တောင်ကြီးတွင် လုံခြုံရေး တိုးမြှင့် ဆောင်ရွက်နေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, September 14, 2019

တောင်ကြီးတွင် လုံခြုံရေး တိုးမြှင့် ဆောင်ရွက်နေ


ခွန်သက်ထူး
.
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့နှင့် တပ်မတော်တို့ အကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွား နေမှုကြောင့် ရှမ်းပြည်နယ်၏ မြို့ တော်၊ တောင်ကြီးမြို့တွင် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး ဟိုပုံး မြို့အထွက် ၄ မိုင် စုပေါင်း စစ် ဆေးရေးဂိတ်တွင် ရှောင်တခင် စစ် ဆေးမှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
.



.
“ရှမ်းမြောက်က ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး သတိထားတာပေါ့။ တန်ဆောင်တိုင်ပွဲကလည်း နီးနေ ပြီ ဆိုတော့ လုံခြုံရေးကို ပို ဂရုစိုက် ပြီး တိုးမြှင့်ထားတာပါ” ဟုု ရှမ်း ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဇော် ခင်အောင်က ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
တောင်ကြီးမြို့ပေါ်တွင် အ ကြမ်း ဖက်မှုများ ပြုလုပ်ရန် စီစဉ် နေသည်ဟူသော သတင်းများအရ ယင်းကဲ့သို့ လုံခြုံရေးအား တိုးမြှင့်၍ စစ်ဆေးမှုများ အဆက်မပြတ် ပြု လုပ်နေခြင်း ဖြစ်သည်ဟုလည်း အ တည် မပြုနိုင်သော သတင်းများ အရ သိရသည်။
.
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ အနေ ဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး စိုက်ရာ တောင်ကြီးမြို့ကို ဗဟိုပြု ၍ လုံခြုံရေး အင်အားများ တိုးချဲ့ကာ တာဝန် ထမ်းဆောင်လျက်ရှိပြီး ရှမ်း ပြည်နယ်အတွင်းရှိ မြို့များ၏ မြို့ ဝင်/ထွက် နေရာများ၊ လူစုလူဝေး နေရာများတွင် ပိတ်ဆို့ ရှာဖွေ မှု များကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.
“ ၄ မိုင် စုပေါင်းဂိတ်မှာ စစ် ဆေးရေး လုပ်တာကို အခုမှ ကြုံ ဖူးတယ်။ အမြဲတမ်း လုပ်တာ မဟုတ် ဘဲ အခုမှ ထ လုပ်တော့ ပြည်သူ တချို့က နည်းနည်းတော့ ထိတ်လန့် မှုရှိတာပေါ့။ လုပ်မယ် ဆိုရင်လည်း ပြည်သူကို အသိပေးသင့်ပါတယ်” ဟု တရားဥပဒေစိုးမိုးရေးကွန်ရက်မှ ကိုဝင်းနိုင်စိုးက ၎င်း၏ အမြင်ကို ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ တောင်ကြီးဒေသခံ တစ်ဦးမှလည်း “အဲဒီဂိတ်မှာ စစ် ဆေးရေး မလုပ်တာ တော်တော် ကြာပါပြီ။ အရင်ကတော့ တစ်ခါတ လေ လုပ်တာပဲ တွေ့ဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီလို လုပ်ပေးတော့ မြို့အတွက် လုံခြုံမှု ရှိတာပေါ့။” ဟု ပြောသည်။
.
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဩဂုတ်လ ၁၅ ရက်မှ စတင်၍ တပ်မတော်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ အကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး မန္တလေး-လားရှိုး-မူ ဆယ် ပြည်ထောင်စု လမ်းမပေါ်၌ လမ်းပန်းဆက်သွယ်ရေးများ ပြတ် တောက်ခဲ့သည့်အပြင် ပြည်သူ ပိုင် မော်တော်ယာဉ် ၁၄ စီးနှင့် မော်တော်ဆိုင်ကယ် ၁ စီး မီးရှို့ ဖျက်ဆီး ခံခဲ့ရကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats