တောင်ကြီး တန်ဆောင်တိုင် စာပေဆိုင်ရာပြိုင်ပွဲတွင် ပန်းချီပြိုင်ပွဲ ထည့်သွင်း ကျင်းပမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Monday, September 16, 2019

တောင်ကြီး တန်ဆောင်တိုင် စာပေဆိုင်ရာပြိုင်ပွဲတွင် ပန်းချီပြိုင်ပွဲ ထည့်သွင်း ကျင်းပမည်


မျိုးညွန့်ရွှေ(မိုးနဲ)
.
၂၀၁၉ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် စာပေဆိုင်ရာ ပြိုင်ပွဲတွင် ပန်းချီပြိုင်ပွဲကိုပါ ထည့်သွင်း ကျင်းပရန် စက်တင်ဘာ ၁၄ ရက်၊ နံနက် ၉ နာရီက ပြည်နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ပွဲတော်ကျင်းပရေး၊ ပြန်ကြားရေး၊ မှတ်တမ်းတင်ရေး၊ ဖိတ်ကြားရေးနှင့် ပြပွဲပြိုင်ပွဲ ကျင်းပရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
.
တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် စာပေဆိုင်ရာ ပြိုင်ပွဲကို ယခင် ၂၀၁၈ ခုနှစ်က စတင် ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ဆောင်းပါး၊ ဝတ္တုတို၊ ကဗျာနှင့် ကာတွန်းပြိုင်ပွဲများသာ ပါဝင်ခဲ့ရာမှ ယခုနှစ်တွင် ပန်းချီပြိုင်ပွဲကိုပါ ထည့်သွင်းကျင်းပခြင်း ဖြစ်ပြီး ပြိုင်ပွဲဝင် စာမူများကို အောက်တိုဘာလ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ရှမ်းပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးသို့ ပေးပို့ ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင် စာမူရှင်များ အနေဖြင့် ပညာရှင်အဆင့်၊ ဝါသနာရှင် အဆင့်ဟူ၍ ခွဲခြား သွားမည် မဟုတ်ဘဲ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
.

ထို့အတူ ဖွင့်ပွဲနှင့် ပိတ်ပွဲအတွက် ပြိုင်ပွဲဝင် တေးသီချင်းများကိုလည်း လက်ခံနေလျက်ရှိကာ အောက်တိုဘာလ ၂ ရက်၊ နောက်ဆုံးထား၍ ပေးပို့ ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင် တေးသံရှင်မှာ ရှမ်းပြည်နယ်၏ နိုင်ငံသား စိစစ်ရေးကတ် (၁၃/) ကိုင်ဆောင်သူ ဖြစ်ရန် လိုအပ်မည် ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့တော် တန်ဆိုင်တိုင်ပွဲတော်ကို လာမည့် နိုဝင်ဘာ ၄ ရက်မှ ၁၂ ရက်အထိ တောင်ကြီးမြို့၊ အဝေရာ မီးပုံးပျံကွင်း၌ ကျင်းပသွားမည် ဖြစ်ပြီး ပွဲတော်ကာလအတွင်း၌ မီးပုံးပျံ ပြိုင်ပွဲများ (နေ့လွှတ် အရုပ်မျိုးစုံ ၊ ညမီးကြီး ၊စိန်နားပန်) ၊ မီးပဒေသာ လှည့်လည် ပူဇော်ပြိုင်ပွဲ ၊ ၊မသိုးသင်္ကန်းရက်လုပ် ပူဇော်ပြိုင်ပွဲ ၊အလွတ်တန်း ဓါတ်ပုံပြိုင်ပွဲ၊ စာပေဆိုင်ရာ ပြိုင်ပွဲများနှင့် ယခင် နှစ်များ နည်းတူ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီမှ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats