နိုင်ငံကျော် မောက်မယ်ရှောက်ချိုသီးများ မကြုံစဖူး ပိုး ကျရောက်မှုကြောင့် အထွက်နည်း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Sunday, September 22, 2019

နိုင်ငံကျော် မောက်မယ်ရှောက်ချိုသီးများ မကြုံစဖူး ပိုး ကျရောက်မှုကြောင့် အထွက်နည်း


စိုင်းအောင်မြတ် (တောင်ကြီး)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊လင်း ခေးခရိုင်၊ မောက်မယ်ဒေသထွက် နိုင်ငံကျော် မောက်မယ် ရှောက်ချိုသီး များမကြုံစဖူး ပိုးကျရောက်မှုကြောင့် ယခုနှစ်တွင် အထွက်နည်း နေ ကြောင်း ရှောက်ချိုသီးစိုက်တောင် သူများထံမှ သိရသည်။
.
 
.
စက်တင်ဘာနဲ့ အောက်တို ဘာမှာ လှိုင်လှိုင်ပေါ်တဲ့ ရှောက်ချို သီးတွေ ဒီနှစ်မှာမကြုံစဖူး ပိုးကျ ကုန်လို့  တစ်မြို့နယ်လုံးရဲ့ ပုံ ပုံလောက်ပဲ ထွက်ပါတော့မယ်။ ကျွန် တော်တို့ မျိုးရိုးစဉ်ဆက် ဒီရှောက်ချို ခြံပဲ စိုက်ပျိုးရောင်းချ စားသောက် လာကြတာပါ။ ကျွန်တော်တို့ ဘိုးဘွား လက်ထက်အထိ နှစ်ပေါင်း ၈၀ ကျော်အတွင်းမှာ တစ်ခါမှ ဒီလို ပိုးကျတာ မကြုံဖူးဘူးဟု မောက် မယ်မြို့မှ ရှောက်ချိုသီးတောင်သူ ဦးစိုင်းအေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ပိုးမှာ အရပ်အခေါ် ပိုး ဖလံဟု ခေါ်ဝေါ်သည့် အသီးထိုး ပိုး မျိုးဖြစ်ပြီး ပိုးကျရောက်ပါက ရှောက် ချိုပင်တွင် အသီးများ မကြီးမီ ကြွေ ကျတတ်ကြောင်းသိရသည်။ ရှောက် ချိုပင်တစ်ပင်လျှင် အလုံးရေ ၃၀၀ မှ ၁၀၀၀ အထိ ထွက်ရှိတတ်သော် လည်း ယခု ပိုးကျရောက်မှုကြောင့် ပုံ ပုံခန့်သာ အသီး တင်ကျန် ကြောင်း သိရသည်။
.
ကျွန်တော်တို့နယ်က ရှောက် ချိုသီးက မိရိုးဖလာ မြေဆွေး၊ မြေ ဩဇာတို့၊ နွားချေး မြေဩဇာတွေ ကိုပဲ အသုံးပြုပြီး ဓါတုဓါတ်မြေဩ ဇာတွေ၊ ပိုးသတ်ဆေးတွေ လုံးဝမ သုံးတာကြောင့် ဩဂဲနစ်အသီးတွေမို့ အချိုဓါတ်ပိုပြီး အရည်ရွှမ်းလို့ စား သုံးသူတွေ အရမ်းကြိုက်ကြပါတယ်။ တစ်နိုင်ငံလုံးက မြို့ကြီးတွေကို တင် ပို့ရုံမက တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတွေ အထိ တင်ပို့ရောင်းချရတယ်။ ဒီနှစ် တော့ သိပ်မပို့နိုင်တော့ဘူး ထင်ပါ တယ်။ ဒီနှစ်မကြုံစဖူးကျတဲ့ ဒီပိုးတွေ ကိုတော့ စိုက်ပျိုးရေးဌာနက ကျွမ်း ကျင်သူတွေနဲ့ သုတေသနပြုလုပ်ပြီး အတတ်နိုင်ဆုံး နှိမ်နင်းနေတာမို့ ရှေ့ နှစ်ကျရင် အထွက်ပြန်ကောင်းလာ မယ်လို့ မျှော်လင့်ပါတယ်ဟု ၎င်း က ဆက်လက်ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်း ခေးခရိုင်အတွင်းရှိ မောက်မယ်မြို့ နယ်သည် နာမည်ကျော်မောက်မယ် သနပ်ခါးနှင့် ရှောက်ချိုသီး အများဆုံး ထွက်ရှိရာ မြို့နယ်တစ်ခုဖြစ်ပြီး ခုနှစ် တောင်ကြီး ပေါက်စျေးအရ မောက်မယ်ရှောက်ချိုသီး တစ်လုံး လျှင် အလုံးအရွယ်အစားပေါ်မူတည်    ကျပ် ၃၀၀ မှ ၅၀၀ အတွင်းရှိ ကြောင်း ရောင်းချသူတစ်ဦးထံမှ သိ ရသည်။
.
မောက်မယ်မြို့နယ်အတွင်း မြို့ တောင်ဘက် မိုင်ခန့်အကွာရှိ နမ့်လွတ်ကျေးရွာ အုပ်စုအတွင်း ရှောက်ချိုသီးများကို အများအပြား စိုက်ပျိုးကြကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats