အာဆီယံနိုင်ငံများတွင် မြန်မာသည် ပျှမ်းမျှ လူ့သက်တမ်း အတိုဆုံး ဖြစ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Saturday, September 21, 2019

အာဆီယံနိုင်ငံများတွင် မြန်မာသည် ပျှမ်းမျှ လူ့သက်တမ်း အတိုဆုံး ဖြစ်


မင်းဇော်မင်း
.
အရှေ့တောင်အာရှ (အာဆီယံ) ၁၀ နိုင်ငံတွင် မြန်မာနိုင်ငံသည် ပျှမ်းမျှ လူ့သက်တမ်း အတိုဆုံးနိုင်ငံ ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်မှ ထုတ် ပြန်ခဲ့သည့် လူ့သက်တမ်း ဆိုင်ရာ အချက်အလက်များအရ သိရသည်။
.
 
.
၂၀၁၇ ခုနှစ်အတွက် ကမ္ဘာ့ ဘဏ်က ထုတ်ပြန်ခဲ့သည့် လူ့သက် တမ်းဆိုင်ရာ အချက်အလက်များ အရ လွန်ခဲ့သည့် နှစ်များကအရှေ့ တောင်အာရှ နိုင်ငံများတွင် ပျှမ်း မျှ လူ့သက်တမ်း အဆင့် ရပ် တည်ခဲ့သည့် မြန်မာနိုင်ငံမှာ အဆင့် ၁၀ နောက်ဆုံးနေရာသို့ ရောက်ရှိ သွားပြီ ဖြစ်သည်ဟု အချက်အလက် များက ဖော်ပြထားသည်။
.
အာဆီယံ ၁၀ နိုင်ငံတွင် စင်္ကာ ပူနိုင်ငံမှာ ပျှမ်းမျှလူ့သက်တမ်း ၈၂ ဒသမ ဖြင့် ပထမနေရာတွင် ရှိနေ ပြီး ဘရူနိုင်းက ၇၇ ဒသမ ၄၊ ဗီယက် နမ် ၇၆ ဒသမ ၅၊ ထိုင်း ၇၅ ဒသမ ၅၊ မလေးရှား ၇၅ ဒသမ ၅၊ အင်ဒိုနီးရှား ၆၉ ဒသမ ၄၊ ကမ္ဘောဒီယား ၆၉ ဒသမ ၃၊ ဖိလစ်ပိုင် ၆၉ ဒသမ ၂၊ လာအို ၆၇ နှင့် မြန်မာ ၆၆ ဒသမ တို့ဖြစ်ကြောင်း သိရသည်။
.
၂၀၁၆ ခုနှစ် မတိုင်မီက မြန်မာ နိုင်ငံ၏ နောက်တွင် လာအိုနိုင်ငံရှိခဲ့ သော်လည်း ယခုအခါ လာအို အပါအဝင် ကျန်အာဆီယံ နိုင်ငံများရှိ ပြည်သူများထက် မြန်မာပြည်သူ များပို၍ အသက်တိုသည်ဟု ဆိုနိုင် သော်လည်း မြန်မာများ အသက်တို ခြင်း မဟုတ်ဘဲ ၂၀၀၀ ပြည့်နှစ်က ရှိခဲ့သည့် ပျှမ်းမျှ သက်တမ်း ၆၂ ထက် ယခု ၆၇ နီးပါးအထိ ရှိလာသ ဖြင့် အသက်ရှည်လာခြင်း ဖြစ်သည် ဟု သိရသည်။
.
သို့သော်  အာဆီယံ ၁၀ နိုင်ငံ တွင် မြန်မာမှ သက်တမ်း အတိုဆုံး နိုင်ငံဖြစ်ရခြင်းမှာ အခြားနိုင်ငံများ က မြန်မာနိုင်ငံထက် ကျန်းမာရေး စောင့်ရှောက်မှုများ ပိုမိုကောင်းမွန် လာသည့်အတွက်ဖြစ်ပြီး နှေးကွေး စွာ တက်လှမ်းနေသည့် မြန်မာနိုင်ငံ ကို အခြားနိုင်ငံများက ကျော်တက် သွားခြင်းဖြစ်ကြောင်း အစီရင်ခံစာ က ဆိုသည်။
.
အာဆီယံပြင်ပ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိမ် နီးချင်းနိုင်ငံများနှင့် တရုတ် နိုင်ငံ သည် ပျှမ်းမျှ လူ့သက်တမ်း ၇၆ ဒသမ ၄၊ ဘင်္ဂလားဒေ့ရှ် ၇၂ ဒသမ ၈၊ အိန္ဒိယ ၆၈ ဒသမ တို့ ဖြစ်ကြ ကြောင်း သိရသည်။
.
ယင်း အစီရင်ခံစာပါ အချက် များအရ နိုင်ငံတွင် သက်တမ်းအတို ဆုံး ဖြစ်ရခြင်းမှာ ဆီမသန့်မှုများ၊ နို့ထွက် ပစ္စည်းအတုများ၊ ကော်ဖီ မစ်များ၊ တာရှည်ခံမှိုသတ်ဆေး၊ ပိုး သတ်ဆေး၊ အရောင်တင်ဆေး၊ မပုပ် မသိုးဆေးများ၊ အခြား နိုင်ငံမှ စား သုံးရန် မသင့်လျော်ဘဲ တင်သွင်း လာသည့် အစားအသောက်များ၊ ဓာတုဆေး အဆမတန် သုံးစွဲထား သည့် အသီးအရွက်များ စသည့် အစားအသောက် များစွာနှင့် ကျန်း မာရေးနှင့် မလျော်ညီသည့် နေထိုင် မှု ဘဝဟန်ပန်များကြောင့် ဖြစ်ပြီး လူ့သက်တမ်း မပြည့်မီ သေဆုံးရ သည့် ရောဂါနှင့် တိုက်ပွဲဒဏ်သင့် စိတ်ပိုင်း/ရုပ်ပိုင်း ထိခိုက်မှု ကိစ္စရပ် များ၊ ပြည့်ဝလုံလောက်သည့် ကျန်း မာရေး စောင့်ရှောက်မှု မရရှိခြင်း၊ လေကောင်းလေသန့်၊ ရေကောင်း ရေသန့် အသုံးပြုမှု နည်းလမ်းမကျ၊ နည်းပါးခြင်း စသည့်အချက်များ ကြောင့် ဖြစ်ကြောင်း အစီရင်ခံစာ တွင် ဖော်ပြထားသည်။
.
မြန်မာနိုင်ငံသည် လက်ရှိတွင် အာဆီယံနိုင်ငံ ၁၀ နိုင်ငံအတွင်း လူ တစ်ဦးချင်းဝင်ငွေ (GDP per capita)အရ အနိမ့်ဆုံးနိုင်ငံ LDC ဆင်းရဲဆုံး နိုင်ငံဖြစ်နေသည့်အပြင် ကျန်းမာရေး စစ်တမ်းအရ နိုင်ငံ ပေါင်း ၁၉၀ တွင် အဆင့် ၁၉၀ အထိ ရောက်ရှိနေကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats