ကျိုင်းတုံတွင် မယားပါသားမှ ဓါးဖြင့်ထိုးသဖြင့် ပထွေးသေဆုံး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Tuesday, September 24, 2019

ကျိုင်းတုံတွင် မယားပါသားမှ ဓါးဖြင့်ထိုးသဖြင့် ပထွေးသေဆုံး

မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပတ်အထက်ကျေးရွာအုပ်စု၊ ပန်ဝိုးကျေးရွာတွင် စက်တင်ဘာလ ၂၂ ရက်၊ ညပိုင်းက မယားပါသားမှ ဓါးဖြင့်ထိုးသဖြင့် ပထွေးဖြစ်သူ သေဆုံးခဲ့ကြောင်း သိရသည်။
.
.
ပန်ဝိုးကျေးရွာနေ ဒေါ်မာရိယာသည် စက်တင်ဘာလ ၂၂ ရက်၊ နာရီခန့်က အိမ်နီးချင်း ဦးအားသီ၏ နေအိမ်သို့ သွားရောက်၍ ဖုန်းအားသွင်းရာ ၎င်း၏ခင်ပွန်း ဦးအားထူးမှ လိုက်လာပြီး အိမ်ပြန်ရန် ခေါ်စဉ် ဒေါ်မာရိယာမှ ဖုန်းအားမပြည့်သေး၍ မပြန်သေးကြောင်း ပြောဆိုခဲ့ပြီးနောက် ၎င်း၏သားဖြစ်သူ သားကြီး () အားယာ သည် ခါးနောက်တွင် ဓါးတစ်ချောင်းထိုလျက် အမေဟု အော်ဟစ်ပြေးလာကာ ဓါးအိမ်လာရှာ ပြီးနောက် အိမ်အပြင်ဘက် လမ်းမပေါ်တွင် ဦးအားထူး၏ ကျယ်လောင်စွာအော်ဟစ်သံကြားသဖြင့် သွားရောက်ကြည့်ရှုရာ နေအိမ်မျက်စောင်းထိုး လမ်းမပေါ်တွင် ဒဏ်ရာများဖြင့် လဲကျနေကာ သားကြီး () အားယာမှာ တောထဲသို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ ကျိုင်းတုံမြို့မရဲစခန်းတာဝန်ရှိသူများမှ စက်တင်ဘာ ၂၃ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးရာ ဦးအားထူ (၄၀ နှစ်) တွင် ဦးခေါင်း နောက်စေ၊ ယာဖက်ပါး၊ ဝဲဘက်တံတောင်၊ ငယ်ထိပ်၊ ဝဲဘက်ပါးနှင့် ယာဘက်လက်ကောက်ဝတ်တို့တွင် ပြတ်ရှဒဏ်ရာများဖြင့်  သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ရဲဆေးစာဖြင့် ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
.
"အခင်းဖြစ်ရပ်မှာ သွားရောက်စစ်ဆေးခြင်း၊ အခမ်းဖြစ်မြေပုံကြမ်းရေးဆွဲခြင်း၊ သက်သေများစစ်ဆေးခြင်း စတဲ့ရဲလုပ်ငန်းတွေတော့လုပ်ပြီးပါပြီး။ တရားခံဖမ်းဆီးရေးအတွက်တော့ နယ်ထိန်းတပ်ဖွဲ့၊ ခရိုင်မူခင်း နှိမ်နင်းရေး ရဲတပ်ဖွဲ့၊ ရပ်ကွက် ကျေးရွာအဖွဲ့ဝင်တွေ မိမိအမာခံသတင်းပေး တွေနဲ့ ပူးပေါင်းစုံစမ်းရှာဖွေ လျှက်ရှိပါတယ်"ဟု ကျိုင်းတုံမြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
.
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သားကြီး()အားယာ(၃၀ နှစ်) ပန်ဝိုးကျေးရွာ မိုင်းပတ်အထက်အုပ်စု၊ ကျိုင်းတုံမြို့နေသူ အား ကျိုင်းတုံမြို့မရဲစခန်းက () ၁၁၂၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ကာ ပူပေါင်းအဖွဲ့ဖြင့် တရာခံဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats