တြိဂံဒေသတိုင်းစစ်ဌာနချုပ်နှင့် ဒေသခံများ၏ မြေ အငြင်းပွားမှုကို ကျိုင်းတုံမြို့နယ် တရားရုံးမှ အပြီးပြတ် လွှတ်ပေးခဲ့သော်လည်း ရှမ်းပြည်နယ် တရားလွှတ်တော်က ထောင်ဒဏ်နှင့် ငွေဒဏ် ကျခံစေရန် ပြင်ဆင် အမိန့်ချမှတ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Saturday, September 14, 2019

တြိဂံဒေသတိုင်းစစ်ဌာနချုပ်နှင့် ဒေသခံများ၏ မြေ အငြင်းပွားမှုကို ကျိုင်းတုံမြို့နယ် တရားရုံးမှ အပြီးပြတ် လွှတ်ပေးခဲ့သော်လည်း ရှမ်းပြည်နယ် တရားလွှတ်တော်က ထောင်ဒဏ်နှင့် ငွေဒဏ် ကျခံစေရန် ပြင်ဆင် အမိန့်ချမှတ်


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်း တုံမြို့၊ အမှတ် ()ရပ်ကွက်၊ နောင် တုံကန်ပတ်လမ်း၊ နောင်ခေ့ရပ်မှ မြေအကျယ် ဒသမ ၄၇ ဧကရှိ မြေ အငြင်းပွားမှုနှင့် ပတ်သက်၍ ယင်းမြေအတွင်း နေထိုင်သူများကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်က ကျိုင်း တုံမြို့မရဲစခန်း၌  အမှုဖွင့်လှစ်၍ ကျိုင်း တုံမြို့နယ် တရားရုံးသို့ ရား စွဲဆို တင်ပို့ခဲ့ရာ မြို့နယ် တရား ရုံးက အပြီးအပြတ်လွှတ်ရန် အမိန့် ချမှတ်ခဲ့သော်လည်း ရှမ်းပြည်နယ် တရားလွှတ်တော်ရုံးမှ ရာဇဝတ် ယူ ခံမှုဖြင့် လက်ခံခဲ့ပြီး မူလမြို့နယ် တရားရုံး၏ အမိန့်ကို ပယ်ဖျက်၍ ရားစွဲဆို ခံရသူများအား ငွေဒဏ်၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ်များ ကျခံစေရန် ပြင်ဆင်အမိန့် ချမှတ်ခဲ့ ကြောင်း သိရသည်။
.
 
.
အဆိုပါ မြို့နယ် တရားရုံးက ပြီးအပြတ် လွှတ်ရန် အမိန့် ချမှတ် မှုကို ရှမ်းပြည်နယ် ဥပဒေအရာ ရှိမှ ရှမ်းပြည်နယ်တရားလွှတ်တော်ရုံး သို့ ရာဇဝတ်အယူခံမှု တင်သွင်းခဲ့ ပြီးနောက် ရှမ်းပြည်နယ် တရားလွှတ် တော်က မူလတရားရုံးတွင် အပြီးအ ပြတ်လွှတ်ခဲ့သော အသက် ၈၇ နှစ် အရွယ် ဒေါ်ဆတ်ဆွန်အား ဒဏ်ငွေ ၅၀၀၀၀ ကျပ်နှင့် ၎င်း၏သားဖြစ်သူ ဦးစိုင်းစိုင်းအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ကျခံစေရန် ပြီးခဲ့ သည့် သြဂုတ်လအတွင်းက ပြင်ဆင် အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိ ရသည်။
.
ပိုင်ဆိုင်မှု အငြင်းပွားပြီး တြိဂံ ဒေသတိုင်းစစ်ဌာနချုပ်က တိုင်းမှူး ကိုယ်စား ဒုတိယဗိုလ်မှူးကြီး အောင် သူထွန်းကနေ တရားလိုအဖြစ် အမှု ဖွင့်ပြီး တရားစွဲတဲ့အချိန်မှာ တရားခံပြ သက်သေတွေကို စစ် ဆေး ပေါ်ပေါက်ချက်အရ အမှုက နေ အပြီးအပြတ် လွှတ်ခဲ့တာ ဖြစ် ပါတယ်။ဟု ကျိုင်းတုံ မြို့နယ် ရားသူကြီး ဦးသီဟကျော်က ပြော ဆိုခဲ့ပြီး၊ ရှမ်းပြည်နယ် တရားလွှတ် တော်မှ တာဝန်ရှိသူကမူ တပ်မြေ ဖြစ်သည့်အပြင် ပိုင်ဆိုင်မှု အထောက် အထား မရှိခြင်းကြောင့် ယင်းကဲ့သို့ ပြင်ဆင်အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်သည် ဟု ပြောဆိုခဲ့သည်။
.
အဆိုပါ ပိုင်ဆိုင်မှု အငြင်းပွားခဲ့ သည့် မြေနေရာကို တရားစွဲဆိုခံ ရသူ ဒေါ်ဆတ်ဆွန်နှင့် ဦးစိုင်းစိုင်း တို့က ၁၉၆၈ ခုနှစ်တွင်  နောင်ခေ့ရွာ သူကြီး၏ ရှေ့မှောက်တွင် မြေပိုင်ရှင် ဒေါ်ပါဝိုးထံမှ ငွေကျပ် ၃၀၀၀ ဖြင့် ဝယ်ယူထားခဲ့ပြီး ယင်းမြေပေါ်တွင် ရာသီပေါ် သီးနှံနှင့် ပန်းပင်များ စိုက်ပျိုး လုပ်ကိုင်ခဲ့ကာ ၁၉၉၄ ခု နှစ်၊ စက်တင်ဘာလ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ စာအမှတ် ၁၁/၁၃/အခ() ဖြင့် စစ်ဗျူဟာ ခြေချ(ကျိုင်းတုံ)အား မြေပေးအမိန့် ချပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းနောက် အငြင်းပွား မြေနေ ရာအား တြိဂံဒေသတိုင်း စစ်ဌာန ချုပ်မှ ၁၉၉၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်တွင် အထူးဒေသ () သို့ နှစ် ၂၀ မြေငှားရမ်းထားပေးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် မြေငှားရမ်းသက်တမ်း ကုန်ဆုံးသွားပြီးနောက် မြေပေါ်၌ အဆောက်အဦ အခိုင်အမာ ဆောက် လုပ်ထားသည့် ဒေါ်ဆတ် ဆွန်နှင့် ဦးစိုင်းစိုင်းတို့အား တြိဂံဒေသတိုင်း စစ်ဌာနချုပ်မှ ဖယ်ရှား ထွက်ခွာပေး ရန် နှုတ်ဖြင့် လည်းကောင်း၊  စာဖြင့် လည်းကောင်း အကြောင်းကြား ခဲ့ သော်လည်း  ထွက်ခွာခြင်း မရှိသ ဖြင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ကိုယ်စား ဒုတိယဗိုလ် မှူးကြီး အောင်သူထွန်းက ကျိုင်းတုံ မြို့နယ် တရားရုံးတွင် ၂၀၁၈ ခုနှစ်၊ ရာဇဝတ်ကြီး အမှု အမှတ် ၈၉ ဖြင့် ဒေါ်ဆတ်ဆွန်နှင့် ဦး စိုင်းစိုင်းတို့အား တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။
.
ဒေါ်ဆတ်ဆွန်နှင့် ဦးစိုင်းစိုင်း တို့ အမှုအား တရားခံပြ သက်သေ များအဖြစ် ထွက်ဆိုကြသူများက လွန်ခဲ့သော နှစ် ၅၀ ခန့်မှ စတင် အခင်းဖြစ် မြေပေါ်တွင် ဒေါ်ဆတ် ဆွန်နှင့် ဦးစိုင်းစိုင်းတို့ အခြေချ နေထိုင်ကြသူများ ဖြစ်သည်ကို သိရှိ ကြောင်း ကျိုင်းတုံမြို့နယ် တရား ရုံးတွင် ထွက်ဆိုခဲ့ပြီးနောက် မြို့နယ် တရားသူကြီးမှ အမှုအား မှားယွင်း သည်ဟု သတ်မှတ်ကာ အမှုမှ   ပြီးပြတ် လွှတ်စေဟု အမိန့် ချမှတ် ခဲ့သော်လည်း ပြည်နယ် ဥပဒေအ ရာရှိ၏ ရာဇဝတ် အယူခံ တင်သွင်း မှုကြောင့် တရားစွဲဆို ခံရသူများသည် တပ်မြေ နေရာတွင် အခိုင်အမာ ဆောက်အဦများ ဆောက်လုပ် နေ ထိုင်ခြင်းအားဖြင့် လက်ရှိ ဖြစ်သူ အား ခြိမ်းခြောက်ရန် (သို့) စော် ကားရန် (သို့) စိတ်ငြိုငြင်စေရန် ကြံဖြင့် ကျူးကျော် ဝင်ရောက်ပြီး အဆောက်အဦများ ဆောက်လုပ် နေထိုင်းခြင်း ဖြစ်သည် ဟု သုံးသပ်၍ ထောင်ဒဏ်နှင့် ငွေဒဏ်များ ကျခံစေ ရန် ပြင်ဆင်အမိန့် ချမှတ်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
.
ထောင်ဒဏ် ကျခံစေရန် အမိန့် ချမှတ်ခံရသူ ဦးစိုင်းစိုင်းကလည်းရှမ်းပြည်နယ်တရားရုံးရဲ့ အမိန့်ကို ကျွန်တော် မကျေနပ်ပါဘူး။ ဒီအိမ်နဲ့ ဒီခြံမှာ ကျွန်တော့် အမေနဲ့ မောင်နှမ တွေ နေလာတာ နှစ်ပေါင်း ၅၀ ကျော်ပါပြီ။ ပတ်ဝန်းကျင်ကလည်း သိတယ်။ သက်သေတွေလည်း ရားရုံးမှာ ထွက်ဆိုထားပါတယ်။ ရား မျှတတဲ့ အမှန်တရား လိုအပ် ပါတယ်ဟု ပြောဆိုခဲ့ပြီး ဒေါ်ဆတ် ဆွန်နှင့် ဦးစိုင်းစိုင်းတို့အမှုအား လိုက်ပါ ဆောင်ရွက်ပေးနေသည့် ရားလွှတ်တော်ရှေ့နေ ဒေါ်နန်းမွန်း တွီက လိုအပ်သည့် စာရွက်စာတမ်း များ ပြည့်စုံပါက ပြည်ထောင်စု ရားလွှတ်တော်ရုံးသို့ အယူခံ တက် ရန် စီစဉ်ထားကြောင်း ပြောသည်။
.
ကျိုင်းတုံမြို့သည် ရှမ်းပြည်နယ် အရှေ့ပိုင်း၏ မြို့တော်ဖြစ်ပြီး အမှတ် () ရပ်ကွက်၊ နောင်တုံကန်ပတ် လမ်းဘေးရှိ အဆိုပါ အငြင်းပွားမြေ နှင့် အဆောက်အဦများမှာ ကာလ ပေါက်စျေးအရ လူကြိုက် များပြီး အရောင်းအဝယ် ကောင်းမွန် ဖြစ် ထွန်းသော အချက်အခြာ ကျသည့် နေရာတစ်ခု ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats