တောင်ကြီးမြို့ရှိ ကျော်လေး ဆီချက်ဆိုင်အား ဖယ်ရှား ရှင်းလင်း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, September 13, 2019

တောင်ကြီးမြို့ရှိ ကျော်လေး ဆီချက်ဆိုင်အား ဖယ်ရှား ရှင်းလင်း


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရေထွက်ဦးလမ်း(အရှေ့မြို့ပတ်လမ်း မီးပွိုင့်အနီး)ရှိ ကျန်းမာရေး ဦးစီးဌာနပိုင် မြေနေရာတွင် ဆိုင်ခန်း ငှါးရမ်း ဖွင့်လှစ်ထားသော ကျော်လေး ဆီချက်နှင့် စားသောက်ဆိုင်အား ယနေ့ စက်တင်ဘာလ ၁၃ ရက်၊ နံနက်ပိုင်းတွင် သက်ဆိုင်ရာဌာနများက ၁၉၅၅ ခုနှစ်၊ အစိုးရ အိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေပုဒ်မ- နှင့် ၁၉၅၆ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေအရ ဖယ်ရှား ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
ထိုသို့ ဆောင်ရွက်ရာတွင် ဆိုင်ခန်းရှင်နှင့် ဌာနဆိုင်ရာများအကြား ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားခြင်း မရှိဘဲ ငြိမ်းချမ်းစွာဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
အလားတူ တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း၊ ဝါးပြားလမ်းဆုံအနောက်ဘက်ခြမ်းတွင် နေထိုင်သော နေအိမ်/ဆိုင်ခန်း ၆ လုံးအားလည်း စက်တင်ဘာလ ၁၄ ရက် နောက်ဆုံးထား ပြောင်းရွှေ့ဖယ်ရှားပေးရန် တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ အသိပေးအကြောင်းကြားထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats