ရှမ်းနီ ၂ ပါတီ ပူးပေါင်းနိုင်ရေးအတွက် ပေါင်းစည်းရေး လုပ်ငန်းကော်မတီများ ဖွဲ္ကစည်း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, September 13, 2019

ရှမ်းနီ ၂ ပါတီ ပူးပေါင်းနိုင်ရေးအတွက် ပေါင်းစည်းရေး လုပ်ငန်းကော်မတီများ ဖွဲ္ကစည်း


စိုင်းသိင်္ခသူ
.
ရှမ်းနီတိုင်းရင်းသားပါတီ ၂ ခုဖြစ် သည့် ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေး ပါတီ (SNSP)နှင့် တိုင်းလိုင် (ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုး တက်ရေးပါတီ(TNDP)တို့ ပူးပေါင်း နိုင်ရေးအတွက် ပေါင်းစည်းရေး ကော်မတီများကို စက်တင်ဘာလ ၄ ရက်က ဖွဲ့စည်းခဲ့ကြောင်း သိရ သည်။
.
 
.
အဆိုပါ ပေါင်းစည်းရေး ကော် မတီများကို ပါတီအလိုက် ဖွဲ့စည်းခဲ့ ကြခြင်းဖြစ်ကြောင်း SNSP မှ ဦး စောဝင်းထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
“SNSP က ပေါင်းစည်းရေးကော် မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ထား ပြီးပါပြီ။ တစ်ပါတီတည်း ဖြစ်ဖို့က ၂၀၂၀ ကိုမီဖို့ ကော်မရှင် လုပ်ထုံးလုပ် နည်းတွေနဲ့ ပါတီအချင်းချင်း ညှိ နှိုင်းရေးဆိုင်ရာ ကိစ္စရပ်များအသေး စိတ် ဆွေးနွေးလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အကယ်၍ မမီခဲ့လည်း ပဲ ပါတီတံဆိပ်၂ ခု ဖြစ်နေပေမယ့် တစ်ခုတည်း၊ တစ်စိတ် တစ်ဝမ်း တည်းဆိုတာ လူထု သိစေချင်ပါ တယ်။ မဲဆန္ဒနယ်မြေ ခွဲခြား လုပ် ဆောင်နိုင်ဖို့ ကိစ္စတွေပေါ့” ဟု ဦး စောဝင်းထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းနီအမျိုးသားပါတီ အနေဖြင့် လည်း ပါတီခြင်း ပေါင်းစည်းအရေး အတွက် မန္တလေးမြို့ရှိ ပါတီရုံးချုပ် တွင် ပြုလုပ်သည့် ဗဟိုကော်မတီအ စည်းအဝေး ဆုံးဖြတ်ချက်အရ ပြု လုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းကော်မတီ၏ ဒုတိယခေါင်းဆောင် ဦးစိုင်းကျော် ထွေးက ပြောကြားရာတွင် ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းစဉ်များကို တစ်ဘက်ပါတီမှ ကမ်းလှမ်းလာ သည့်အချိန်၌ လုပ်ဆောင်နိုင်ရန် ပြင်ဆင်ထားရှိသည်ဟု သိရသည်။
.
ရှမ်းနီ ၂ ပါတီ ပူးပေါင်းရေးအ တွက် ဩဂုတ်လ ၃ ရက်က ကချင် ပြည်နယ်၊ မိုးညှင်းမြို့၊အရှေ့ကျောင်း ပရိယတ္တိစာသင်တိုက်တွင် ပြုလုပ်ခဲ့ သည့် ရှမ်းနီသံဃာတော် သမဂ္ဂအ ဖွဲ့များ၏ ဩဝါဒခံယူမှုဖြင့် သဘော တူညီခဲ့ကြခြင်းဖြစ်ပြီး ယခုအခါ ပေါင်းစည်းရေး ကော်မတီများကို ဖွဲ့စည်း ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
.
တိုင်းလိုင်(ရှမ်းနီ) အမျိုးသား များ ဖွံ့ဖြိုးတိုးတက်ရေး ပါတီကို ၂၀၁၂ ခုနှစ်၊ မေလ ၁၀ ရက်က မန္တ လေးတိုင်း ဒေသကြီး၊ ချမ်းမြသာ စည် မြို့နယ်တွင် စတင်တည် ထောင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၄ ခုနှစ် တွင် ပါတီတွင်း သဘောထား ကွဲလွဲ မှုများကြောင့် ၂၀၁၅ ခုနှစ်၊ မေလ ၂၀ ရက်တွင် ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများ သွေး စည်းညီညွတ်ရေးပါတီကို ထပ်မံ ထူထောင်ခဲ့ခြင်း ဖြစ်သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats