အင်းလေးတွင် ပထမအကြိမ်အဖြစ် ရဟတ်ယာဉ်ဖြင့် သစ်စေ့ တစ်သိန်းခွဲကျော် ကြဲချ စိုက်ပျိုး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, September 14, 2019

အင်းလေးတွင် ပထမအကြိမ်အဖြစ် ရဟတ်ယာဉ်ဖြင့် သစ်စေ့ တစ်သိန်းခွဲကျော် ကြဲချ စိုက်ပျိုး


ခွန်သက်ထူး
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ဒေသ၊ ရေဝေရေလဲဧရိယာ အတွင်းရှိ တောင်ကတုံးများ ပေါ်တွင် ယနေ့ စက်တင်ဘာလ ၁၄ ရက်၊ နံနက်ပိုင်းက ပထမဆုံး အကြိမ်အဖြစ် ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံး (Seed Balls) တစ်သိန်းခွဲကျော်အား ကြဲချစိုက်ပျိုး ခဲ့ကြောင်း သိရသည်။
.

"လုံးဝ အပင် မရှိတဲ့ နေရာတွေကို အဓိက ထားပြီး ဖြန့်ကြဲ စိုက်ပျိူးထားမယ်။ အင်းလေး ဒေသမှာ ရှိတဲ့ တောင်ကတုံး ၇ ခုမှာ သစ်စေ့ပေါင်း တစ်သိန်းခွဲကျော် ကြဲချ စိုက်ပျိူးတာ ဖြစ်ပါတယ်။ ဒီလို စိုက်ပျိူးတာက ရှမ်းပြည်နယ်မှာ ပထမဆုံး ဖြစ်ပြီး နောက်နောင်လည်း ထပ်မံပြီး စိုက်ပျိူး သွားမှာ ဖြစ်ပါတယ်။"ဟု ရှမ်းပြည်နယ်သစ်တော ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ သစ်စေ့ကြဲချ စိုက်ပျိူးခြင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ထူးကုမ္ပဏီ၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

ယင်းကဲ့သို့ ရဟတ်ဖြင့် ကြဲချခဲ့သည့် သစ်စေ့များမှာ ချယ်ရီ၊ စိန်ပန်းပြာ၊ စိန်ပန်းနီ၊ စွယ်တော်၊ ခါတော်မီ၊ နံ့သာဖြူ၊ ယင်းမာ၊ ယင်းတိုက်၊ သစ်အယ်၊ မယ်ဇယ်၊ မယ်ဇလီ၊ ကုက္ကိုလ် ၊ ဘောစကိုင်း၊ သင်္ဘောတယ်၊ ဘုမ္မရာဇာ၊ စစ်၊ မန်ကျည်း၊ မန်ဂျန်ရှား၊ အော်ရီးရှား၊ ညောင် စသည့် ဒေသမျိုးရင်းများ အပါအဝင် သစ်မျိုးပေါင်း ၂၀ ပါဝင်မည် ဖြစ်ပြီး ယင်း သစ်စေ့များအား ရွှံ့စေး၊ မြေဆွေးများနှင့် ရောစပ် လုံးထားသည့် သစ်စေ့ (seed balls)အလုံးရေ  တစ်သိန်းခွဲ ကျော်အား ဖြန့်ကြဲ စိုက်ပျိုးခြင်း ဖြစ်ကာ စက်တင်ဘာလ ၁၄ ရက်မှ ၁၅ ရက်အထိ ၂ ရက်ကြာ ပြုလုပ်သွားည်ဖြစ်ကြောင်း သိရသည်။
.
ရဟတ်ယာဉ်ဖြင့် ကြဲချသည့် အစီအစဉ်ကို မြန်မာနိုင်ငံ၌ စစ်ကိုင်းတိုင်းဒေသကြီးတွင် ပထမအကြိမ် အဖြစ် ပြုလုပ်ခဲ့ပြီး ယခုတွင် ရှမ်းပြည်နယ် အင်းလေးဒေသ၌ ဒုတိယအကြိမ်ပြုလုပ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။


No comments:

Post a Comment

Journal Download

Photo of three cats