တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Sunday, September 8, 2019

တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

စိုင်းအောင်မြတ် (တောင်ကြီး)
.
၂၀၁၉ ခုနှစ်၊ တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်နှင့် ကျေးရွာပေါင်းစုံ အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို စက်တင်ဘာလ ၆ ရက်၊ ညနေပိုင်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အားကစားကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ချမ်းသာရပ်ကွက် ဘောလုံးအသင်းနှင့် မင်္ဂလာအောင်မြေရပ်ကွက် (ရွှေညောင်) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ချမ်းသာရပ်ကွက်အသင်းက (၃-၁) ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး ဆုချီးမြှင့်ပွဲကို ကျင်းပရာ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်၊ တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်နှင့် ပြည်နယ်/မြို့နယ်ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများက တံခွန်စိုက်ဆုဖလား၊ ငွေသားဆုနှင့် တစ်ဦးချင်း ဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဘောလုံးပြိုင်ပွဲသို့ တောင်ကြီးဇုန် ၂၂ သင်း၊ ရွှေညောင်ဇုန် ၁၆ သင်း စုစုပေါင်း ၃၈ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဗိုလ်လုပွဲ မစတင်မီတွင် ရေဘေးသင့်ပြည်သူများအတွက် ရန်ပုံငွေ ခြေစမ်းဘောလုံးပွဲ အဖြစ် တောင်ကြီးမြူးဇစ်ဂရုဖ်ဘောလုံးအသင်းနှင့် တောင်ကြီးမြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ရရှိသော အလှူငွေကျပ် ၃ သိန်းကျော်ကို မြို့နယ်အုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats