ပင်းပက် သံမဏိစက်ရုံစီမံကိန်းတွင် ဦးပိုင်မှ စိုက်ထုတ်ပေးထားသည့် ကျပ် ၉ ဘီလီယံကျော်ကို ပြန်လည် ပေးဆပ်ရန် လွှတ်တော်တွင် မေးခွန်း ထုတ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Wednesday, September 18, 2019

ပင်းပက် သံမဏိစက်ရုံစီမံကိန်းတွင် ဦးပိုင်မှ စိုက်ထုတ်ပေးထားသည့် ကျပ် ၉ ဘီလီယံကျော်ကို ပြန်လည် ပေးဆပ်ရန် လွှတ်တော်တွင် မေးခွန်း ထုတ်


မင်းဇော်မင်း
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ပင်းပက်သံမဏိ စက်ရုံ စီမံကိန်းတွင် တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင် ကော်ပိုရေး ရှင်း (MEC)မှ စိုက်ထုတ်ကျ ခံပေး ထားသည့် ငွေကျပ် ၉ ဘီလီယံ ကျော်ကို ပြန်လည်ပေး ဆပ်ရန် ရှိ/မရှိနှင့် ပတ်သက်၍ မင်းကင်းမြို့နယ် မဲဆန္ဒ နယ်မှ ပြည်ခိုင်ဖြိုးလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က ပြည် သူ့လွှတ်တော်တွင် မေးခွန်းမေးမြန်း ခဲ့သည်ဟု သိရသည်။
.
 
.
ဒုတိယအကြိမ် ပြည်သူ့လွှတ် တော်(၁၃) ကြိမ်မြောက် ပုံမှန်အ စည်းအဝေး ၂၀ ရက်မြောက်နေ့ကို စက်တင်ဘာလ ၁၃ ရက်က နေပြည် တော်တွင် ကျင်းပရာ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ယင်းကဲ့သို့ မေးမြန်းခဲ့ခြင်းဖြစ်သည်။
.
“ဒီကိစ္စဟာ မြန်မာနိုင်ငံမို့သာ ကုမ္ပဏီက သည်းညဉ်းခံပြီးတော့ စိုက်ထုတ်ထားတယ်။ တရားဝင်လုပ် တယ်။ ၂ နှစ်၊ ၃ နှစ် ကြာတဲ့အထိ ငွေမရဘူး။ ဒါပေမဲ့ အစိုးရကို ဘာမှ တရားစွဲတာမျိုးလည်း မရှိခဲ့ပါဘူး။ နိုင်ငံခြားမှာဆိုရင်တော့ တရားစွဲဆို ခံရမှာ အမှန်ပါပဲ”ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးမောင်မြင့် က ပြောသည်။
.
၎င်းက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်က ရပ်ဆိုင်းခဲ့သည့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)တွင် ကုမ္ပဏီများမှ တည်ဆောက်ရေး လုပ်ငန်းအ တွက် စိုက်ထုတ်လုပ် ကိုင်ခဲ့ရသည့် ငွေပေါင်း ကျပ် ၉ ဒသမ ၀၀၁ ဘီလီ ယံနှင့် အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ)အတွက် စိုက်ထုတ်ငွေ ၉ ဒသမ ၅၉၉ ဘီလီယံတို့အနက် ခန့် မှန်းအသုံးစာရင်းအရ မြန်မာ့စီးပွား ရေး ဦးပိုင်ကော်ပိုရေးရှင်း (MEC) မှ ပင်းပက်စက်ရုံအတွက် စိုက်ထုတ် ခဲ့သည့် ငွေကျပ် ၉ ဘီလီယံ ကျော်ကို ပြန်လည် ပေးသွင်းခြင်းမရှိသည့် အ တွက် မေးမြန်းရခြင်း ဖြစ်ကြောင်း သိ ရသည်။
.
ကုမ္ပဏီများမှ စိုက်ထုတ်ထား သည့်ငွေကို စိစစ်ပြီး မှန်ကန်ပါက ရာနှုန်းပြည့် ပြန်လည်ထုတ်ပေးရန် လိုအပ်ကြောင်းနှင့် တာဝန်ရှိသူကို ဖော်ထုတ်ခြင်းသည် ပြီးပြည့်စုံသည့် အဖြေမဟုတ်ကြောင်း၊ စိုက်ထုတ် ကုန်ကျငွေကို ဖြစ်နိုင်သမျှ ဖြေလျှော့ နိုင်သည့် ဘဏ္ဍာရေးစည်းမျဉ်းများ နှင့်အညီ ပြန်ထုတ်ပေးနိုင်ရေးသာ အဓိက ဖြေရှင်းနည်းဖြစ်ကြောင်း ဦး မောင်မြင့်က ဆိုသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးရဲမင်းပိုင်က သံမဏိစက်ရုံ (ပင်း ပက်)အတွက် စိုက်ထုတ်ထားသည် ဟုဆိုသော ငွေကျပ် ၉ ဘီလီယံ ကျော်ကို စက်မှုဝန်ကြီးဌာန၊ စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနတို့နှင့် ညှိ နှိုင်းကာ ဆွေးနွေးမှု ရလဒ်များကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ သွားမည်ဖြစ်ကြောင်း လွှတ်တော် တွင် ပြန်လည်ဖြေကြားခဲ့သည်။
.
ဆက်လက်ပြီး ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ပင်းပက်စက်ရုံတွင် MEC မှ စိုက်ထုတ်ထားသည့် ငွေများအားလာ မည့် RE ဘတ်ဂျက်တွင် တင်ပြ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ မေး မြန်းရာ ဒုတိယဝန်ကြီးက အချက်အ လက်များ စုဆောင်း၍ စာဖြင့်ပြန် လည်ဖြေကြားပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
.
ပင်းပက်နှင့် မြင်းခြံသံမဏိစက် ရုံစီမံကိန်းတို့မှာ လွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် ရပ်ဆိုင်းခဲ့သည့် စက်ရုံများ ဖြစ်ပြီး ယင်းကဲ့သို့ ရပ်ဆိုင်း သင့်ကြောင်း မဆုံးဖြတ်မီကာလ တွင် မြင်းခြံစက်ရုံအတွက် အေးရှား ဝေါလ်၊ မြန်မာ မဟာထွန်း၊ KTK၊ MEC ကုမ္ပဏီတို့မှ Hot Strip Mill Commissioning လုပ်ငန်းအတွက် ၉ ဒသမ ၅၉၉ ဘီိလီယံ၊ ပင်းပက်စက် ရုံတွင် မပြီးပြတ်သေးသော တည် ဆောက်ရေး လုပ်ငန်းများအတွက် MEC မှ ငွေကျပ် ၉ ဒသမ ၀၀၁ ဘီလီ ယံ စိုက်ထုတ်လုပ်ကိုင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
.
အဆိုပါ စိုက်ထုတ်ငွေများအနက် မြင်းခြံစက်ရုံအတွက် စိုက်ထုတ်ငွေ ၇ ဒသမ ၁၃၁ ဘီလီယံကို ခန့်မှန်းခြေ အသုံးစာရင်းတွင် ထည့်သွင်း ရေးဆွဲထားပြီးဖြစ်သော်လည်း ပင်းပက်စက်ရုံအတွက် စိုက်ထုတ်ငွေကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိသည့်အပေါ် မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က ပြည်သူ့လွှတ်တော် တွင် မေးခွန်း မေးမြန်းခဲ့ခြင်း ဖြစ် သည်ဟု သိရသည်။
.
အမှတ် (၂) သံမဏိစက်ရုံ (ပင်း ပက်)စီမံကိန်းကို ရပ်ဆိုင်းခဲ့စဉ်က စက်ရုံစီမံကိန်း တည်ဆောက်မှု ၉၈ ဒသမ ၈၆ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကာ တည်ဆောက်ရန် ကျန်အ ပိုင်းများကို ရင်းနှီးမြှုပ်နှံရန်အတွက် ငွေကျပ် ၇၁ ဘီလီယံကျော်  ထပ်မံ လိုအပ်မည်ဖြစ်ပြီး စီမံကိန်းလုပ်ငန်း များအားလုံး ရပ်ဆိုင်းထားခြင်း မ ဟုတ်ဘဲ နိုင်ငံတော်အတွက် အကျိုး အရှိဆုံး၊ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေလျက်ရှိကြောင်း ဒုတိ ယအကြိမ်ပြည်သူ့လွှတ်တော် (၁၃) ကြိ်မ်မြောက် ပုံမှန်အစည်းအဝေး၊ တတိယနေ့တွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးခင်မောင်ချိုက ဖြေကြားထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats