နောင်ချိုမြို့နယ်၊ နမ့်ဆောင်ဟူးကျေးရွာတွင် လျှပ်စစ်မီး မရရှိသေးသဖြင့် ဒေသခံများ ဝေဖန် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Sunday, September 22, 2019

နောင်ချိုမြို့နယ်၊ နမ့်ဆောင်ဟူးကျေးရွာတွင် လျှပ်စစ်မီး မရရှိသေးသဖြင့် ဒေသခံများ ဝေဖန်

စုလှိုင်
.
ရှမ်းပြည်နယ်မြောက်ပိုင်း နောင် ချိုမြို့နယ်၊ မျက်ချင်းနု ကျေးရွာအုပ် စု၊ နမ့်ဆောင်ဟူးကျေးရွာတွင် လျှပ် စစ်မီး  မရရှိသေးသဖြင့် ဒေသခံများမှ ဝေဖန်ပြောဆိုလျက်ရှိကြောင်း သိရ သည်။
.



.
"ရန်ပုံငွေလည်း ရှိတယ် နှစ်နဲ့ ချီ နေပြီ။ မီးရမယ်ဆိုပြီး ကေဘယ်လ် ကြိုးတွေ၊ မီးတိုင်တွေလည်း လာချ ပြီးသွားပြီ။ အခုဒီရွာအပြင် နောက် ထပ် ရွာရှိသေးတယ်။ ကျန်တဲ့ရွာ က မီးရသွားပြီ ဒီရွာပဲ မရသေးတာဟု ရွာခံတစ်ဦးဖြစ်သူ ကိုဖေဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
နမ့်ဆောင်ဟူး ကျေးရွာသည် နောင်ချိုမြို့နှင့် အနီးဆုံး တည်ရှိ သော ကျေးရွာတစ်ရွာဖြစ်ပြီး လွန်ခဲ့ သည့် နှစ်ခန့်ကတည်းက လျှပ်စစ် မီး ရရှိရေးအတွက် ဆောင်ရွက်ခဲ့ သော်လည်း ကျန်ရွာများသာ လျှပ် စစ်မီး ရရှိသွားပြီး နမ့်ဆောင်ဟူး ကျေးရွာတွင် လျှပ်စစ်မီး မရရှိသေး ဘဲ ကျေးရွာအတွင်း ချထားသည့် ဓါတ်တိုင်များ၊ ကေဘယ်လ်ကြိုးများ ကိုလည်း ပြန်လည်ယူဆောင်သွား ကြောင်း ဒေသခံများထံမှ သိရသည်။
.
"မြို့နယ်ကတော့ မီးရမယ်လို့ ပြောသွားတယ်။ အခု ကြိုးတွေရော တိုင်တွေရောချပြီး ပြန်သယ်သွားတဲ့ အဆင့်ထိဆိုတော့ ဒါတွေဟာ ဘာ ကြောင့်လဲဆိုတာ သိချင်နေကြတယ်  သိန်း ၅၀၀ ရထားတာ ရှိတယ်ဟု နမ့်ဆောင်ဟူးကျေးရွာ ဒေသခံကို ကျော်သီဟက ပြောဆိုခဲ့သည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ နမ့်ဆောင်ဟူးကျေးရွာ အုပ်ချုပ်ရေး မှူးအား ဆက်သွယ် မေးမြန်းရာကျွန်တော်တို့ကို အပ်ထားတဲ့ငွေနဲ့ မလောက်ဘူး။ အစိုးရဘတ်ဂျက်က ကျမလာတော့ လုပ်လို့မရဘူး။ EPC နဲ့ ချိတ်ဆက်ပြီး အပ်ထားတဲ့ငွေနဲ့ လောက်/မလောက် ချိန်ပြီးတိုင်းခိုင်း ထားပါတယ်။ လုပ်ဖြစ်/မဖြစ်က တော့ မပြောနိုင်သေးပါဘူး။ကျွန် တော်တို့ ထုတ်ထားတဲ့ ငွေကတော့ မြေကော်စက် သုံးထားတာရှိတယ်။ အဲဒါကိုရွာက ပြန်ဖြည့်ပေးမယ်ကြား တယ်ဟု ပြောဆိုခဲ့သည်။
.
နမ့်ဆောင်ဟူး ကျေးရွာသည် နောင်ချိုမြို့ပေါ်နှင့် မိုင်ခန့်သာ ကွာ ဝေးပြီး ကျေးရွာအိမ်ခြေ ၈၀ ခန့်ရှိ ကြောင်း သိရသည်။ အဆိုပါကျေး ရွာ၏ အနီးဝန်းကျင်ရှိ ကျောက် တော၊ ပန်လန်၊ ရေလင်း၊ နမ့်ပါတတ် ကျေးရွာများတွင် လျှပ်စစ်မီးရရှိနေ ပြီ ဖြစ်သော်လည်း နမ့်ဆောင်ဟူး ကျေးရွာမှာမူ လျှပ်စစ်မီး မရရှိသေး ခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats