တောင်ကြီးအနောက်မြို့ပတ်လမ်းတစ်လျှောက် သွယ်တန်းထားသည့် လျှပ်စစ်ကြိုးများနှင့် ဆက်သွယ်ရေး ကေဘယ်လ်ကြိုးများ နိမ့်ကျနေမှုကြောင့် ယာဉ်ကြီးများ အခက်ကြုံနေ - Kanbawza Tai News

Breaking

Boxed(True/False)

Saturday, September 21, 2019

တောင်ကြီးအနောက်မြို့ပတ်လမ်းတစ်လျှောက် သွယ်တန်းထားသည့် လျှပ်စစ်ကြိုးများနှင့် ဆက်သွယ်ရေး ကေဘယ်လ်ကြိုးများ နိမ့်ကျနေမှုကြောင့် ယာဉ်ကြီးများ အခက်ကြုံနေ


အောင်ဆန်းဝင်း
.
တောင်ကြီးမြို့၊ အနောက်မြို့ ပတ်လမ်းတစ်လျှောက်တွင် သွယ် တန်းထားသည့် လျှပ်စစ်ဓါတ်ကြိုး များနှင့် ဆက်သွယ်ရေး ကေဘယ်လ် ကြိုးများမှာ နိမ့်ကျနေသည့်အတွက် ယာဉ်ကြီးများ ဖြတ်သန်းရာတွင် လွတ် ကင်းမှုမရှိဘဲ မကြာခဏ ချိတ်မိ နေသည့်အတွက် ယာဉ်မောင်းများ အခက်အခဲဖြစ်ပေါ်နေရကြောင်း သိ ရသည်။
.
.
အနောက်မြို့ပတ်လမ်းတစ် လျှောက် သွယ်တန်းထားတဲ့ မီးကြိုး တွေ၊ ဆက်သွယ်ရေး ကြိုးတွေက ရှုပ်ထွေးနေတယ်။ တချို့နေရာတွေ ဆို ပင့်ကူအိမ်လိုတောင် ဖြစ်နေ တယ်။ အဲဒီကြိုးတွေက တော်တော် နိမ့်နေတယ်။ ဝါးပြားလမ်းဆုံ မီးပွိုင့် နားက ကြိုးတွေဆိုရင် ကားကြီးတွေ ဖြတ်တဲ့အခါ မလွတ်ဘူး။ မကြာခဏ တိုက်မိ၊ ချိတ်မိတာတွေရှိနေတယ်။ ကားသမားလည်း ဒုက္ခရောက်သလို လျှပ်စစ်အန္တရာယ်လည်း စိုးရိ်မ်ရတဲ့ အတွက် အမြန်ဆုံး ပြင်ဖို့ လိုအပ်ပါ တယ်ဟု ဝါးပြားလမ်းဆုံအနီး နေ ထိုင်သူ ဒေသခံတစ်ဦးက ပြော သည်။
.
ထို့အပြင် ဝါးပြားလမ်းဆုံမီးပွိုင့် သည် လမ်းမပေါ် အနည်းငယ် ရောက်နေသည့်အပြင် မီးပွိုင့်၌ တပ်ဆင်ထားသည့် CCTV မှာ နိမ့် ကျနေသည့်အတွက် ကုန်တင်ကား ကြီးများနှင့် လွတ်ကင်းမှုမရှိဘဲ တစ် ဘက်ယာဉ်ကြောသို့ ရှောင်ကွင်း မောင်းနှင်နေရခြင်းကြောင့် ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ် ဖြစ်ပေါ် လာမည်ကို စိုးရိမ်နေရကြောင်း သိရ သည်။
.
ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်၊ ညနေပိုင်းက ကုန်တင်တွဲကား ကြီးဖြင့် တင်ဆောင်လာသည့် မြေ သယ်ယာဉ်နှင့် ယင်း CCTV တို့ နည်းငယ် ပွတ်တိုက်မှု ဖြစ်ပွားခဲ့ဖူး ကြောင်း သိရသည်။
.
တောင်ကြီးမြို့ပေါ်တွင် အဓိက လမ်းမကြီး ခုဖြစ်သော ဗိုလ်ချုပ် အောင်ဆန်းလမ်း၊ အရှေ့/အနောက် မြို့ပတ်လမ်းများအနက် ယာဉ်ကြီး များ၊ တွဲယာဉ်များမှာ အနောက်မြို့ ပတ်လမ်းမှသာ မောင်းနှင်ရသည့် ပြင် မြို့လူဦးရေ ထူထပ်များပြားလာ ခြင်းကြောင့် အိမ်စီးကားများ၊ ဆိုင် ကယ်များလည်း အများအပြား သွား လာနေသည့်အတွက် အနောက် မြို့ ပတ်လမ်းပေါ်တွင် နေ့စဉ် ယာဉ်ကြော ရှုပ်ထွေးကြပ်တည်းလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)