တာချီလိတ်တွင် တောင်းရမ်းစားသောက်သူများနှင့် လေလွင့်လူငယ်များစာရင်း ကောက်ယူ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Sunday, September 8, 2019

တာချီလိတ်တွင် တောင်းရမ်းစားသောက်သူများနှင့် လေလွင့်လူငယ်များစာရင်း ကောက်ယူ



မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် တောင်းရမ်းစားသောက်သည့် ကလေးသူငယ်များ၊ သက်ကြီး ရွယ်အိုများ၊ မူးယစ်ဆေးသုံးစွဲသူများနှင့် လေလွင့်လူငယ်များ၏ လူနေမှုဘဝ အဆင်ပြေစေရေးအတွက် ရည်ရွယ်၍ စက်တင်ဘာလ ၅ ရက်၊ ညနေပိုင်းမှ စတင်ကာ ကွင်းဆင်းစစ်ဆေး မှတ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။
.
.
“တောင်းရမ်းစားသောက်သူတွေစာရင်း ကောက်ယူတာပါ။ နောက်ဌာနအစုံနဲ့ စီမံချက် သေချာရေးပြီး ရှင်း လင်းဖို့ လုပ်ရမှာပါ။ သူတို့တွေအထဲမှာ မြို့ခံမဟုတ်ဘဲ တခြားမြို့ကလာပြီး အလုပ်အကိုင်အခွင့်အလမ်း မရှာဘဲ တောင်းရမ်းစားသောက်နေတာတွေ ရှိပါတယ်။ တစ်ဘက်နိုင်ငံမှာ အခုလို တောင်းရမ်းစားသောက်တာမျိုးတွေ မရှိ တော့ဘူး။ ကျွန်တော်တို့ နိုင်ငံမှာ တစ်နှစ်ထက်တစ်နှစ် များလာတယ်” ဟု တာချီလိတ်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်တင့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ တောင်းရမ်းစားသောက်သူများသည် လမ်းမပေါ်တွင် အိပ်စက်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းများ ရှိနေသည့် အတွက် မြို့သန့်ရှင်းသာယာလှပစေရေး အလုပ်အကိုင် လုပ်ကိုင်နိုင်သူများကိုလည်း အလုပ်အကိုင် ရရှိ စေရန်၊ သက်ကြီးရွယ်အိုများကိုလည်း ဘိုးဘွားရိပ်သာ၊ ကလေးသူငယ်များကို သင်တန်းကျောင်းများ၊ မိဘမဲ့ဂေဟာ များ စသည်ဖြင့် ပို့ဆောင်ပေးနိုင်ရန်၊ မူးယစ်ဆေးစွဲနေသူများကိုလည်း ဆေးဖြတ်စခန်းများသို့ ပို့ဆောင်ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ် (၁) တာချီလိတ်မှ တပ်ဖွဲ့စိတ်မှူး ရဲမှူး ရင်ရင်အေးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းအဖွဲ့ဝင်များ၊ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများနှင့် မဇ္ဈိမလူမှုရေးအသင်းမှ တာဝန်ရှိ သူများသည် စက်တင်ဘာလ ၅ ရက်၊ ညနေပိုင်းက မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတား၊ လွတ်လပ်ရေး ကျောက်တိုင်၊ ရှမ်းရိုးမကွင်းတို့တွင် တောင်းရမ်းစားသောက်နေသူများ၊ လေ့လွင့်သူများကို စစ်ဆေးမေးမြန်း စာရင်း ကောက်ယူခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့ရှိ လူစည်ကားရာ နေရာများတွင် တောင်းရမ်း စား သောက်သူများအနက် ကိုယ်လက်အင်္ဂါ ပြည့်စုံကောင်းမွန်သည့် လူငယ်များပါရှိနေခြင်းသည် မြို့ ဂုဏ်သိက္ခာကို ကျဆင်းစေပြီး အလွယ်တကူ ငွေရလမ်းအဖြစ် အကျင့် ပါသွားနိုင်သဖြင့် ပြုပြင်ပေးရန် လို အပ်နေသည်ဟု ဒေသခံ များမှလည်း ဝေဖန်ပြောဆိုလျက်ရှိသည်။
.
မြန်မာနိုင်ငံတစ်ဝှမ်း မြို့ကြီးများ ရှိ လူစည်ကားလေ့ရှိသော နေရာများ တွင် အသက်ငယ်ရွယ်ပြီး ကိုယ်လက် အင်္ဂါ ပြည့်စုံ ကောင်းမွန်စွာဖြင့် တောင်းရမ်းနေသူများအား အသက် အရွယ်အလိုက် ကျောင်းပညာ သင် ကြားခွင့်၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားခွင့်များပေး၍ အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေ ပေးခြင်းကို  လုပ်ဆောင်ပေးရန် လိုအပ်လျက်ရှိကြောင်း ဒေသခံများမှ ပြောဆိုလျက်ရှိသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats