တောင်ကြီးတွင် ကျပ်သိန်း ၁၃၀ တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, September 10, 2019

တောင်ကြီးတွင် ကျပ်သိန်း ၁၃၀ တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

ခွန်သက်ထူး
.
ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့တွင် စက်တင်ဘာလ ၉ ရက်၊ ညနေပိုင်းက ကျပ်သိန်း ၁၃၀ တန်ဖိုးရှိ မူးယစ်ဆေးများအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.

မူးယစ်တပ်ဖွဲ့စု(၂၅)မှ တပ်ဖွဲ့ဝင်များသည် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ နယ်မြေ(၁)၊ ရွာလယ်လမ်း၊ အိမ်အမှတ်(၂၂၄)ရှိ ခွန်စံသိန်း၏ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေစဉ် အိမ်ရှင်ဖြစ်သူ ခွန်စံသိန်းနှင့် မူးယစ်ဆေးဝါးများ လာရောက် ပို့ဆောင်သူ ခွန်အုန်းမောင်တို့ ၂ ဦးအား နေအိမ် ဧည့်ခန်းအတွင်း တွေ့ရှိရသဖြင့် ရှာဖွေမှုများ ပြုလုပ်ရာ ခွန်စံသိန်း၏ အိပ်ခန်းအတွင်း ပီနံအိပ်အတွင်း၌ လက်ဖက်ခြောက်များနှင့် အတူ ရောနှောထားသည့် တန်ဖိုးငွေ ကျပ်သိန်း ၅၀ ခန့် တန်ဖိုးရှိ ဘိန်းဆီခဲဟု ယူဆရသော အမဲရောင်အစေးခဲများနှင့် ဘီရိုနှင့် နံရံကြား ကြမ်းခင်းပေါ်မှ တန်ဖိုးငွေ ကျပ်သိန်း ၆၀ ခန့် တန်ဖိုးရှိ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား အပြား ၈၀၀၀ အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိသူများအား တောင်ကြီးမြို့မရဲစခန်းမှ မယ(ပ) ၅၁/၂၀၁၉ ၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats