ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း (NBF) ၏ ၃၄ ကြိမ်မြောက် အစည်းအဝေးမှ အနာဂတ်ပြည်ထောင်စု အစိုးရကို ညွန့်ပေါင်းဖွဲ့စည်းနိုင်ရေး အပါအဝင် ကြေညာချက်တစ်စောင် ထုတ်ပြန် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Sunday, September 29, 2019

ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း (NBF) ၏ ၃၄ ကြိမ်မြောက် အစည်းအဝေးမှ အနာဂတ်ပြည်ထောင်စု အစိုးရကို ညွန့်ပေါင်းဖွဲ့စည်းနိုင်ရေး အပါအဝင် ကြေညာချက်တစ်စောင် ထုတ်ပြန်


မင်းဇော်မင်း
.
ရန်ကုန်မြို့၊ Panda ဟိုတယ်တွင် စက်တင်ဘာလ ၂၇ ရက်က ပြုလုပ်ခဲ့သည့် ညီနောင်တိုင်းရင်းသားပါတီ များဖက်ဒရေးရှင်း (Nationalities Brotherhood Federation-NBF) ၃၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အနာဂတ် ပြည်ထောင်စုအစိုးရကို တိုင်းရင်းသားပါတီများ ပါဝင်သည့် ညွန့်ပေါင်းအစိုးရဖြစ်စေရေး၊ တိုင်းရင်းသား များ၏ အာဇာနည်နေ့နှင့် တိုင်းရင်းသားခေါင်းဆောင်များ၏ သမိုင်းမှန်ဖော်ထုတ်ခြင်းကို မှေးမှိန်သေးသိ်အောင် ပြု လုပ်ခြင်းအား ကန့်ကွက်ရှုတ်ချကြောင်း အချက်များ အပါအဝင် သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ သည်ဟု သိရသည်။
.

.
ထို့အပြင် စစ်ဘေးရှောင်စခန်းရောက် တိုင်းရင်းသားများ၏ မူရင်းမြေနေရာဒေသများကို အခြားအရပ်ဒေသမှ ရွှေ့ပြောင်းနေထိုင်သူများအား နေရာချထားပေးခြင်းသည် ပဋိပက္ခကို ပိိုုကြီးထွားစေသဖြင့် ယင်းလုပ်ဆောင်ချက်များ ကို ရပ်တန့်ပေးရန် အစိုးရအား တိုုက်တွန်းကြောင်း သဘောထား ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

.
မကြာခင်က ကရင်အာဇာနည်နေ့ တားမြစ်ခံရတဲ့အပြင် အရေးယူတာတွေလည်း ရှိနေတယ်။ ပြည်ထောင်စု တစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ အာဇာနည်ခေါင်းဆောင်တွေရှိသလို တိုင်းရင်းသားတိုင်းမှာလည်း အာဇာနည်ခေါင်းဆောင် တွေရှိတယ်။ အဲဒီရပိုင်ခွင့်ကို တားမြစ်ပိတ်ပင်တာ၊ ဝေဖန်ပြစ်တင်တာ၊ စွက်ဖက်တာတွေက လုံးဝအဓိပ္ပါယ်မရှိဘူးလို့ ဆွေးနွေးခဲ့ပါတယ်။ ပြီးတော့ ဘယ်သူခွဲခွဲတို့မကွဲ အမြဲစည်းလုံးမည်ဆိုတာ ကျွန်တော်တို့မပါသလို ဖြစ်နေတော့ အခု ကစပြီး တိုင်းရင်းသားတွေလည်း အဲဒီဆောင်ပုဒ်အတိုင်း စည်းလုံးကြဖို့ ဆွေးနွေးခဲ့ပါတယ်ဟု ဖက်ဒရယ်ပြည် ထောင်စုပါတီမှ ဦးစောသန်းမြင့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ANP ပါတီမှ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောကလည်းဖြစ်နေတဲ့ ပြည်တွင်းစစ်၊ တိုင်းရင်းသားတွေရဲ့ လိုလားချက်စတာတွေကို တစ်ပါတီတည်းက ဖွဲ့တဲ့အစိုးရရနဲ့ ဖြေရှင်းပေးနိုင်စွမ်း မရှိတာဖြစ်တဲ့အတွက် လာမယ့်အနာဂတ် ပြည်ထောင်စုအစိုးရကို တိုင်းရင်းသားအများစု ပါဝင်တဲ့ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ရေး ဆွေးနွေးခဲ့ကြပါတယ်ဟု ပြောဆိုခဲ့သည်။
.
အဆိုပါ အစည်းအဝေးတွင် UNA အဖွဲ့ဝင် NBF တိုင်းရင်းသားပါတီ ခုမှ ပေါင်းစည်းပါတီများအဖြစ် မိတ် ဖက်ရပ်တည်ပြီး ၂၀၂၀ အလွန်ကာလတွင် UNA နှင့် NBF တစ်သားတည်းဖြစ်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
.
NBF ထုတ်ပြန်ချက်တွင် ပါဝင်သည့် ကျန်အချက်များမှာ အနာဂတ်ပြည်ထောင်စုအစိုးရအဖွဲ့ကို ညွန့် ပေါင်းအစိုးရအဖြစ် ဖွဲ့စည်းနိုင်ရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုကို အကြောင်းပြချက်အမျိုးမျိုးဖြင့် အဟန့်အတားပြု နေသည့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ လုပ်ရပ်များ အမြန်ဆုံး ရပ်တန့်ပေးရေး၊ အနာဂတ်ပြည်ထောင်စုတွင် သက်ဆိုင်ရာပြည်နယ်အလိုက် မြေယာနှင့် သယံဇာတများကို ပြည်နယ်သားများက မူလပိုင်ရှင်အဖြစ် စီမံခန့်ခွဲပိုင်ခွင့် ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စုစနစ် မပေါ်ပေါက်မီ သဘာဝအရင်းအမြစ်များဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အကြီးစားစီမံ ကိန်းအသစ်များနှင့် မပြီးပြတ်သေးသော စီမံကိန်းများကို ယာယီရပ်ဆိုင်းထားပြီး သဘောတူစာချုပ်များကို ပြန်လည် သုံးသပ်၍ ဒေသခံပြည်သူ့သဘောထားများကို ရယူရန် တိုက်တွန်းကြောင်း ဖော်ပြပါရှိသည်။
.
ညီနောင်တိုင်းရင်းသားနိုင်ငံရေးပါတီများဖက်ဒရေးရှင်း (NBF) ၃၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ ပါတီ ၁၉ ခုမှ ကိုယ်စားလှယ် ၄၉ ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။
.
အဆိုပါ ညီနောင်တိုင်းရင်းသားနိုင်ငံရေးပါတီများ ဖက်ဒရေးရှင်း (NBF) ကို ၂၀၁၀ ပြည့်နှစ်က တိုင်းရင်းသား ပါတီ ခုဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ကရင်အမျိုးသား အစည်း အရုံး (KNDP) ဇိုတိုင်းရင်းသားများဒေသဖွံ့ဖြိုးတိုးတက်ရေးပါတီ (ZNRDP) ကယားပြည်နယ် ဒီမိုကရက် တစ်ပါတီ (KYSDP) မြိုတိုင်းရင်းသားပါတီ (MNP) ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အရှိုချင်းအမျိုးသားပါတီ (ACNP) ထားဝယ်တိုင်းရင်းသားများပါတီ (DNP) ဖလုံ=စဝေါ်ဒီမိုကရက်တစ်ပါတီ (PSDP) ရခိုင်အမျိုးသားပါတီ (ANP) ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP) မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP) အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (INDP) အင်းတိုင်းရင်းသားအဖွဲ့ချုပ်ပါတီ (INOP) ဓနုအမျိုးသားအဖွဲ့ချုပ်ပါတီ (DNOP) ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (KKDUP) ဖက်ဒရယ်ပြည်ထောင်စုပါတီ (FUP) ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)ဒီမိုကရက်တစ်ပါတီ (WDP) အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ (WNUP) တအာင်း(ပလောင်)အမျိုးသားပါတီ (TNP)လစ်ဘရယ်ဒီမိုကရက်တစ်တိုးတက်ဖွံ့ဖြိုးရေးပါတီ (WLDDP) တို့ဖြင့် ပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats