မိုင်းငေါ့ အမျိုးသားတစ်ဦး ကျွဲမောင်းသွားစဉ် မိုင်းထိဒဏ်ရာရ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Sunday, September 8, 2019

မိုင်းငေါ့ အမျိုးသားတစ်ဦး ကျွဲမောင်းသွားစဉ် မိုင်းထိဒဏ်ရာရ

မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့တွင် ယနေ့ စက်တင်ဘာလ ၈ ရက်၊ မွန်းလွဲပိုင်းက ကျွဲမောင်းသွားသော အမျိုးသားတစ်ဦး မိုင်းထိဒဏ်ရာရရှိခဲ့ပြီး ကျောက်မဲဆေးရုံသို့ ရောက်ရှိလာကြောင်း သိရသည်။
.
.
“မိုင်းငေါ့က လူနာတင်ယာဉ်နဲ့ ကြက်ခြေနီက တင်လာတာဖြစ်ပါတယ်။ ထိခိုက်မှုတော့ နည်းပါတယ်။ ဒါပေမဲ့ မိုင်းငေါ့ မှာ မိုင်းထိဖြစ်စဉ်တွေ ခပ်စိပ်စိပ် ဖြစ်လာနေတော့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်” ဟု ကျောက်မဲမြို့၊ ဇီဝိတလူမှု ကူညီရေးအသင်းတာဝန်ခံ ဦးတင်မောင်သိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျောက်မဲမြို့မှ မြောက်ဘက် မိုင် ၃၀ ခန့်အကွာ မိုင်းငေ့ါမြို့၊ တာလုံရပ်နေ ဦးကျော်ခိုင်သည် ကျွဲမောင်းသွားစဉ် မိုင်းငေ့ါမြို့မှ ၃ မိုင်ခန့်အကွာ ဆမ့်စေ့ရွာထိပ် လူသွားလမ်း၌ မိုင်းတစ်လုံး ပေါက်ကွဲသဖြင့် ယာဘက် ညိုသကျည်းတွင် ဒဏ်ရာတစ်ချက်၊ ယာလက်ညှိုးတွင် လက်သည်းခွံပြုတ်ထွက်ဒဏ်ရာ၊ ယာဘက်ခြေသလုံး ဖောက်ထွက်ဒဏ်ရာတစ်ချက်တို့ ရရှိခဲ့သဖြင့် မိုင်းငေါ့ကြက်ခြေနီအသင်းမှ ကျောက်မဲဆေးရုံသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်က ပြင်ဦးလွင်မြို့အား ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်း မိုင်းငေါ့တွင် မိုင်းထိဒဏ်ရာရသူ ၂ ဦး၊ ကော်ပေါင်းရွာတွင် မိုင်းထိသေဆုံးသူ ၁ ဦး၊ ဒဏ်ရာရသူ ၁ ဦး၊ ပြင်ဦးလွင်-နောင်ချိုအကြား မိုက်ပေါင်း (အင်ကြင်းတော) တွင် နားကော်ရွာသား မိုင်းထိဒဏ်ရာရသူ ၃ ဦး၊ စုစုပေါင်း သေဆုံးသူ ၁ ဦးနှင့် ဒဏ်ရာရသူ ၆ ဦး ရှိခဲ့ကြောင်း ဦးတင်မောင်သိန်းထံမှ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats