ကျောင်းကြီးစု ရပ်ကွက်အတွင်းရှိ မီးပုံးပျံကွင်းသွားရာ ရှောင်ကွင်းလမ်းမှာ ဆိုးရွားစွာ ပျက်စီးနေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Wednesday, September 25, 2019

ကျောင်းကြီးစု ရပ်ကွက်အတွင်းရှိ မီးပုံးပျံကွင်းသွားရာ ရှောင်ကွင်းလမ်းမှာ ဆိုးရွားစွာ ပျက်စီးနေ


အောင်ဆန်းဝင်း
.
တောင်ကြီးမြို့၊ ကျောင်းကြီးစု ရပ်ကွက်၊ ဝါးပြားတောင်ရွာနှင့် ရွှေ သူဌေးကုန်း ရပ်ကွက်အကြားရှိ မီး ပုံးပျံကွင်းသွားရာ ရှောင်ကွင်းလမ်း ဖြစ်သော ပုလဲလမ်းမှာ ဆိုးရွားစွာ ပျက်စီးနေသဖြင့် အမြန်ဆုံး ပြုပြင် ပေးရန် လိုအပ်နေကြောင်း သိရ သည်။
.
.
အဆိုပါ ပုလဲလမ်းသည် တန်ဆောင်တိုင်ပွဲတော် ကာလအတွင်း မီးပုံးပျံကွင်းသို့ သွားရောက်သည့် ရှောင်ကွင်းလမ်း အဖြစ်ပွဲတော်လာ သူများမှ အသုံးပြုလျက်ရှိရာ ပြုပြင် ဆောင်ရွက်မှု မရှိပါက ပွဲတော်သို့ သွားရောက်သည့် ဒေသခံများနှင့် ရပ်ဝေးဧည့်သည်များ အခက်အခဲ ဖြစ်ပေါ်လာနိုင်ကြောင်း ရပ်ကွက်နေ ပြည်သူများမှ ပြောဆိုလျက်ရှိသည်။
.
အရင်နှစ်နဲ့စာရင် ဒီနှစ်ကတော် တော်ပျက်စီးမှု ပိုများလာတယ်။ လမ်း က တအားဆိုးတော့ ဆိုင်ကယ်တွေ ခဏခဏ လဲတယ်။ ကားငယ်တွေဆို ရင်လည်း အောက်က မလွတ်ဘူး။ အဆိုးဆုံးကတော့ ယေဟောဝါ ဘုရားရှိခိုးကျောင်းနားမှာပါ။ တန် ဆောင်တိုင်ပွဲတော် ရောက်တော့မှာ ဆိ်ုတော့ ဧည့်သည်တွေ အဆင်ပြေ အောင် ဒီလမ်းကို ပြင်ဖို့ လိုနေပါ တယ်ဟု ဝါးပြားတောင်ရွာနေ ဒေ သခံ တစ်ဦးက ပြောသည်။
.
တန်ဆောင်တိုင် ပွဲတော်ကာ လအတွင်း ညနေ နာရီမှစ၍ နောက်မြို့ပတ်လမ်း တစ်လျှောက် ဝါးပြားလမ်းဆုံမှ ဧရာဝတီလမ်းဆုံ အထိ တစ်လမ်းမောင်း ပြုလုပ်ထား သဖြင့် ပွဲတော်သို့ သွားရောက်သည့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင် ကယ်များမှာ ဝါးပြားတောင်ရွာမှ ပု လဲလမ်းအတိုင်း မောင်းနှင်၍ သွား ရောက်ကြခြင်း ဖြစ်သည်။
.
တောင်ကြီးမြို့တွင် နှစ်စဉ် ရိုး ရာမပျက် ကျင်းပပြုလုပ်သော တန် ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ သည် မြန်မာနိုင်ငံသာမက ကမ္ဘာ တိုင်အောင် ကျော်ကြားသည့် ပွဲ တော်တစ်ခုဖြစ်ပြီး နှစ်စဉ်ပြည်တွင်း/ ပြည်ပဧည့်သည်များ အများအပြား လာရောက် လည်ပတ်ကြသည့် ပွဲ တော်တစ်ခု ဖြစ်သည်။
.
ယခုနှစ် တောင်ကြီးတန်ဆောင် တိုင်ပွဲတော်ကို အဝေရာ ကုန်းသာ ယာ မီးပုံးပျံကွင်းတွင် နိုဝင်ဘာ ရက်မှ ၁၂ ရက်အထိ ရက်ကြာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats