မောက်မယ်တွင် နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Friday, September 20, 2019

မောက်မယ်တွင် နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား


စိုင်းမျိုးသန့် (မောက်မယ်)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မောက်မယ်မြို့၊ မွေတော်ရပ်ကွက်တွင် ယနေ့ စက်တင်ဘာလ ၂၀ ရက်၊ နံနက် ၁၀ နာရီက နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
 
.
မောက်မယ်မြို့၊ မွေတော်ရပ်ကွက်၊ ရွက်လှလမ်းရှိ ဦးစိုင်းဒေါန ၏ နေအိမ်တွင် တပ်ဆင်ထားသော ရေခဲသေတ္တာ  မီးဖြတ်စက်မှ အပူလွန်ကဲကာ လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
မီးလောင်သည့် နေအိမ်သည် အလျား ၄၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၂၄ ပေရှိ သွပ်မိုး၊ အပေါ်ထရံ၊ အောက် အုတ်ကာ ၂ ထပ် နေအိမ်ဖြစ်ပြီး နေအိမ်တွင် ဦးစိုင်းဒေါနနှင့် ၎င်း၏သား တစ်ဦးသာ နေထိုင်ခြင်းဖြစ်ကာ မီးစတင် လောင်ကျွမ်းချိန်တွင် ဖခင်ဖြစ်သူမှာ တောင်ယာသို့ အလုပ်သွားနေပြီး သားမှ ကျောင်းတက်နေချိန်ဖြစ်သဖြင့် နေအိမ်ပိတ်ထားခြင်းဖြစ်ကြောင်း သိရသည်။
.
မီးလောင်ရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာ၊န်ရှိသူများ၊ ရပ်ကွက်နေပြည်သူများ မှ မီးသတ်ယာဉ်တစ်စီး ၊ ရေသယ်ယာဉ် တစ်စီးဖြင့် စု ပေါင်းငြိှမ်းသတ်ကြရာ နံနက် ၁၀ နာရီ ၄၅ မိနစ် အချိန်တွင် အချိန်မီ မီးငြှိမ်းသတ်နိုင်ခဲ့ပြီး အခြားနေ အိမ်များသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း မရှိကြောင်းသိရသည်။
.
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ကျပ်သုံးသိန်းခန့် ရှိပြီး လူနှင့်တိရိစ္ဆာန်များ ထိခိုက်ပျက်စီးဆုံးရှုံးခြင်း မရှိကြောင်းနှင့် မီးလောင်မှုနှင့် ပတ်သက်၍ အမှုဖွင့်အရေးယူနိင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats