တောင်ကြီးတန်ဆောင်တိုင်ပွဲတော် တေးသီချင်းပြိုင်ပွဲနှင့် စာပေဆိုင်ရာပြိုင်ပွဲများအတွက် စာမူ/တေးသီချင်းများ စတင်လက်ခံ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Wednesday, September 11, 2019

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် တေးသီချင်းပြိုင်ပွဲနှင့် စာပေဆိုင်ရာပြိုင်ပွဲများအတွက် စာမူ/တေးသီချင်းများ စတင်လက်ခံ

စိုင်းရာဇာ
.
၂၀၁၉ ခုနှစ်၊ တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲ တေးသီချင်းပြိုင်ပွဲနှင့် စာပေဆိုင်ရာ ပြိုင်ပွဲများအတွက် တေးသီချင်းများနှင့် စာမူများကို စတင်လက်ခံဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
.
 
.
ပြိုင်ပွဲဝင်တေးသီးချင်းများနှင့် စာပေဆိုင်ရာပြိုင်ပွဲ ပြိုင်ပွဲဝင်စာမူများဖြစ်သော ဆောင်းပါးပြိုင်ပွဲ၊ ဝတ္ထုတို ပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ကာတွန်းပြိုင်ပွဲတို့အတွက် တေးသီချင်းနှင့် စာမူများကို အောက်တိုဘာလ ၆ ရက်မှ စတင်၍ လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး တေးသီချင်းများကို အောက်တိုဘာလ ၂ ရက် နောက်ဆုံးထား၍ လည်းကောင်း၊ စာပေပြိုင်ပွဲအတွက် စာမူများကို အောက်တိုဘာလ ၁၅ ရက် နောက်ဆုံးထား၍လည်းကောင်း ရှမ်းပြည်နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
.
“အဓိက ကတော့ တေးသီချင်းပြိုင်ပွဲမှာ အခက်အခဲရှိပါတယ်။ ဘယ်သူက ဆုရတယ်၊ ဘယ်သူက ဆုမရဘူး ဆိုတာ ဒါတွေက နှစ်စဉ် ကြုံတွေ့ရပါတယ်။ သီချင်းရွေးချယ်ရေးဆပ်ကော်မတီရဲ့ အဆုံးအဖြတ်ကသာ အတည်ဖြစ် ပါတယ်။ အဲဒါကတော့ ရှမ်းပြည်နယ်အတွင်းသာ ဖြစ်ပါတယ်။ စာပေပြိုင်ပွဲကတော့ တစ်နိုင်ငံလုံးက ပြိုင်လို့ရပါ တယ်။ အဓိက ကတော့ တန်ဆောင်တိုင်တဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဦးစားပေးရွေးချယ်သွားမှာ ဖြစ် ပါတယ်” ဟု တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ပြန်ကြားရေး၊ မှတ်တမ်းတင်ရေး၊ ဖိတ်ကြားရေးနှင့်ပြပွဲပြိုင်ပွဲ ကျင်းပရေးလုပ်ငန်း ကော်မတီ အတွင်းရေးမှူး ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တေးသီချင်းပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် ယှဉ်ပြိုင်လိုသည့် တေးသီချင်းစာသားတွင် တိုင်းရင်း သားရိုးရာ အကြောင်းအရာများ ပါဝင်သော တေးသီချင်းများကိုသာ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် တေးသီချင်းများအနေဖြင့် ကြာမြင့်အချိန် အနည်းဆုံး ၈ မိနစ်မှ ၁၀ မိနစ် အထိ ရှိရန် လိုအပ်ပြီး ပြိုင်ပွဲဝင်လိုသူသည် ရှမ်းပြည်နယ်အတွင်း အမှန်တကယ် နေထိုင်၍ ရှမ်းပြည်နယ် နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားသူများကိုသာ ယှဉ်ပြိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
.
“သီချင်းက စတူရီယိုသီချင်းလည်း ဖြစ်ဖို့လိုမယ်။ မြူးမြူးကြွကြွနဲ့ ပွဲလာတဲ့သူတွေလည်း နားထောင်လို့ ကောင်းရမယ်။ တိုင်းရင်းသားရိုးရာ အငွေ့အသက်တွေလည်း ပါဝင်ဖို့ လိုပါတယ်။ သီချင်းစာသားက ကောင်းပြီး မြူးကြွမှုမရှိရင်လည်း အဆင်မပြေပါဘူး” ဟု ဦးစိုးညွန့်ရွှေက ဆက်လက်ပြောဆိုခဲ့သည်။
.
ရွေးချယ်ခံရသော တေးသီချင်း ရေးစပ်/သီဆိုသူအား တန်ဆောင်တိုင်ပွဲတော် ပိတ်ပွဲတွင် ဆုချီးမြှင့်ငွေ ပေးအပ်သွားမည်ဖြစ်ပြီး ဆုကြေးအနေဖြင့် ယခင်နှစ်ထက် နည်းမည်မဟုတ်ကြောင်း သိရသည်။
.
ယခင်နှစ်တွင် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲတွင် အသုံးပြုရန် တေးသီချင်း ရွေးချယ်ခဲ့ရာ တေးရေး/တေးဆို ဒီနေရှင်း၏ "ကမ္ဘာကျော်တဲ့ပွဲ "အမည်ရ တေးသီချင်းအား ရွေးချယ်ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
.
ထို့အတူ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် စာပေဆိုင်ရာပြိုင်ပွဲများ ထည့်သွင်းကျင်းပမှုနှင့် ပတ်သက်၍ လည်း ဦးစိုးညွန့်ရွှေက တောင်ကြီးတန် ဆောင်တိုင်ပွဲတော်အား ကြိုဆိုဂုဏ် ပြုသောအားဖြင့် လည်းကောင်း၊ စာပေဝါသနာရှင်၊ ပညာရှင်၊ မျိုးဆက် သစ်ကလောင်ရှင်များ၊ ထွက်ပေါ်လာ စေရေးအတွက် ရည်ရွယ်၍ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
.
အဆိုပါပြိုင်ပွဲများတွင် ပါဝင်ယှဉ် ပြိုင်လိုသော စာပေပညာရှင်/ဝါသနာရှင်များအနေဖြင့် ပါဝင်ယှဉ်ပြိုင်မည့် စာမူနှင့်အတူ အမည်၊ ကလောင်အမည်၊ ကိုယ်တိုင်ရေးစာမူဖြစ်ကြောင်း ဝန်ခံချက်၊ ဆက်သွယ်ရန် နေရပ်လိပ်စာ၊ တယ်လီဖုန်းနံပါတ်တို့ ကို ပြည့်စုံစွာဖော်ပြ၍ ရှမ်းပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ တောင်ကြီးမြို့သို့ ၂ဝ၁၉ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက် နောက်ဆုံးထား၍ပေးပို့နိုင်ကြောင်း သိရသည်။
.
၂ဝ၁၉ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၄ ရက် နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပပြု လုပ်သွားမည်ဖြစ်ပြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်မည့် မီးအဖွဲ့များမှလည်း ပွဲတော်ရက် တစ်ရက် တိုးမြှင့်ပေးရေး အတွက် တောင်းဆိုမှုများ ရှိနေကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats