တာချီလိတ်တွင် လယ်ယာမြေပေါ်၌ ခွင့်ပြုချက် မရှိဘဲ သတ္တုသန့်စင်ရေး လုပ်ဆောင်နေမှုကို တားမြစ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Friday, September 20, 2019

တာချီလိတ်တွင် လယ်ယာမြေပေါ်၌ ခွင့်ပြုချက် မရှိဘဲ သတ္တုသန့်စင်ရေး လုပ်ဆောင်နေမှုကို တားမြစ်


မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာ အုပ်စုတွင် စက်တင်ဘာလ ၁၁ ရက် က လယ်ယာမြေပေါ်၌ ခွင့်ပြုချက် မရှိဘဲ မြေဖို့ခြင်း၊ ကန်များ တူးဖော် ခြင်း၊ လူနေအိမ်နှင့် သတ္တုသန့်စင် စက်ရုံ ဆောက်လုပ်နေမှုကို တား မြစ်ခဲ့ကြောင်း သိရသည်။
.
 
.
အခု စစ်ဆေးတွေ့ရှိချက်အရ သူတို့ လုပ်ကိုင် ဆောင်ရွက်နေတာ က တရားဝင်ခွင့်ပြုချက် မြေအသုံး ချခွင့်နဲ့ စက်မှုကြီးကြပ်က ခွင့်ပြု ချက်မရှိသေးတဲ့အတွက် လက်ရှိ မှာ ဆက်ပြီး မလုပ်ဖို့ တားမြစ်ခဲ့ပါ တယ်။ ဥပဒေ၊ နည်းဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားဖို့ ရှိပါ တယ်ဟု တာချီလိတ်မြို့နယ် အုပ် ချုပ်ရေးမှူး ဦးချမ်းမြေ့စောက  ပြော သည်။
.
အဆိုပါ ကုမ္ပဏီအား လယ်ယာ မြေ စီမံခန့်ခွဲမှု ကော်မတီ၏ လယ် ယာမြေ ဥပဒေနှင့်အညီ တားမြစ် ထားပြီး လိုက်နာဆောင်ရွက်မှု မရှိ ပါက လယ်ယာမြေ ဥပဒေအပြင် သတ္တုလုပ်ငန်း ဥပဒေအရ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိ ရသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သတ္တုသန့်စင်ရေးလုပ်ငန်း လုပ်ကိုင် နေသည့် ရွှေဖြူကောင်းကင် နန်း တော် သတ္တုတူးဖော်ရေး ကုမ္ပဏီမှ တာဝန်ရှိသူကဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကုမ္ပဏီနဲ့ ပတ်သက် မှု မရှိကြောင်းကို သက်ဆိုင်ရာဌာန အားလုံးကိုပြောဆို အကြောင်းကြား ထားပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီ ကထွက်တဲ့ သတ္တုတွေကို သန့်စင်ရုံ သက်သက်ပါ။ စက်ရုံတည်ဆောက် ဖို့  မဟုတ်ပါဘူးဟု ပြောဆိုခဲ့သည်။
.
တာချီလိတ်မြို့နယ်၊ မိုင်းကိုး ကျေးရွာအုပ်စု၊ မက်မွန်တာ () ရွာ မှ   ဧကကျော် အကျယ်ရှိ လယ်မြေ များတွင် ရွှေဖြူကောင်းကင် နန်း တော် သတ္တုတူးဖော်ရေးကုမ္ပဏီမှ ခွင့်ပြုချက် မရှိဘဲ မြေဖို့ခြင်း၊ ကန် များ တူးဖော်ခြင်း၊ သတ္တုသန့်စင် စက်ရုံ ဆောက်လုပ်ခြင်းများ ဆောင် ရွက်နေသည့်အတွက် တာချီလိတ် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့ စောနှင့် တာဝန်ရှိသူများမှ သွား ရောက် ကွင်းဆင်းစစ်ဆေးကာ တား မြစ်ခဲ့ခြင်း ဖြစ်သည်။
.
"မြို့နယ် လယ်စီအနေနဲ့ ပြည် နယ်လယ်စီက သတ်မှတ်ထားတဲ့ အချက်တွေ ရှိပါတယ်၊ အဓိကက တော့ လမ်းနယ်နိမိတ်နဲ့ လွှတ်ရမယ်၊ စိုက်ပျိုးရေး ဧရိယာ လွတ်ရမယ်၊ စိုက်ပျိုးရေး လယ်ယာမြေ ဆိုရင် စိုက်ပျိုးရေးကလည်း ကန့်ကွက်ထား မယ်ဆိုရင် ဒီလိုနေရာတွေ ဟုတ်မ ဟုတ်၊ မြေပြင်မှာကော စိုက်ပျိုးနေ တာလား လယ်ကော ယာကော ဖြစ် နေတာလား ဒါမျိုးတွေ အဓိကထား ပြီး စစ်ဆေးခဲ့ပါတယ်"ဟု မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။
.
မြို့နယ်အုပ်ချုပ်ရေးမှူ ဦးချမ်း မြေ့စောနှင့် လယ်ယာမြေစိစစ်ရေး အဖွဲ့ဝင်များသည် လယ်ယာမြေမှ လူနေအိမ် ဆောက်လုပ်ရန် လျှောက် ထားသည့် မိုင်းဖုန်()ကျေးရွာအုပ် စု နေရာနှင့် ဝမ်လုံးကျေးရွာအုပ်စု နေရာတို့အား သွားရောက်ကွင်း ဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats