နမ့်ဆန်တွင် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း လက်နက်ကြီးကျည် ကျရောက်မှုကြောင့် အဖိုးအိုတစ်ဦး သေဆုံး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Sunday, September 15, 2019

နမ့်ဆန်တွင် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း လက်နက်ကြီးကျည် ကျရောက်မှုကြောင့် အဖိုးအိုတစ်ဦး သေဆုံး


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများ အတွင်း စက်တင်ဘာလ ၁၄ ရက်က လက်နက်ကြီးကျည် ကျရောက်ထိမှန်မှုကြောင့် အဖိုးတစ်ဦး သေဆုံးခဲ့ ကြောင်း သိရသည်။
.
.
နမ့်ဆန်မြို့နယ်၊ ပန်တူအူကျေးရွာမှ ဦးအိုက်ထွန်း (၆၅ နှစ်) သည် စက်တင်ဘာလ ၁၄ ရက်၊ နံနက် ၉ နာရီ ခန့်က ဝဲဘက်ပေါင်တွင် လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံမရောက်မီ သေဆုံးသွားခဲ့ကြောင်း သိရသည်။
.
“ထိထိချင်း အဘက မသေပါဘူး။ ဒါပေမဲ့ လမ်းခုလတ်မှာတင် ဆုံးသွားရှာတယ်။ အခုလည်း ကျောင်းတွေပိတ်ပါပြီ။ ဇယန်းဘုန်းကြီးကျောင်းမှာလည်း ရွာတွေက တဖွဲဖွဲ ရောက်လာနေတာ ၃၀၀ ကျော်လောက်ရှိပါပြီ” ဟု နမ့်ဆန်မြို့ နေ ကိုမှန်ကြီးက စက်တင်ဘာလ ၁၄ ရက်၊ ညနေပိုင်းတွင် ပြောသည်။
.
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၏ အနောက်တောင်ဘက် ၇ မိုင်ခန့်အကွာရှိ ကယားလမ်း ကျေးရွာအုပ်စု၊ ဟိုချောင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၁၄ ရက်က တပ်မတော်နှင့် TNLA တို့ တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် နမ့်ဆန်မြို့နယ်ပတ်ဝန်းကျင်ရှိ စာသင်ကျောင်းများ ပိတ်ထားရကြောင်း ၎င်းထံမှ သိရသည်။
.
တိုက်ပွဲများမှာ စက်တင်ဘာလ ၁၃ ရက်ကတည်းက စတင်ဖြစ်ပွားနေခြင်းဖြစ်ပြီး ဇယန်းတိုက်နယ် ဘုန်းတော်ကြီး ကျောင်းတွင် ဟိုချောင်းနှင့် ပတ်ဝန်းကျင် ကျေးရွာများဖြစ်သည့် ပန်တူအူ၊ မန်ဆာ၊ ကဒုတ်ခိုကျေးရွာများမှ စစ်ဘေးရှောင် ၁၃၂ ဦး လာရောက်ခိုလှုံခဲ့သော်လည်း စက်တင်ဘာလ ၁၄ ရက်တွင် ၃၀၀ ကျော်အထိ ရောက်ရှိ လာခြင်းဖြစ်ကြောင်း ၎င်းထံမှ သိရသည်။
.
နမ့်ဆန်မြို့တွင် စက်တင်ဘာလ ၁၄ ရက်က ရဟတ်ယာဉ် ၂ စီး ပျံသန်းနေသည်ကို တွေ့မြင်ခဲ့ရပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်လာမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ နမ့်ဆန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထံသို့ ဆက်သွယ်မေးမြန်း ရာတွင် မအားလပ်သေးသဖြင့် ပြန်လည်ဖြေကြားနိုင်ခြင်းမရှိသေးကြောင်း ပြောဆိုခဲ့သည်။
.

နောက်ဆုံးရရှိသော သတင်းများအရ ယနေ့ စက်တင်ဘာလ ၁၅ ရက် နံနက်ပိုင်းတွင် နမ့်ဆန်မြို့နယ်၊ ဇယန်းကြီး ဘုန်းကြီးကျောင်း၌ စစ်ဘေးရှောင် ၇၀၀ ဦးနှင့် ကယန်းကြီးကျောင်း၌ စစ်ဘေးရှောင် ၂၂၀ ဦးအထိ ရောက်ရှိနေကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats