မိုင်းပန်တွင် ဒေသခံ ၃၆ ဦးအတွက် နှစ် ၃ဝ မြေငှားဂရန်များကို အခမ်းအနားဖြင့် ပေးအပ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, September 13, 2019

မိုင်းပန်တွင် ဒေသခံ ၃၆ ဦးအတွက် နှစ် ၃ဝ မြေငှားဂရန်များကို အခမ်းအနားဖြင့် ပေးအပ်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်း ပန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ နမ့်ပန်းခမ်းမတွင် စက်တင်ဘာလ ရက်၊ မွန်းလွဲပိုင်းက ဒေသခံပြည်သူ ၃၆ ဦးအား နှစ် ၃၀ မြေငှားဂရန်များကို အခမ်းအနားဖြင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
.
.
နိုင်ငံတော်က ပြုပြင်ပြောင်းလဲ မှုတွေ ပြုလုပ်နေသလို ဌာနဆိုင်ရာ ပိုင်းကလည်း လူထုလိုအပ်တဲ့ ကိစ္စရပ် တွေကို အမြန်ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။ အခြားသူများ အတွက် လည်း မြေငှားဂရန် အမြန်ဆုံးရရှိ ရေး ဆောင်ရွက်ပေးနေပါတယ်ဟု လင်းခေးခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ မိုင်းပန်မြို့နယ် မဲဆန္ဒ နယ်အမှတ်() မှ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးစိုင်းနောင့် ကလည်းဒီလို မြေငှားဂရန်တွေ လာတော့ အကာအကွယ်အထောက် အပ့ံဖြစ်လို့ ဝမ်းသာကြပါတယ်။ ငွေ လိုလို့ အစိုးရဆီကနေ ငွေချေး ရင်လည်း အဆင်ပြေတာပေါ့ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
ထိုသို့ မြေငှားဂရန်များ ပေးအပ် ရာတွင် မိုင်းပန်မြို့၊ အလယ်ပိုင်းရပ် ကွက်ရှိ ဒေသခံ ၃၆ ဦး၏ အကွက် အမှတ် (/စျေးပိုင်းရပ်)မှ (/ လယ်ရပ်)အထိ ဦးပိုင်အမည်ပေါက် မြေဧရိယာ ဒသမ ၈၅၉ ဧက တွက် မြို့မြေခွန် ၁၇၅၀၆၄ ကျပ် နိုင်ငံတော်အတွက် ရရှိခဲ့ပြီး နှစ် ၃၀ နှစ်ရှည် ငှားရမ်းမှု ဂရန်အဖြစ် သတ် မှတ်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်းသိ ရသည်။
.
အဆိုပါ မြေငှားဂရန် ပေးအပ်ပွဲ သို့ မိုင်းပန်မြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များဖြစ်သည့် ဦးစိုင်းနောင်၊ ဦးစိုင်း အောင်ခမ်း အပါအဝင် ခရိုင်နှင့် မြို့ နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ဒေသခံပြည်သူများ စုစု ပေါင်း ၈၀ ဦးခန့် တက်ရောက်ခဲ့ ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats