တောင်ကြီးမြို့တည် ၁၂၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲ ပြုလုပ်ရန် စီစဉ်ထားခြင်း မရှိသေး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, September 6, 2019

တောင်ကြီးမြို့တည် ၁၂၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲ ပြုလုပ်ရန် စီစဉ်ထားခြင်း မရှိသေး


ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရုံး စိုက်ရာ တောင်ကြီးမြို့သည် လာမည့် စက်တင်ဘာလ ၁၅ ရက်တွင် မြို့တည်သက်တမ်း ၁၂၅  နှစ် ပြည့် မြောက်မည် ဖြစ်သော်လည်း အထိမ်းအမှတ်ပွဲ ပြုလုပ်ရန် စီစဉ်ထားခြင်း မရှိသေးကြောင်း သိရသည်။
.
.
“တောင်ကြီးမြို့တည် ၁၂၅ နှှစ် ပြည့် အထိမ်းမှတ်ပွဲတွေ လုပ်ဖို့ကတော့ တိုင်ပင်အစည်းအဝေးထိုင် ထားတာမျိုး မရှိသေးပါဘူး။ မြို့တည်၊ နန်းတည် အထိမ်းအမှတ်ဆိုတော့ လုပ်တော့ လုပ်သွားရမှာပါ” ဟု တောင်ကြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဗြိတိသျှနယ်ချဲ့ကိုလိုနီလက်ထက် ၁၈၉၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်တွင် မြို့အဖြစ် စတင်သတ်မှတ် တည်ထောင်ခဲ့သော တောင် ကြီးမြို့သည်။ လာမည့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်တွင် မြို့ တည်သက်တမ်း ၁၂၅ နှစ်တင်းတင်း ပြည့်မြောက်ပြီ ဖြစ်သည်။ နယ်ချဲ့ တို့သည် မြန်မာနိုင်ငံအား သိမ်းပိုက် ပြီးနောက် ရှမ်းပြည်နယ် အတွင်း ခြေကုပ်ရယူရာတွင် မူလကညောင် ရွှေမြို့နယ်၊ မိုင်းသောက်ဒေသတွင် စတင် ရုံးစိုက်ခဲ့ပြီး ထိုမှတစ်ဖန် လက် ရှိ တောင်ကြီးမြို့၏အရှေ့ဘက် ထီ သိမ် ကျေးရွာအနီးတွင် ခေတ္တရုံး စိုက်ခဲ့ပြီးနောက် ၁၈၉၄ ခုနှစ်တွင် တောင်ကြီးမြို့ကို စတင်တည်ထောင်ကာ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
.
ဗြိတိသျှ ကိုလိုနီခေတ်မတိုင်မီက လက်ရှိတောင်ကြီးမြို့ တည်နေ ရာသည် တဲအိမ်အနည်းငယ်သာရှိသည့် ဒုံတောင်တီခေါ် တွမ်တီးရွာ ငယ်တစ်ရွာဖြစ်ပြီး တည်ပင် (ဝါ) က တည်ပင်များ ပေါက်ရောက်ရာ အရပ်ဟု ခေါ်ဝေါ်ကြောင်း သိရသည်။ ဒုံတောင်တီရွာနှင့် အနီးတစ်ဝိုက်တွင် ပင်လုံရွာ၊ ရှမ်းရွာ၊ မိန်မြိန်ရွာ နှင့် ဝါးပြားရွာများသာရှိပြီး ရေကန် ၄ ကန်နှင့် အင်းကြီး တစ်အင်းရှိ ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။ တောင်ကြီးမြို့ကို တည် ရာတွင် အင်းနှင့်ကန်များကို ပြုပြင် ဆည်ဖို့ကာ မြို့တော်ဖြစ်အောင် ဖန် တီးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရ သည်။
.
“တောင်ကြီးမြို့တည် မှတ်တမ်း အရ ၁၈၉၄ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်၊ စနေနေ့မှာ တောင်ကြီးမြို့တည် နေ့အဖြစ် သတ်မှတ်ပါတယ်။ အဲ ဒီရက်ကို ထိုစဉ်က တောင်ကျောင်း ကြီး ဆရာတော်က ရွေးချယ်ပေး တယ်လို့ သိရပါတယ်။ အခုလာမယ့် စက်တင်ဘာ ၁၅ ဆိုရင် မြို့ရဲ့အ သက်က  ၁၂၅  နှစ် ပြည့်မြောက်ပါ ပြီ။ ဒီလို ၁၂၅ နှစ်အတွင်းမှာတောင် ကြီးမြို့ဟာ မြန်မာနိုင်ငံရဲ့ ထိပ်ဆုံး မြို့ 1 to 5 အတွင်းမှာ တစ်မြို့အ ပါအဝင် ဖြစ်ပါတယ်။ မြို့သက် ၁၂၅ နှစ် ရှိသွားတဲ့အချိန်မှာ တောင်ကြီး မြို့သား တစ်ယောက်အနေနဲ့ မြို့ သက် ၁၂၅ နှစ်ပြည့် ဆိုတဲ့ ပွဲလမ်း မျိုးတော့ ဖြစ်စေချင်ပါတယ်။ သို့ သော် ခေတ်ကာလအလျောက် တာ ဝန်ယူရတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ အ လုပ်တွေ များနေတဲ့အပြင် အခုလော လောဆယ်ဆိုရင် ရှမ်းမြောက်မှာ ပြဿနာတွေ ရှိနေတယ် ဆိုတော့ အကောင်အထည်ဖော်ဖို့ ခက်ပါလိမ့် မယ်။ မြို့သားတစ်ယောက် အနေနဲ့ တော့ ၁၂၅ နှစ်မြောက်ပွဲ ဖြစ်စေချင် ပါတယ်”ဟု တောင်ကြီးဒေသခံမြို့ မိမြိုဖ တစ်ဦး ဖြစ်သူ ဒေါက်တာ အောင်ကျော် (သွား/ဆရာဝန်)က ၎င်း၏အမြင်ကို ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးမြို့သက်တမ်း ၁၂၅ နှစ်တာ ကာလအတွင်း မြို့တည် အထိမ်းအမှတ်အဖြစ် အထိမ်းအ မှတ်ပွဲလမ်း အခမ်းအနား သဘင် များ ကျင်းပခဲ့ဖူးခြင်း မရှိဘဲ ၁၉၉၄ ခုနှစ်က ကျရောက်ခဲ့သည့် မြို့တည်  နှစ် ၁၀၀ ပြည့်ကာလတွင် တောင် ကြီး ရာပြည့်မဂ္ဂဇင်းစာအုပ် တစ်အုပ် ထုတ်ဝေနိုင်ခဲ့ပြီး စာပေဟောပြော ပွဲကိုလည်း ကျင်းပပေးနိုင်ခဲ့ကြောင်း သိရသည်။
.
တောင်ကြီးမြို့သည် လက်ရှိ တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး စိုက်ရာ မြို့တော်ဖြစ်ပြီး မြို့ပေါ်ရပ်ကွက် ၂၂ ခုအပြင် အေးသာယာ၊ ရွှေညောင်နှင့် ကျောက်တလုံးကြီးမြို့များ အပါအအဝင် မြို့နယ်တစ် ခုလုံး ဧရိယာမှာ ၇၄၇ ဒသမ ၈၃ စတုရန်း မိုင် ကျယ်ဝန်းပြီး မြို့နယ် တစ်ခုလုံးတွင် လူဦးရေ စုစုပေါင်း ၃၈၀၀၀၀ ကျော် နေထိုင်လျက်ရှိ ကြောင်း သိရသည်။
.
=========================================================================================
ေတာင္ႀကီးၿမိဳ႕တည္ ၁၂၅ ႏွစ္ျပည့္ အထိမ္းအမွတ္ပြဲ ျပဳလုပ္ရန္ စီစဥ္ထားျခင္း မရွိေသး
.
ကိုစိုး (ကေမၻာဇတိုင္း)
.
ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ႐ုံး စိုက္ရာ ေတာင္ႀကီးၿမိဳ႕သည္ လာမည့္ စက္တင္ဘာလ ၁၅ ရက္တြင္ ၿမိဳ႕တည္သက္တမ္း ၁၂၅  ႏွစ္ ျပည့္ ေျမာက္မည္ ျဖစ္ေသာ္လည္း အထိမ္းအမွတ္ပြဲ ျပဳလုပ္ရန္ စီစဥ္ထားျခင္း မရွိေသးေၾကာင္း သိရသည္။
.
“ေတာင္ႀကီးၿမိဳ႕တည္ ၁၂၅ ႏွွစ္ ျပည့္ အထိမ္းမွတ္ပြဲေတြ လုပ္ဖို႔ကေတာ့ တိုင္ပင္အစည္းအေဝးထိုင္ ထားတာမ်ိဳး မရွိေသးပါဘူး။ ၿမိဳ႕တည္၊ နန္းတည္ အထိမ္းအမွတ္ဆိုေတာ့ လုပ္ေတာ့ လုပ္သြားရမွာပါ” ဟု ေတာင္ႀကီး ခရိုင္အုပ္ခ်ဳပ္ေရးမႉး ဦးကိုကိုလြင္က ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
ၿဗိတိသၽွနယ္ခ်ဲ႕ကိုလိုနီလက္ထက္ ၁၈၉၄ ခုႏွစ္၊ စက္တင္ဘာလ ၁၅ ရက္တြင္ ၿမိဳ႕အျဖစ္ စတင္သတ္မွတ္ တည္ေထာင္ခဲ့ေသာ ေတာင္ ႀကီးၿမိဳ႕သည္။ လာမည့္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ ၁၅ ရက္တြင္ ၿမိဳ႕ တည္သက္တမ္း ၁၂၅ ႏွစ္တင္းတင္း ျပည့္ေျမာက္ၿပီ ျဖစ္သည္။ နယ္ခ်ဲ႕ တို႔သည္ ျမန္မာနိုင္ငံအား သိမ္းပိုက္ ၿပီးေနာက္ ရွမ္းျပည္နယ္ အတြင္း ေျခကုပ္ရယူရာတြင္ မူလကေညာင္ ေရႊၿမိဳ႕နယ္၊ မိုင္းေသာက္ေဒသတြင္ စတင္ ႐ုံးစိုက္ခဲ့ၿပီး ထိုမွတစ္ဖန္ လက္ ရွိ ေတာင္ႀကီးၿမိဳ႕၏အေရွ႕ဘက္ ထီ သိမ္ ေက်းရြာအနီးတြင္ ေခတၱ႐ုံး စိုက္ခဲ့ၿပီးေနာက္ ၁၈၉၄ ခုႏွစ္တြင္ ေတာင္ႀကီးၿမိဳ႕ကို စတင္တည္ေထာင္ကာ ေျပာင္းေရႊ႕ခဲ့ျခင္း ျဖစ္သည္ဟု သိရသည္။
.
ၿဗိတိသၽွ ကိုလိုနီေခတ္မတိုင္မီက လက္ရွိေတာင္ႀကီးၿမိဳ႕ တည္ေန ရာသည္ တဲအိမ္အနည္းငယ္သာရွိသည့္ ဒုံေတာင္တီေခၚ တြမ္တီးရြာ ငယ္တစ္ရြာျဖစ္ၿပီး တည္ပင္ (ဝါ) က တည္ပင္မ်ား ေပါက္ေရာက္ရာ အရပ္ဟု ေခၚေဝၚေၾကာင္း သိရသည္။ ဒုံေတာင္တီရြာႏွင့္ အနီးတစ္ဝိုက္တြင္ ပင္လုံရြာ၊ ရွမ္းရြာ၊ မိန္ၿမိန္ရြာ ႏွင့္ ဝါးျပားရြာမ်ားသာရွိၿပီး ေရကန္ ၄ ကန္ႏွင့္ အင္းႀကီး တစ္အင္းရွိ ေၾကာင္း သမိုင္းမွတ္တမ္းမ်ားအရ သိရသည္။ ေတာင္ႀကီးၿမိဳ႕ကို တည္ ရာတြင္ အင္းႏွင့္ကန္မ်ားကို ျပဳျပင္ ဆည္ဖို႔ကာ ၿမိဳ႕ေတာ္ျဖစ္ေအာင္ ဖန္ တီးခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရ သည္။
.
“ေတာင္ႀကီးၿမိဳ႕တည္ မွတ္တမ္း အရ ၁၈၉၄ ခုႏွစ္၊ စက္တင္ဘာ ၁၅ ရက္၊ စေနေန႔မွာ ေတာင္ႀကီးၿမိဳ႕တည္ ေန႔အျဖစ္ သတ္မွတ္ပါတယ္။ အဲ ဒီရက္ကို ထိုစဥ္က ေတာင္ေက်ာင္း ႀကီး ဆရာေတာ္က ေရြးခ်ယ္ေပး တယ္လို႔ သိရပါတယ္။ အခုလာမယ့္ စက္တင္ဘာ ၁၅ ဆိုရင္ ၿမိဳ႕ရဲ့အ သက္က  ၁၂၅  ႏွစ္ ျပည့္ေျမာက္ပါ ၿပီ။ ဒီလို ၁၂၅ ႏွစ္အတြင္းမွာေတာင္ ႀကီးၿမိဳ႕ဟာ ျမန္မာနိုင္ငံရဲ့ ထိပ္ဆုံး ၿမိဳ႕ 1 to 5 အတြင္းမွာ တစ္ၿမိဳ႕အ ပါအဝင္ ျဖစ္ပါတယ္။ ၿမိဳ႕သက္ ၁၂၅ ႏွစ္ ရွိသြားတဲ့အခ်ိန္မွာ ေတာင္ႀကီး ၿမိဳ႕သား တစ္ေယာက္အေနနဲ႔ ၿမိဳ႕ သက္ ၁၂၅ ႏွစ္ျပည့္ ဆိုတဲ့ ပြဲလမ္း မ်ိဳးေတာ့ ျဖစ္ေစခ်င္ပါတယ္။ သို႔ ေသာ္ ေခတ္ကာလအေလ်ာက္ တာ ဝန္ယူရတဲ့ ပုဂၢိဳလ္ေတြအေနနဲ႔ အ လုပ္ေတြ မ်ားေနတဲ့အျပင္ အခုေလာ ေလာဆယ္ဆိုရင္ ရွမ္းေျမာက္မွာ ျပႆနာေတြ ရွိေနတယ္ ဆိုေတာ့ အေကာင္အထည္ေဖာ္ဖို႔ ခက္ပါလိမ့္ မယ္။ ၿမိဳ႕သားတစ္ေယာက္ အေနနဲ႔ ေတာ့ ၁၂၅ ႏွစ္ေျမာက္ပြဲ ျဖစ္ေစခ်င္ ပါတယ္”ဟု ေတာင္ႀကီးေဒသခံၿမိဳ႕ မိၿမိဳဖ တစ္ဦး ျဖစ္သူ ေဒါက္တာ ေအာင္ေက်ာ္ (သြား/ဆရာဝန္)က ၎၏အျမင္ကို ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
ေတာင္ႀကီးၿမိဳ႕သက္တမ္း ၁၂၅ ႏွစ္တာ ကာလအတြင္း ၿမိဳ႕တည္ အထိမ္းအမွတ္အျဖစ္ အထိမ္းအ မွတ္ပြဲလမ္း အခမ္းအနား သဘင္ မ်ား က်င္းပခဲ့ဖူးျခင္း မရွိဘဲ ၁၉၉၄ ခုႏွစ္က က်ေရာက္ခဲ့သည့္ ၿမိဳ႕တည္  ႏွစ္ ၁၀၀ ျပည့္ကာလတြင္ ေတာင္ ႀကီး ရာျပည့္မဂၢဇင္းစာအုပ္ တစ္အုပ္ ထုတ္ေဝနိုင္ခဲ့ၿပီး စာေပေဟာေျပာ ပြဲကိုလည္း က်င္းပေပးနိုင္ခဲ့ေၾကာင္း သိရသည္။
.
ေတာင္ႀကီးၿမိဳ႕သည္ လက္ရွိ တြင္ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕႐ုံး စိုက္ရာ ၿမိဳ႕ေတာ္ျဖစ္ၿပီး ၿမိဳ႕ေပၚရပ္ကြက္ ၂၂ ခုအျပင္ ေအးသာယာ၊ ေရႊေညာင္ႏွင့္ ေက်ာက္တလုံးႀကီးၿမိဳ႕မ်ား အပါအအဝင္ ၿမိဳ႕နယ္တစ္ ခုလုံး ဧရိယာမွာ ၇၄၇ ဒသမ ၈၃ စတုရန္း မိုင္ က်ယ္ဝန္းၿပီး ၿမိဳ႕နယ္ တစ္ခုလုံးတြင္ လူဦးေရ စုစုေပါင္း ၃၈၀၀၀၀ ေက်ာ္ ေနထိုင္လ်က္ရွိ ေၾကာင္း သိရသည္။
.

No comments:

Post a Comment

Journal Download

Photo of three cats