ရှုံးပွဲ မရှိ ချန်ပီယံ ဖြစ်ရန် ရှမ်းယူနိုက်တက် ပြင်ဆင်နေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Saturday, September 14, 2019

ရှုံးပွဲ မရှိ ချန်ပီယံ ဖြစ်ရန် ရှမ်းယူနိုက်တက် ပြင်ဆင်နေ

ရှမ်းပြည်နယ်ကိုယ်စားပြု အဖြစ် မြန်မာနေရှင်နယ်လိဂ်တွင် ယှဉ်ပြိုင်နေသော ရှမ်းယူနိုက်တက် အသင်းသည် မနက်ဖြန် (စက်တင်ဘာလ ၁၅ ရက်)၊ ညနေ ၃ နာရီခွဲတွင် တောင်ကြီးကွင်း၌ ယှဉ်ပြိုင်ရမည့် ရခိုင်အသင်းနှင့် ပွဲစဉ်အား အနိုင်ကစားပြီး ယခုနှစ်တွင် ရှုံးပွဲ မရှိ ချန်ပီယံ အဖြစ် သမိုင်း ရေးထိုးရန် ပြင်ဆင်နေလျက် ရှိသည်။
.
ရှမ်းအသင်း ဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဝေသည် အသင်း လေ့ကျင့်ရေး ကွင်းသို့ သွားရောက် ကြည့်ရှု အားပေး၍ ရှုံးပွဲ မရှိ ချန်ပီယံ အဖြစ် သမိုင်း ရေးထိုးရန် တိုက်တွန်း ပြောကြားခဲ့သည်။
.
" အားလုံး ကြိုးစားလို့ ဒီ အနေအထားကို ရောက်နေပြီ။ အခြေအနေက အရမ်းကောင်းနေပြီ။ အများကြီး တွေးမနေနဲ့။ နောက်ဆုံးပွဲကိုပဲ နိုင်အောင် ကန်ပါ။ ရှုံးပွဲ မရှိတဲ့ ပထမဆုံး အမှတ်ပေး ချန်ပီယံအဖြစ် ကိုယ်တိုင် အောင်ပွဲခံကြပါ။ " ဟု ဦးခွန်နောင်မြင့်ဝေက ရှမ်း ကစားသမားများသို့  တိုက်တွန်းခဲ့သည်။
.

မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ပြိုင်ပွဲ စတင် ပြုလုပ်ကတည်းက ရှုံးပွဲ မရှိ ချန်ပီယံ အသင်း ထွက်ပေါ်လာခြင်း မရှိသေးသည့် အတွက် ယင်းမှတ်တမ်းအား ရရှိရေးအတွက် ရှမ်းအသင်းအနေဖြင့် အာရုံ ထားနေခြင်း ဖြစ်သည်။
.
ရှမ်းအသင်းသည် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဇယား၏ ပထမနေရာတွင် ၁၁ ပွဲနိုင်၊ ၁၀ ပွဲ သရေ၊ ရှုံးပွဲ မရှိ၊ ရမှတ် ၄၃ မှတ်ဖြင့် ရပ်တည်နေပြီး နောက်ဆုံး ပွဲစဉ်ဖြစ်သည့် ရခိုင်နှင့် ပွဲစဉ်၌ သရေ ၁ မှတ် ရရုံဖြင့် ချန်ပီယံ ဖြစ်နိုင်သည့် အနေအထား ရှိနေသည်။
.
ရှမ်းပြည်နယ် ကိုယ်စားပြုအသင်းသည် မြန်မာနေရှင်လိဂ် အမှတ်ပေး ပြိုင်ပွဲအား ယှဉ်ပြိုင် ကစား ပြီးပါက လာမည့် စက်တင်ဘာလ ၂၄ ရက်၊ ညနေ ၆ နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက် ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်ကို ရန်ကုန်အသင်းနှင့် ဆက်လက် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats