ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှ အပ်နှံခဲ့သည့် လုပ်ငန်း ၄ မျိုး၏ ကုန်ကျစရိတ်အား တစ်နှစ်ကျော် ကြာသည်အထိ ပေးချေခြင်း မရှိသေးဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Saturday, September 14, 2019

ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှ အပ်နှံခဲ့သည့် လုပ်ငန်း ၄ မျိုး၏ ကုန်ကျစရိတ်အား တစ်နှစ်ကျော် ကြာသည်အထိ ပေးချေခြင်း မရှိသေးဟု ဆို


စိုင်းရာဇာ
.
ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ အပ်နှံခဲ့သည့် လုပ်ငန်း မျိုး၏ ကုန်ကျစရိတ်အား ယခင် ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနမှူးအဖြစ် တာဝန်ယူခဲ့သည့် ဒေါက်တာဦးထွန်းမြင့်မှ တစ်နှစ် ကျော်ကြာသည် အထိ ပေးချေခြင်း မရှိသေးကြောင်း သိရသည်။
.
 
.
ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင်  ယခင် ပြည်နယ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သော ဒေါက်တာ ဦးထွန်းမြင့်သည် လုပ်ငန်း မျိုးအား ကန်ထရိုက် ဦးဇော်ဝင်းထံအပ်နှံခဲ့ပြီး လုပ်ငန်း ပြီးစီးချိန်တွင် ကုန်ကျစရိတ် များအား ပေးချေခြင်း မရှိဘဲ ရန်ကုန် တိုင်းဒေသကြီးသို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်သွားခြင်း ဖြစ်သည်။
.
ယင်းကဲ့သို့ ကုန်ကျငွေ ပေးချေ ခြင်းမရှိသည့် လုပ်ငန်းများမှာ ပြည် နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာ နရုံးဝင်းအတွင်းရှိ ပြည်နယ်မှူး နေ အိမ်သွား ကွန်ကရစ်လမ်း ခင်း ခြင်း၊ မြေထိန်းနံရံ ခန်းတွဲ ထပ် ရှေ့လှေကား တပ်ဆင်ခြင်း၊ မီး စက်အဆောက်အဦ ဆောက်လုပ် ခြင်း၊ အဆုတ်ဆေးရုံဝင်း အတွင်း လုံခြုံရေးဂိတ်တဲ အဆောက်အဦ ဆောက်လုပ်ခြင်း လုပ်ငန်းများ၏ ကုန်ကျစရိတ်မှာ ၄၈၈၂၅၀၀ ကျပ် ဖြစ်ကြောင်း သိရသည်။
.
သက်ဆိုင်တဲ့ ပြည်နယ် ကျန်းမာရေးရုံးကို သွားတယ်။ လက်ရှိပြည်နယ်မှူး ကတော့လ စဉ်သုံးငွေထဲက ထုတ်ပေးမယ်လို့ ပြောတယ်။ အရင်က လုပ်ငန်းပြီးစီးရင် ပိုက်ဆံတန်းပေးတယ်။ အခုက ပေးဘဲနဲ့ သူက ပြောင်း သွားတယ်။ လုပ်ငန်းလုပ်တဲ့ ဘိလပ်မြေတွေ၊ ထုံးတွေကို အကြွေးနဲ့ယူထား တယ်။ ဒါနဲ့ပတ်သက်ပြီး အလုပ် လည်းမလုပ်ရဘူး။ ဒေါက်တာ ဦးထွန်းမြင့်ကိုလည်း တရားစွဲဖို့ လုပ်ဆောင်နေပါတယ်ဟု ကန်ထ ရိုက် ဦးဇော်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန နယ်နိမိတ်အတွင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအား ဦးဇော်ဝင်း မှ ၂၀၁၆ ခုနှစ်ကစတင်၍ PAE စနစ်ဖြင့် လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်းလုပ်ငန်း မျိုး၏ ကုန်ကျ စရိတ်များ အားပြန်လည် ရရှိရေး အတွက် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လနှင့် အောက်တိုဘာလများ အတွင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် လူမှုရေးဝန်ကြီးထံ အသနားခံစာများ တင်ပြထားကြောင်း သိရသည်။
.
အဲဒီကိစ္စက ကြာနေပြီ။ ရင်ပြည်နယ်မှူးတုန်းက ဖြစ် သွားတဲ့ကိစ္စပါ။ လွှဲပြောင်း/လက် ခံတဲ့အထဲမှာမပါလို့ လက်ရှိ ပြည်နယ် မှူးက မပေးတာပါဟုရှမ်းပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ လက်ရှိ ရှမ်းပြည်နယ်ပြည်သူ့ကျန်း မာရေးဦးစီးဌာနမှူး ဒေါက်တာ သူ ဇာချစ်တင်အား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် ဆယ် သွယ်၍ မရခဲ့ချေ။
.

No comments:

Post a Comment

Journal Download

Photo of three cats