လားရှိုးမြို့ရှိ အထင်ကရ ဘုရား၊ စေတီများတွင် ဘုရားဖူး လာရောက်သူ နည်းပါးနေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Tuesday, September 17, 2019

လားရှိုးမြို့ရှိ အထင်ကရ ဘုရား၊ စေတီများတွင် ဘုရားဖူး လာရောက်သူ နည်းပါးနေ


ကောင်းမွန်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အထင်ကရဘုရားစေတီများဖြစ်သော ရန်တိုင်းအောင်ဘုရား၊ မန်ဆူ စေတီတော်၊ မဟာမြတ်မုနိဘုရားကြီးတို့တွင် ဘုရားဖူးလာရောက်သူ နည်းပါးလျက်ရှိကြောင်း သိရသည်။
.
ယခင်က ယင်းဘုရားစေတီများတွင် နေ့ညမပြတ် ဘုရားဖူးဧည့်သည်များဖြင့် စည်ကားနေလေ့ရှိသော်လည်း ယခုအခါ တစ်ရက်လျှင် ဘုရားဘူးဧည့်သည် ၃၀ မှ ၅၀ ဦးခန့်သာ ဝင်ရောက်ကြောင်း သိရသည်။
.
“အရင်ကတော့ အဲဒီဘုရားတွေမှာ ဘုရားဖူး အရမ်းများတယ်။ အခုတော့ တိုက်ပွဲကြောင့်လား မသိဘူး။ ဘုရားဖူး တော်တော်ပါးသွားပါတယ်” ဟု လားရှိုးဒေသခံတစ်ဦးဖြစ်သူ ဦးသီဟက ပြောသည်။
.

ထို့အတူ ရန်တိုင်းအောင်ဘုရားမှ ဂေါပကအဖွဲ့ဝင် တစ်ဦးကလည်း “ဘုရားကို လာရောက်တဲ့သူ သိသိသာ သာနည်းပါးသွားတာတော့သတိထားမိတယ်။ အရင်ကဆိုရင် ဘုရားဝင်းတံခါးတွေကို ည ၁၀ နာရီ၊ ၁၁ နာရီလောက် မှပိတ်တာ။ အခုဆိုရင် လာတဲ့သူနည်းတော့ ည ၈ နာရီခွဲလောက်ဆိုရင် ပိတ်နေရတယ်” ဟု ပြောသည်။
.
လားရှိုးမြို့ရှိ ဘုရားစေတီများတွင် လပြည့်၊ လကွယ်ရက်များ၌လည်း ဘုရားဖူး လာရောက်သူများ နည်းပါး နေလျက်ရှိကြောင်း သိရသည်။
.
လားရှိုးမြို့တွင် ထင်ရှားသည့် ဘုရားစေတီများဖြစ်သည့် ရန်တိုင်းအောင် ဆုတောင်းပြည့် မြို့ဦးစေတီတော်၊ မန်ဆူဆုတောင်းပြည့်စေတီတော်၊ သာသနာ ၂၅၀၀ စေတီတော်၊ ရန်အောင်မြင်စေတီတော်၊ တိလောကဝိဇယဇေတီ တော်၊ မဟာမြတ်မုနိဘုရားကြီး၊ နဂါးရုံဘုရားတို့ တည်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats