တောင်ကြီးတွင် မိုးသည်းထန်စွာ ရွာသွန်း၍ နေအိမ်နှင့် အုတ်တံတိုင်းများ ပြိုကျကာ လူ ၅၀ ကျော် ပြောင်းရွှေ့နေထိုင်ရ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Sunday, September 22, 2019

တောင်ကြီးတွင် မိုးသည်းထန်စွာ ရွာသွန်း၍ နေအိမ်နှင့် အုတ်တံတိုင်းများ ပြိုကျကာ လူ ၅၀ ကျော် ပြောင်းရွှေ့နေထိုင်ရ


စိုင်းရာဇာ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စက်တင်ဘာလ ၂၁ ရက် နံနက်ပိုင်းက နေအိမ် လုံးပေါ်သို့ မြေပြိုကျကာ အိမ်ထောင်စု စု၊ လူဦးရေ ၅၆ ဦး အရေးပေါ်ပြောင်းရွှေ့ နေထိုင်နေရကြောင်း သိရသည်။
.
 
.
ကျွန်တော်ငှားနေတဲ့ အိမ်တစ်လုံးမှာ ထားပေးထားတယ်။ လူ ထိခိုက်မှုတော့ မရှိပါဘူး။ မနေ့ကတော့ ကြက်ခြေနီကနေ ငွေကျပ် ၁၆၀၀၀၀ တန် ပစ္စည်းတွေ ပံ့ပိုးပါတယ်။ ကျွန်တော်တို့ကတော့ လူမှုဖူလုံရေးကို စာတင်ထားပါတယ်ဟု ရွှေတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပျက်စီးမှုများအတွက် ရှမ်းပြည်နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့အနေဖြင့် မိသားစုသုံးပစ္စည်းပါ ပါကင်ပုံး ပုံး၊ တစ်ကိုယ်ရည်သုံး ပစ္စည်းပုံး ပုံးတို့ကို အိမ်ထောင်စု စု ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
.
အဆိုပါ မြေပြိုကျရာ နေရာသို့ ဒေသခံပြည်သူများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
.
အလားတူ တောင်ကြီးမြို့၊ မြို့မ ရပ်ကွက်အတွင်း၌ စက်တင်ဘာလ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကုန်းသာဘုန်းတော်ကြီးကျောင်း အတွင်းမှ မြေသားများ လူနေအိမ် အချို့ပေါ်သို့ ပြိုကျခဲ့သဖြင့် ထိခိုက်ပျက်ဆီးမှုများ ဖြစ်ပွားခဲ့ကာ လူ ၄၀ ကျော် အရေးပေါ် ပြောင်းရွှေ့နေထိုင် ခဲ့ရဖူးကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats