တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာ ဝယ်ယူရာတွင် သတ်မှတ်နှုန်းထားထက် ပိုမို ကောက်ခံမှုများ ရှိနေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Wednesday, September 25, 2019

တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာ ဝယ်ယူရာတွင် သတ်မှတ်နှုန်းထားထက် ပိုမို ကောက်ခံမှုများ ရှိနေ


ခွန်သက်ထူး
.
မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနအနေဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့် လျှောက်လွှာ ဝယ်ယူရာတွင် လျှောက်လွှာတစ် စောင်လျှင် ၂၀၀ ကျပ်၊ စာမေးပွဲဝင် ကြေး ၇၀၀ ကျပ်တန် ငွေသွင်းတံ ဆိပ်ခေါင်းဖြင့် သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးများတွင် ဝယ်ယူနိုင် ကြောင်း ထုတ်ပြန်ထားသော်လည်း တောင်ကြီးမြို့နယ် ပညာရေးမှူးရုံး တွင် သွားရောက်ဝယ်ယူရာ၌ သတ် မှတ်နှုန်းထားထက် ပိုမိုကောက်ခံမှု များ ရှိနေသည်ဟု သိရသည်။
.
.
"ဆယ်တန်း ဖောင်တင်ဖို့ လျှောက်လွှာ သွားဝယ်တော့ ၁၅၀၀ တောင်းလို့ ပေးလိုက်တယ်။ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ထား တာက လျှောက်လွှာ တစ်စောင်ကို ၂၀၀ ကျပ် စာမေးပွဲဝင်ကြေး ၇၀၀ ကျပ်လို့ ထုတ်ထားတာကို ဘာလို့ တိုးကောက်သလဲ မသိဘူး။ အမှန် တကယ်ဆို သူ့စျေးနှုန်း အတိုင်း ကောက်ခံရမှာပါ။ ပိုကောက်ခံခိုင်း တဲ့ သက်ဆိုင်သူတွေကို တင်းတင်း ကြပ်ကြပ် လုပ်ဖို့လိုတယ်"ဟု တက္က သိုလ်ဝင်စာမေးပွဲဖြေဆိုရန် လျှောက် လွှာ ဝယ်ယူခဲ့သည့် ကျောင်းသား တစ်ဦးက ပြောသည်။
.
စာမေးပွဲ ဖြေဆိုခွင့် လျှောက် လွှာများကို ဖြေဆိုမည့် ဘာသာတွဲ အလိုက် ပန်းရောင်နှင့် အစိမ်းရောင် ကတ်ပြားများဖြင့် ခွဲခြား သတ်မှတ် ထားပြီး ဝင်ခွင့်လျှောက်လွှာတွင် ဘာသာတွဲ မှားယွင်း ဖြည့်စွက်မိပါ က ဖြည့်စွက်သည့် ဘာသာတွဲကို သာ ဖြေဆိုရမည် ဖြစ်ကြောင်း သိရ သည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ် ပညာရေးမှူး ဒေါ်ခင်အုန်းမြင့်ထံသို့ ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခဲ့ ခြင်း မရှိချေ။
.
ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းအား ဆက်သွယ်မေးမြန်း ရာလျှောက်လွှာက၂၀၀ ပါ။ တံ ဆိပ်ခေါင်းဖိုးက ၂၀၀ ပါ။ ပြီးတော့ လျှောက်လွှာကို ရန်ကုန်မှာသွား ထုတ်တဲ့ စရိတ်အတွက် ၂၀၀ ကောက်ပါတယ်။ အဲဒီ ၁၁၀၀ က တော့ တရားဝင်ပါတယ်။ ကျန်တာ ကတော့ စာရွက်စာတမ်းနဲ့ အထွေ ထွေဆိုပြီး ၂၀၀၊ အသုံးစရိတ်အတွက် ၂၀၀ တင်လိုက်တာပါ။ ဒါကတော့ ကော်မတီ သဘောတူဆုံးဖြတ်ချက် နဲ့ လုပ်တာလို့ သိရပါတယ်။ အဲဒီ ၄၀၀ ကို ပြန်အမ်းပေးပါဆိုရင်လည်း အမ်းပေးပါမယ်လို့ ကော်မတီက တော့ ပြောပါတယ်။ ကျွန်တော့်အ နေနဲ့ကတော့ အဲဒီ ၄၀၀ ကို နောက် ထပ်မကောက်ဖို့ မှာကြားခဲ့ပြီးပါပြီဟု ပြန်လည်ဖြေကြားခဲ့သည်။
.
လာမည့် ၂၀၂၀ ပြည့်နှစ် တက္က သိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက် ဖြေဆိုရာတွင် ယခင်ဖြေဆိုဖူးသူများ သည် စာမေးပွဲဖြေဆိုခွင့် လျှောက် လွှာ တင်သွင်းရာ၌ မြို့နယ်အတွင်း နေထိုင်ကြောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုဖူးကြောင်း၊ ကျရှုံးဖူး ကြောင်း စသည့် ထောက်ခံစာများ ကို တင်ပြရန်လိုအပ်တော့မည် ဟုတ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats