ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
ကျိုင်းတုံမြို့နယ်၊ မိုင်းပန်လယ်ကျေးရွာ အုပ်စုရှိ ကျေးရွာ ၁၃ ရွာနှင့်
ပန်မတ် ကျေးရွာအုပ်စုရှိ ကျေးရွာ ၄
ရွာ တို့မှ
ပြည်သူများ နေ့စဉ်ဖြတ်သန်း သွားလာနေသည့်
နမ့်ပန်ချောင်း တွင်
ရာသီမရွေး ဖြတ်သန်း သွားလာ
နိုင်ရေးအတွက် တံတားတစ်စင်း ထိုး ပေးရန် လိုအပ်နေကြောင်း
ဒေသခံ များထံမှ
သိရသည်။
.
.
နမ့်ပန်ချောင်းသည် မိုးရာသီ ကာလ၌
တောင်ကျရေကြောင့် ရေ စီးသန်ပြီး
ယင်း ချောင်းအတွင်းမှ
ဖြတ်သန်းသွားလာရသည့် ယာဉ်များ အတွက်
အန္တရာယ်ရှိကာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေး လုပ်ငန်းများအတွက်နေ့စဉ်
သွား လာနိုင်ရန်
အခက်အခဲရှိနေကြောင်း သိရသည်။
“ရွာပေါင်း ၁၇ ရွာက
ဆိုင်ကယ် အစီး ၅၀ လောက် နေ့စဉ်ချောင်းကို
ဖြတ်ပြီး သွားနေကြတယ်။ ကုန်တင်
ကားကြီးတွေလည်း သွားတာရှိပါ တယ်။
မိုးရွာရင်တော့ တော်တော် ဒုက္ခရောက်ပါတယ်။
ဒါကြောင့် တံ တား ထိုးပေးစေချင်တာပါ” ဟု မိုင်း ပန်လယ်ကျေးရွာနေ ဦးဆွေဇင်က ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍
ကျိုင်းတုံမြို့ရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုး
တက်ရေး ဦးစီးဌာန၊
ပြည်နယ်ဖွံ့ဖြိုး မှု ကြီးကြပ်ရေးရုံးခွဲမှ
ဒုတိယညွှန် ကြားရေးမှူး ဦးသန့်ဇင်အား
ကမ္ဘော ဇတိုင်းမှ
ဆက်သွယ်မေးမြန်းရာ “ကျွန်တော်တို့ နတလအနေနဲ့ မိုင်း ပန် လယ်အောက်ရွာကိုသွားတဲ့
မြေ သားလမ်း
၄.၄
မိုင်ကို ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ဖောက်လုပ်ပေးခဲ့ပြီး
ဖြစ်ပါတယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်အတွက်
ပေ ၄၀
တံတားတစ်စင်း ထိုးဖို့ ရန်ပုံငွေ တင်ပြတောင်းခံထား
တာတော့ ရှိပါတယ်”
ဟု ပြောသည်။
.
နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး
ဦးစီး ဌာနသည်
ဖွံ့ဖြိုးတိုးတက်မှု အား နည်းသည့်
ဒေသများအတွက် လမ်း၊ တံတား၊ ကျောင်းများကို ရပ်ရွာလူ ထု၏ အဆိုပြုတောင်းခံမှုအရတည် ဆောက်ပေးလျက်ရှိပြီး စိုက်ပျိုးမြေ၊ ရွာမြေနှင့်
လမ်းမြေများအတွက် သီး နှံလျော်ကြေးနှင့် အခြား မြေယာ လျော်ကြေးများ ပေးအပ်ခြင်း မရှိ သဖြင့် ဖွံ့ဖြိုးရေးတည်ဆောက်မှု
လိုအပ်သော ကျေးရွာလူထုများက ကြို တင်
ညှိနှိုင်းဆွေးနွေး၍ သဘောတူ လက်ခံကြရန်
လိုအပ်ကြောင်း သိရသည်။
.
No comments:
Post a Comment