ကျိုင်းတုံမြို့မရဲစခန်း၌ တစ်လအတွင်း ဆိုင်ကယ်ခိုးယူသူ ၇ ဦးအား သက်သေခံဆိုင်ကယ် ၁၅ စီးနှင့်အတူ ဖမ်းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Sunday, September 15, 2019

ကျိုင်းတုံမြို့မရဲစခန်း၌ တစ်လအတွင်း ဆိုင်ကယ်ခိုးယူသူ ၇ ဦးအား သက်သေခံဆိုင်ကယ် ၁၅ စီးနှင့်အတူ ဖမ်းဆီးရမိ


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မရဲစခန်းတွင် တစ်လအတွင်း ဆိုင်ကယ်ခိုးယူသူ ၇ ဦးအား သက်သေခံ ဆိုင်ကယ် ၁၅ စီးနှင့်အတူ ဖော်ထုတ် ဖမ်းဆီးအမှုဖွင့်အရေးယူနိုင်ခဲ့ကြောင် သိရသည်။
.
 
.
“ပိုင်ဆိုင်မှုအထောက်အထား  မပြနိုင်တဲ့ မသင်္ကာဖွယ် ဆိုင်ကယ်တွေကို ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင် ကူညီသတင်းပေးမှု ကွင်းဆက်အဖြစ် ဆိုင်ကယ်ခိုးခဲ့တယ်လို့ ယူဆရတဲ့ အမျိုးသား ၇ ဦးကို ဖမ်းဆီးအမှုဖွင့်ထား ပါတယ်” ဟု ကျိုင်းတုံမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် လင်းလင်းထွန်းက ကမေ႓ာဇတိုင်းသို့ ပြောသည်။
.
ဆိုင်ကယ်ပျောက်ဆုံးထားသူများအနေဖြင့် မိမိတို့ ပိုင်ဆိုင်ကြောင်း အထောက်အထားများနှင့်အတူ ကျိုင်းတုံမြို့မ ရဲစခန်းတွင် လာရောက်စုံစမ်းမေးမြန်းနိုင်ပြီး လိုင်စင်မဲ့ယာဉ်ဖြစ်ပါကလည်း တရားဝင် ကညန မှတ်ပုံတင် လိုင်စင်ပြုလုပ်ု၍ ပြန်လည်ထုတ်ယူရရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်သည်ဟု ကျိုင်းတုံမြို့ရှိ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမင်းအောင်က ကမ္ဘောဇတိုင်းသို့ ပြောဆိုထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats