ကျိုင်းတုံတွင် ဆိုင်ကယ်များဖြင့် သယ်ဆောင်လာသော မူးယစ်ဆေးများ ဖမ်းဆီး ရမိကာ တရားခံများ ထွက်ပြေးတိမ်းရှောင်နေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Saturday, September 14, 2019

ကျိုင်းတုံတွင် ဆိုင်ကယ်များဖြင့် သယ်ဆောင်လာသော မူးယစ်ဆေးများ ဖမ်းဆီး ရမိကာ တရားခံများ ထွက်ပြေးတိမ်းရှောင်နေ


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ပန်မတ်ကျေးရွာအုပ်စု၊ ရင်ကွဲတောင်လမ်းကြောင်းတွင် စက်တင်ဘာလ ၁၄ ရက်၊ နံနက်အစောပိုင်းက ဆိုင်ကယ် ၄ စီးဖြင့် သယ်ဆောင်လာသည့် အိုက်စ် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သော်လည်း သယ်ဆောင်လာသူများမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။
.
 
.
အဆိုပါ ရင်ကွဲတောင် လမ်းကြောင်းတွင် လူ ၆ ဦး လိုက်ပါ စီးနင်းလာသည့် မော်တော်ဆိုင်ကယ် ၄ စီးအား လုံခြုံရေးတပ်ဖွဲဝင်များမှ ယနေ့ (စက်တင်ဘာလ ၁၄ ရက်)၊ နံနက် ၄ နာရီကျော်ခန့်က မသင်္ကာသဖြင့် ရပ်တန့်စေရန် ကျိုင်းတုံ စရဖ တပ်ဖွဲ့ဝင်များမှ သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ရာ ၎င်းတို့သည် ဆိုင်ကယ်ပေါ်တွင် တင်ဆောင်လာသည့် ဆာလာအိတ်များကို ပစ်ချ၍ နောက်ကြောင်းလှည့် ထွက်ပြေးသွားသဖြင့် မူးယစ်ဆေးဝါးများအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ကျွန်တော်တို့ကို ဆက်သွယ်အကြောင်းကြားလို့ အခင်းဖြစ်နေရာကို လိုက်သွားပြီး အသေးစိတ် ရှင်းလင်း စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ ဆိုင်ကယ်ပေါ်မှာ တင်လာတဲ့ ဆာလာအိတ်က ၇ လုံး ဖြစ်ပါတယ် ဟု ကျိုင်းတုံမြို့၊ အမှတ် (၂၈) မူးယစ်တပ်ဖွဲ့စုမှူးရုံးမှ ခေတ္တတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး မျိုးညွန့်လွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ဖမ်းဆီးရမိခဲ့သည့် ဆာလာအိတ် ၇ လုံးအတွင်း၌ ထုပ်ပိုးထားသော အထုပ်များအတွင်းမှ မက်သာ အက်ဖက်တမင်း အိုက်စ် ဟု ယူဆရသည့် အဖြူရောင် ပုံဆောင်ခဲ ၁၅၀ ကီလိုဂရမ်ခန့်အား စစ်ဆေးတွေ့ရှိခဲ့ပြီး ကျိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats