ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ အသင်းအလိုက် တံခွန်စိုက်ပထမဆုကို နမ့်ခမ်းမြို့နယ်အသင်းက ရရှိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Thursday, September 19, 2019

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ အသင်းအလိုက် တံခွန်စိုက်ပထမဆုကို နမ့်ခမ်းမြို့နယ်အသင်းက ရရှိ

စိုင်းအောင်မြတ် (တောင်ကြီး)
.
၂၀၁၉ ခုနှစ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို စက်တင်ဘာလ ၁၈ ရက်က တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း တွင် ကျင်းပရာ နမ့်ခမ်းမြို့နယ်အသင်းက တံခွန်စိုက်ပထမဆုကို ရရှိခဲ့ကြောင်း သိရသည်။
.
.
ပြိုင်ပွဲတွင် မီတာ ၁၀၀၊ မီတာ ၂၀၀၊ မီတာ ၄၀၀၊ မီတာ ၈၀၀၊ မီတာ ၁၅၀၀၊ မီတာ ၅၀၀၀ အပေးပြိုင်ပွဲများ၊ မီတာ ၁၀၀၀၀ လမ်းလျှောက်ပြိုင်ပွဲ၊ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲများ၊ အမြင့်ခုန်၊ အလျားခုန်၊ သံပြားပစ်၊ သံလုံးပစ်၊ လှံတံပစ်ပြိုင်ပွဲများကို ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၃၈ မြို့နယ်မှ အားကစားသမား ၄၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသား/အမျိုးသမီး တံခွန်စိုက် ပထမဆုကို နမ့်ခမ်းမြို့နယ်အသင်း၊ ဒုတိယဆု ကို တောင်ကြီးမြို့နယ်အသင်းတို့က အသီးသီး ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ဆုရအသင်းများမှ အားကစားသမားများအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်နှင့် အားကစားအရာရှိများ၊ ပြေးခုန်ပစ် ဒိုင်ချုပ်များက ပေးအပ်ချီးမြှင့်ခဲ့ပြီး အသင်းလိုက် ပထမဆုရ နမ့်ခမ်းမြို့နယ်အသင်းအား ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းက တံခွန်စိုက်ဖလား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats