်ပါ၊ ကျူး တော့ ကျူး တိုင်းတာတော့ ရှိမှာပါ။ ပြည်နယ်စည်ပင်ကိုပဲ မေးကြည့်လိုက် ပါ။ " ဟု ပြည်နယ် စည်ပင်သာယာ ရေး ဝန်ကြီး ဦးစိုင်းစွံဆိုင်းက ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
ထို့အတူ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ  ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦး စိုးညွန့်လွင်ထံသို့ ဆက်သွယ်မေး မြန်းရာတွင်လည်း " ကျွန်တော် ဖြစ်စဉ် ကို ဘာမှ မသိထားဘူး၊ စည်ပင်ကို မေးမှပဲ ရမယ်။" ဟုသာ ပြောကြားခဲ့သည်။
.
ဆက်လက်၍ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးအေးကိုထံသို့ ကမ္ဘောဇတိုင်းမှ ယင်းဖြစ်စဉ်နှင့် ပတ် သက်၍ မေးမြန်းရန် ဆက်သွယ်မှု ပြုလုပ်သော်လည်း ဆက်သွယ်၍ မရ ရှိခဲ့ချေ။
.
အဆိုပါ ဝါးပြားလမ်းဆုံ နေရာ တွင် အစိုးရမြေ၊ လမ်းမြေပေါ်သို့ ကျူး ကျော်အဆောက်အဦး ဆောက်လုပ် ထားမှုနှင့် ခြံဝင်းကာရံထားမှုများအား စက်တင်ဘာလ ၁၄ ရက်နောက်ဆုံး ထား၍ ဖယ်ရှား ရှင်းလင်း ပေးရန် တောင်ကြီးမြို့နယ် စည်ပင်သာယာ ရေးဌာနမှ သက်ဆိုင်ရာအိမ်ရှင်များ အား စက်တင်ဘာလ ၆ ရက်က စာ ထုတ်အကြောင်းကြားထားကြောင်း သိရသည်။
.
အကယ်၍ အိမ်ရှင်များမှ ဖယ်ရှား ရှင်းလင်းမှု မရှိပါက ရှမ်းပြည်နယ်စည် ပင်သာယာရေးဥပဒေအရ တရားစွဲဆို အရေးယူ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ယင်းအကြောင်းကြားစာတွင် ဖော်ပြပါရှိသည်။
.
"ကျူးကျော် ဆောက်လုပ်ထား တယ်ဆိုရင်လည်း  စဆောက်ကတည်း က တားမြစ်ရမှာပါ။ ဝန်ထမ်းတွေ ကိုယ့်တာဝန်ကိုယ်ကျေရင် အခုလိုပြ ဿနာတွေဖြစ်လာစရာ အကြောင်းမ ရှိဘူး။ အစိုးရအနေနဲ့လည်း ပြည်သူကို မျက်နှာမူတဲ့ အစိုးရဖြစ်ဖို့ လိုပါတယ်။" ဟု ဖယ်ရှားရန် အကြောင်းကြားခံထား ရသည့် စျေးဆိုင်ခန်းပိုင်ရှင်တစ်ဦးက ပြောသည်။
.
ယင်းဝါးပြားလမ်းဆုံအနောက် ဘက်ခြမ်းရှိ နေအိမ် ၆ လုံးအား လမ်း နယ်ချဲ့ထွင်ရန်နှင့် အဝိုင်းပတ် ပြုလုပ် ရန်အတွက် လမ်းနယ်နှင့် မလွှတ်ဟု ဆို ကာ ဖယ်ရှားဖျက်သိမ်းပေးရန် တောင် ကြီးမြို့နယ် စည်ပင်သာယာ ရေးဌာနမှ ညွှန်ကြားလာမှုနှင့် ပတ် သက်၍ သြဂုတ်လအတွင်း အိမ် ရှင်များမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံ အသနားခံစာ တင်ပြထားကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှမ်း ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က " အဲ့ ဒီမြေနဲ့ပတ်သက်လို့ သေချာပြန်လည် စိစစ်ပြီးမှ ဆောင်ရွက်မှာပါ။ လက်ရှိနေ အိမ်တွေက ဂရန်မြေထဲပါ/မပါ ပြန်စိ စစ်ခိုင်းမှာပါ။" ဟု ကမ္ဘောဇတိုင်းသို့ ပြောဆိုထားသည်။
.
အလားတူ မောချယ်ရီကားဂိတ် အနီးရှိ ဆိုင်ခန်းများအပါအဝင် တောင် ကြီးမြို့ပေါ်ရှိ တပ်ပိုင်မြေများပေါ်တွင် ဆောက်လုပ်ထားသော အဆောက် အဦများနှင့် ဆိုင်ခန်းများအားလည်း စက်တင်ဘာလ ၁၄ ရက် နောက်ဆုံး ထား၍ ဖယ်ရှားရှင်းလင်းပေးရန် နေထိုင်သူများထံသို့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ တတိယအကြိမ် အ ကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats