ရခိုင်ကို ဂိုးပြတ် အနိုင်ယူ၍ ရှုံးပွဲ မရှိ စံချိန်ဖြင့် ဒုတိယအကြိမ် ချန်ပီယံ ဖြစ်လာသည့် ရှမ်းအသင်း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Sunday, September 15, 2019

ရခိုင်ကို ဂိုးပြတ် အနိုင်ယူ၍ ရှုံးပွဲ မရှိ စံချိန်ဖြင့် ဒုတိယအကြိမ် ချန်ပီယံ ဖြစ်လာသည့် ရှမ်းအသင်း


ကမ္ဘောဇတိုင်း
.
မြန်မာနေရှင်နယ်လိဂ်၏ နောက်ဆုံးပွဲစဉ်တွင် ရှမ်းယူနိုက်တက်အနေဖြင့် ရခိုင်ယူနိုက်တက်အား ဂိုးပြတ် အနိုင်ယူကာ အနိုင်ယူ၍ ရှုံးပွဲ မရှိ စံချိန်ဖြင့် ဒုတိယအကြိမ် ချန်ပီယံ ဖြစ်လာခဲ့သည်။
.
 
.
ရှမ်းပြည်နယ် ကိုယ်စားပြု အသင်းသည် ရခိုင်ယူနိုက်တက်အား ၄ ဂိုး၊ ၁ ဂိုးဖြင့် အနိုင်ရယူ၍ ရမှတ် ၄၆ မှတ်ဖြင့် ချန်ပီယံဖလားကို ကိုင်မြှောက်နိုင်ခဲ့ခြင်း ဖြစ်ကာ ရှမ်းအသင်း၏ အနိုင်သွင်းဂိုးများကို ပွဲချိန် ၆၃ မိနစ်နှင့် ၆၈ မိနစ်တွင် ဒွေးကိုကိုချစ်၊ ပွဲချိန် ၆၈ မိနစ်တွင် William ၊ ပွဲချိန် ၈၃ မိနစ်တွင် Maximin တို့က သွင်းယူ ပေးခဲ့ခြင်း ဖြစ်ပြီး၊ ရခိုင်ယူနိုက်တက်၏ ချေပဂိုးကို Samuel က ပွဲချိန် ၈၆ မိနစ်တွင် ပင်နယ်တီမှ တဆင့် သွင်းယူခဲ့ခြင်း ဖြစ်သည်။
.
မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ဆုဖလားနှင့် တစ်ဦးချင်း ဆုတံဆိပ်များအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့် ပြည်နယ်အစိုး အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်း၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများမှ ပေးအပ်ခဲ့သည့် အပြင် ရှုံးပွဲ မရှိ ချန်ပီယံဖလားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပေးအပ်ခဲ့သည်။
.
မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ရှမ်းယူနိုက်တက်သည် လာမည့် စက်တင်ဘာလ ၂၄ ရက်၊ ညနေ ၆ နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက် ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်ကို ရန်ကုန်အသင်းနှင့် ဆက်လက် ယှဉ်ပြိုင် ကစားသွားရမည် ဖြစ်သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats