သတင်းဌာနတစ်ခုနှင့် အင်တာဗျူး ဖြေရာတွင် PNO အဖွဲ့ ဂုဏ်သိက္ခာ ကျဆင်းစေသည့် ပြောဆိုမှုကြောင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ပြန်လည် တောင်းပန် - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Wednesday, September 18, 2019

သတင်းဌာနတစ်ခုနှင့် အင်တာဗျူး ဖြေရာတွင် PNO အဖွဲ့ ဂုဏ်သိက္ခာ ကျဆင်းစေသည့် ပြောဆိုမှုကြောင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ပြန်လည် တောင်းပန်

စိုင်းရာဇာ
.
ပြည်ပအခြေစိုက် သတင်းဌာန တစ်ခုနှင့် အင်တာဗျူးတွင် ဖြေကြား ခဲ့ရာ၌ PNO အဖွဲ့အစည်း၏ ဂုဏ် သိက္ခာ ကျဆင်းစေရန် ပြောဆိုခဲ့မှု များနှင့် ပတ်သက်၍ နမ့်စန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ရှမ်းပြည် နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံက စက်တင်ဘာလ ၁၀ ရက်တွင် ပြန်လည် တောင်းပန်ခဲ့သည်ဟု သိရသည်။
.
သူတို့ဘက်က လူကြီးစုံရာနဲ့ အားလုံးတက်တယ်။ ကျွန်တော်က လည်း ပြောမှား၊ဆိုမှား ဖြစ်သွားတဲ့ အတွက် တောင်းပန်တယ်။ ကျွန် တော်ကတော့ ဂုဏ်သိက္ခာ ညှိုးနွမ်း စေလိုတဲ့ ဆန္ဒမရှိဘူး။ ကျွန်တော်ဖြေ ခဲ့တဲ့အထဲမှာ ပြောမှား၊ ဆိုမှားရှိတဲ့ အတွက် တောင်းပန်တယ်။ သူတို့က လည်း တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု ဖော်ထုတ်ပွဲအ နေနဲ့ လုပ်ခဲ့တာပါဟု နမ့်စန်မြို့ နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုက ရေစီအဖွဲ့ချုပ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံက ပြော သည်။
.

နမ့်စန်မြို့နယ် လွှတ်တော်ကိုယ် စားလှယ် ဦးစိုင်းလုံက ၎င်း၏အမှား အား PNO အသွင်ပြောင်း ပြည်သူ့ စစ်(ဌာနေ) ရုံးချုပ်တွင် လာရောက် ဝန်ခံပြီး အစိုးရပိုင် သတင်းစာ အား လုံးနှင့် ကမ္ဘောဇတိုင်း သတင်းဂျာနယ်၊ RFA သတင်းဌာနတို့တွင် သ တင်းမှန်ပြန်လည် ထုတ်ပြန်ပေးရန် ဝန်ခံကတိ ပြုခဲ့ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက် က RFA သတင်းဌာနနှင့် အင်တာဗျူးတွင် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးစိုင်းလုံက မူးယစ်ဆေး ဝါး ထုတ်လုပ်တာတော့ မရှိဘူး။ သုံး စွဲတာတော့ ရှိချင် ရှိမယ်။ ဒီနေ ရာမှာ PNO ဆိုတဲ့ ပြည်သူ့စစ် ရှိ တယ်။ သူတို့ ကြီးစိုးတဲ့ နယ်မြေ တော်တော်များ များ သူတို့လူတွေပဲ အရောင်းအဝယ် လုပ်ကြတာ ခပ် များများပါ။ ကိုရင် လေးတွေနဲ့ ပေါင်း ပြီးတော့ ကျွန်တော်တို့ ဝင် လို့မရဘူးဟု ပြောဆိုခဲ့ခြင်း ဖြစ် သည်။
.
ယင်းကဲ့သို့ ပြောဆိုမှုနှင့် ပတ်သက်၍ PNO အသွင်ပြောင်း ပြည် သူ့စစ်အဖွဲ့မှ ၎င်းတို့အား ဂုဏ် သိက္ခာ ကျဆင်းစေသည်ဟုဆိုကာ နမ့်စန်မြို့မရဲစခန်းတွင် အသရေ ဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် အမှုဖွင့် တိုင် ကြားခဲ့ပြီးနောက် ပြန်လည် ဝန်ချ တောင်းပန်သည့်အတွက် အမှုအား ကျေအေး ရုပ်သိမ်းပေးသွားမည်ဖြစ် ကြောင်း သိရသည်။
.
ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (PNO)သည် ဦးအောင်ခမ်းထီ ဦး ဆောင်၍ ၁၉၉၁ ခုနှစ်၊ ဖေဖော်ဝါရီ လ ၂၈ ရက်တွင် ဥပဒေဘောင်အ တွင်း ဝင်ရောက်ခဲ့ပြီး ကျောက်တ လုံးကြီးမြို့တွင် ဗဟိုဌာနချုပ် ထားရှိ ၍ အခြေပြု နေထိုင်ခဲ့ကာ တပ်မ တော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ အ ကြောင်းကြားစာအရ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်တွင် ဟိုပုံး မြို့နယ်၌ ဗဟိုဌာန ချုပ်ထားရှိခဲ့ပြီး အသွင်ပြောင်း ပြည်သူ့စစ်အဖြစ် ဖွဲ့ စည်းထားကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats