LSSEP (၇) ကြိမ်မြောက် အစည်းအဝေးမှ ရှမ်းပြည်နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်နေရာများအားလုံး တွင် ရှမ်းပြည်နယ်သားများသာ နေရာယူရန် အပါအဝင် ကြေညာချက် တစ်စောင် ထုတ်ပြန် - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Sunday, September 29, 2019

LSSEP (၇) ကြိမ်မြောက် အစည်းအဝေးမှ ရှမ်းပြည်နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်နေရာများအားလုံး တွင် ရှမ်းပြည်နယ်သားများသာ နေရာယူရန် အပါအဝင် ကြေညာချက် တစ်စောင် ထုတ်ပြန်


မင်းဇော်မင်း
.
ရှမ်းပြည်နယ် တိုင်းရင်းသားနိုင်ငံရေးပါတီများ (League for Shan State Ethnic Poltical Parties-LSSEP) () ကြိမ်မြောက် အစည်းအဝေးကို စက်တင်ဘာလ ၂၅ ရက်က ရန်ကုန်မြို့၊ Orchid ဟိုတယ်တွင် ပြုလုပ်ခဲ့ရာ အစည်းအဝေးအပြီးတွင် ရှမ်းပြည်နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ် နေရာများအားလုံး၌ ရှမ်းပြည်နယ်သား များကသာ နေရာယူရန် အချက် ပါဝင်သည့် သဘောထားကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်ဟု သိရသည်။
.
 
.
ရှမ်းပြည်မှာရှိတဲ့ တိုင်းရင်းသားပါတီတွေပဲ ရှမ်းပြည်နယ်အစိုးရ ဖွဲ့နိုင်ဖို့၊ ခြေဥပုဒ်မ ၂၆၁ ပြင်ဆင်နိုင်ပြီး ဝန်ကြီးချုပ်ကို ရှမ်းပြည်တိုင်းရင်းသားပါတီတွေကပဲ ခန့်အပ်နိုင်ဖို့၊ ရွေးကောက်ပွဲဝင်ပြီး မနိုင်တဲ့ တိုင်းရင်းသားပါတီ တွေ ဖျက်သိမ်းရမယ့်အခြေအနေမျိုး မဖြစ်ရအောင်၊ ဒေသအရ ရွေးကောက်ပွဲဝင်ပြီး နိုင်စေဖို့အတွက် အားလုံး စုပေါင်းအားနဲ့ လုပ်ဆောင်ကြဖို့ သဘောတူဆုံးဖြတ်ချက် ချမှတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၂၀ အလွန် ရွေးကောက်ပွဲ မှာ အားလုံးစုပေါင်းပြီး LSSEP အနေနဲ့ ရွေးကောက်ပွဲဝင်နိုင်ဖို့ အခြေခံမူအားဖြင့် သဘောတူညီကြပြီးဖြစ်ပါတယ်ဟု ဖယ်ဒရယ်ပြည်ထောင်စုပါတီ (FUP) ဥက္ကဌ ဦးစောသန်းမြင့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ထုတ်ပြန်ကြေညာချက်အရ LSSEP မှ ၂၀၂၀ ရွေးကောက်ပွဲအတွက် ချမှတ်ထားသည့် မဟာ ဗျူဟာအချက်များတွင် ရှမ်းပြည်နယ်အရေးသည် ရှမ်းပြည်နယ်သားများ လက်ထဲတွင်သာရှိသည်။ ရှမ်းပြည်နယ် အစိုးရကို ရှမ်းပြည်နယ်သားများဖြင့်သာ ဖွဲ့စည်းမည်။ ရှမ်းပြည်နယ်အတွက် လျာထားပေးသည့် အမျိုးသားလွှတ် တော် ၁၂ နေရာသည် ရှမ်းပြည်နယ်သားများသာ ကိုယ်စားပြုရမည်။ ရှမ်းပြည်နယ်အတွင်းရှိ ပြည်နယ်လွှတ်တော် နှင့် ပြည်သူ့လွှတ်တော်များတွင် ရှမ်းပြည်နယ်သားများကသာ နေရာယူနိုင်ရမည်။ ရှမ်းပြည်သားများကို ကိုယ်စားမပြု သည့် အနီ၊ အစိမ်း၊ အဝါ ပါတီများ ရှမ်းပြည်နယ်တွင် နေရာမရရန် ရှမ်းပြည်နယ်သားတိုင်း၌ ကိုယ်စီတာဝန်ရှိသည်။ မည်သည့်နေရာတွင်မဆို မည်သည့်ရှမ်းပြည်တိုင်းရင်းသားပါတီက အနိုင်ရသည်ဖြစ်စေ ကျေနပ်သည်။ ရှမ်းပြည် သားကသာလျှင် ရှမ်းပြည်ကို အချစ်ဆုံးဖြစ်သည်။ ပြည်မပါတီမှ ရှမ်းပြည်နယ်အား လာရောက်အုပ်ချုပ်ခြင်းကို လက် မခံနိုင်ပါ။ ရှမ်းပြည်ကို ရှမ်းပြည်သားဖြင့် အုပ်ချုပ်နိုင်ရန် ရှမ်းပြည်တိုင်းရင်းသားနိုင်ငံရေးပါတီများအဖွဲ့ချုပ်ကို ဖွဲ့စည်း ခြင်းဖြစ်သည့်အတွက် ၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်တိုင်းရင်းသားပါတီများ နိုင်ရမည်ဟု ဖော်ပြပါရှိသည်။
.
ရှမ်းပြည်တိုင်းရင်းသားနိုင်ငံရေးပါတီများအဖွဲ့ချုပ် (LSSEP) ကို ၂၀၁၆ ခုနှစ်၊ မတ်လ ၂၀ ရက်က စတင်ဖွဲ့ စည်းခဲ့ခြင်းဖြစ်ပြီး အဖွဲ့တွင် မှတ်ပုံတင်ထားသည့် တိုင်းရင်းသားပါတီ ၁၁ ပါတီ ရှိကြောင်း သိရသည်။
.
LSSEP ကြိမ်မြောက် အစည်းအဝေးသို့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ဖက်ဒရယ် ပြည်ထောင်စုပါတီ၊ အင်းတိုင်းရင်းသား ပါတီ၊ ဓနုတိုင်းရင်းသား ပါတီ၊  ကိုးကန့်တိုင်းရင်းသားပါတီတို့မှ ကိုယ် စားလှယ် ၂၃ ဦး တက်ရောက်ခဲ့ကြပြီးတိုင်းရင်းသား ပါတီ၊ ရှမ်းအရှေ့(အိုးစည်)ပါတီနှင့် တအာင်း ပလောင်တိုင်းရင်းသားပါတီတို့မှာ ခွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats